စာရေးသူ....ဧကြည်ဖြူ
#မာယာမိုးတိမ်
(အခန်းဆက်ဝတ္ထု)
အပိုင်း(၃၈)
akyiphyu
***a***k**y***i**p**h**y*** u**ဦးမိုးမြင့်ထွန်းသည် သူကိုကြည့်နေသောဇနီးဖြစ်သူ၏မျက်နှာကို မကြည့်ဘဲ သမီးကြီးဖြစ်သူလရိပ်နွေးကိုသာ လှမ်း၍ကြည့်လေသည်။ဦးမိုးမြင့်ထွန်း၏မျက်နှာသည် ယခင်များနှင့်ခြားနားလှစွာ မှုန်မှိုင်းရီဝေလျက်ရှိလေသည်။ပြီးနောက် သူသည် နေသစ်ညီကိုကြည့်လိုက်ပြီးလျှင်
" မောင်ရင်ပြောတာကို အန်ကယ်လက်ခံပါတယ်ကွာ...မင်္ဂလာပွဲကိုချက်ချင်းမလုပ်ပေးနိုင်တဲ့အတွက် တောင်းပန်ပါတယ်..သမီးလေးကို စောင့်ရှောက်ပေးပါလို့ အကူအညီတောင်းပါတယ်မောင်နေသစ်ညီ "
" ဟုတ်ကဲ့ ...စိတ်ချပါအန်ကယ်...ကျွန်တော်တို့ကို ခွင့်ပြုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ ...ဒါဆိုရင် ကျွန်တော်တို့်ကိုသွားခွင့်ပြုပါအုံး...တရားရုံးသွားဖို့အတွက် ရုံးကလူတွေစောင့်နေကြလို့ပါ "
" သွားပါမောင်ရင် ..သမီကြီးက လိုအပ်တာတွေ ယူသွားအုံးလေ..."
" ဟုတ်ကဲ့ပါအဖေ..နောက်မှလာယူပါမယ်..သမီးအခန်းကို သော့ပိတ်ထားပေးပါနော် ..သမိးတို့အဘွားနဲ့အဖေတို့ကိုကန်တော့သွားချင်ပါတယ်ရှင် "
လရိပ်နွေးက အဘွားဒေါ်ငွေစင်ထွန်းကိုကြည့်ပြီး ပြောလိုက်သည်။ဒေါ်ငွေစင်ထွန်းက လရိပ်နွေးတို့ကို မကြည့်ဘဲ မျက်နှာကိုတစ်ဖက်သို့ မသိမသာလွှဲထားလိုက်လေသည်။ဦးမိုးမြင့်ထွန်းသည် အလိုက်သိစွာနှင့်ပင် မိခင်ဖြစ်သူ၏ဘေးတွင်အသာဝင်ထိုင်လိုက်လေသည်။
~~~a~~~K~~~y~~~i~~~~p~~~h~~~~y~~~u~~~~
နေသစ်ညီက လရိပ်နွေးလက်ထဲမှ အထုပ်များကိုယူသွားခဲ့ပြီး ကားရှိရာဆီသို့ ဦးစွာလျှောက်သွားလိုက်လေသည်။လရိပ်နွေးသည်အိမ်ကြီးဆီသို့ လည်းပြန်ကာလှည့်ကြည့်လိုက်ပြီး ပါးပြင်ပေါ်သို့ စီးကျလာသော မျက်ရည်ပေါက်များကို ခပ်ကြမ်းကြမ်းသုတ်ဖယ်ပစ်လိုက်မိလေသည်။လရိပ်နွေး ကားနားသို့ရောက်ရှိလာသောအခါ နေသစ်ညီကကားတံခါးကိုဖွင့်ပေးလိုက်လေသည်။
YOU ARE READING
မာယာမိုးတိမ်
Romanceအစ်ကိုအရင်းဖြစ်သူနဲ့မသင့်မမြတ်ဖြစ်ပြီးမိသားစုနဲ့ဝေးရာကိုထွက်ပြေးချင်နေတဲ့နေသစ်ညီ မိသားစုလိုခံယူထားတဲ့သူတွေဆီကနေ ယုတ်မာရက်စက်ထဲအပြုအမူတွေနဲ့ကြုံလိုက်ရတဲ့အခါမှာ ယုတ်မာရက်စက်တဲ့ မိထွေးဖြစ်သူကို လက်စားပြန်ချေဖို့အဆုံးဖြတ်လိုက်တဲ့သူမ