စာရေးသူ....ဧကြည်ဖြူ
#မာယာမိုးတိမ်
(အခန်းဆက်ဝတ္ထု)
အပိုင်း(၇)
akyiphyu
***a***k**y***i**p**h**y***u***.ချစ်သူဝေဖြိုးအကြောင်းကို သိချင်သည်ဆိုပါမှ သူမနှင့်ခင်မင်ရင်းနှီးသောသူဟူ၍ တစ်ဦးတစ်ယောက်မှ မရှိသည်ကို လရီပ်နွေး သိသွားမိသည်။သူမသည် ဝေဖြိုးနှင့်လည်း လွန်ခဲ့သောငါးနှစ်ကျော်က သိကျွမ်းခဲ့ကြခြင်းကြောင့်သာ ချစ်သူများဖြစ်ခဲ့ကြခြင်းဖြစ်သည်။အဘွား၏ရုံးခန်းတွင် ညီမငယ်ဖြစ်သူ ဦးစီးလုပ်ကိုင်ချိန်မှစ၍ လရိပ်နွေးမှာ ရုံးကိုလည်းမရောက်ဖြစ်ခဲ့တော့သလို ခင်မင်သိကျွမ်းသူဟူ၍လည်း မရှိတော့ခြင်းဖြစ်သည်။သေချာပြန်စဉ်းစားကြည့်လိုက်သောအခါ လရိပ်နွေးအတွက်အသိမိတ်ဆွေဆို၍ သူမလက်ရှိလုပ်ကိုင်နေသော အရောင်းဆိုင်မှ ဝန်ထမ်းသုံးလေးယောက်သာရှိသည်မဟုတ်ပါလား။ချစ်သူကို ဆက်သွယ်၍ မရသည့်ကြားမှ ဘွားအေဖြစ်သူမှ ဖုန်းဆက်ပြီးခေါ်ခြင်းကြောင့် အဘွား၏အိမ်သို့ လရိပ်နွေးရင်တုန်တုန်နှင့်ရောက်လာခဲ့ရသည်။အဘွားက မင်္ဂလာကိစ္စပြောလျှင် မည်ကဲ့သို့ပြန်ပြောရမည်ကိုလည်း လရိပ်နွေးအသည်းအသန်စဉ်းစားနေမိသည်။
အဘွားတို့ခြံရှေ့ကိုရောက်လာသည်အထိ လရိပ်နွေးခေါင်းထဲမှာ ပူပန်နေသည်မှလွဲ၍ ဘာကိုမှမစဉ်းစားနိုင်ဖြစ်နေသည်။မည်သည့်ကိစ္စမဆို လိမ်ညာမပြောတတ်သော လရိပ်နွေးအတွက် အမှန်တရာကို မပြောချင်လျှင် ရှောင်နေခဲ့လိုက်သည်သာမဟုတ်ပါလား။
အိမ်အလုပ်သမားကောင်မလေးလာဖွင့်ပေးသော ခြံတံခါးမှတဆင့် လရိပ်နွေးဝင်လာခဲ့သည်။
~~~~a~~~~~K ~~~ y~~~~i ~~~ p ~~h ~~ y ~~~u~~~~
" အဘွားရေ..အဘွား ..လရိပ်ရောက်ပြီနော် "
အဘွား၏အခန်းတံခါးရှေ့မှ လရိပ်နွေးအသံပေးလိုက်သည်။အဘွားသည် တစ်ဦးတည်းသောသားဖြစ်သူ အိမ်ထောင်ကျကတည်းက အိမ်ခွဲနေခိုင်းခဲ့သော ခေတ်မီသည့် အမျိုးသမီးကြီးတစ်ယောက်ဖြစ်သည်။အသက်အရွယ်ရလာတော့လည်း ဘယ်သူမှပြောလို့မရဘဲ ဆွေမျိုးနီးစပ်ထဲမှပဲ အလုပ်သမားများခေါ်ယူကာနေထိုင်ခဲ့သည်။လရိပ််နွေးက အတူလာနေပေးပါမည်ဟု အကြိမ်ကြိမ်ပြောခဲ့သော်လည်းလက်မခံခဲ့ ။အဘွားသည် ခေတ်အမီလွန်နေသည်လားမသိ ။နားလည်ရခက်သော လူတစ်ယောက်ဖြစ်လေသည်။
YOU ARE READING
မာယာမိုးတိမ်
Romanceအစ်ကိုအရင်းဖြစ်သူနဲ့မသင့်မမြတ်ဖြစ်ပြီးမိသားစုနဲ့ဝေးရာကိုထွက်ပြေးချင်နေတဲ့နေသစ်ညီ မိသားစုလိုခံယူထားတဲ့သူတွေဆီကနေ ယုတ်မာရက်စက်ထဲအပြုအမူတွေနဲ့ကြုံလိုက်ရတဲ့အခါမှာ ယုတ်မာရက်စက်တဲ့ မိထွေးဖြစ်သူကို လက်စားပြန်ချေဖို့အဆုံးဖြတ်လိုက်တဲ့သူမ