မာယာမိုးတိမ် 45

201 12 1
                                    

ဖုန်းအားမကုနခင်/wifi သုံးလို့ရနေတုန်းမှာ အပိုင်း 45  တင်ပေးလိုက်ပါတယ်
နောက်တစ်ပိုင်းကတော့အခြေအနေရပါရှင်/မီးကမလာသေးလို့ပါ

စာရေးသူ....ဧကြည်ဖြူ
#မာယာမိုးတိမ်
(အခန်းဆက်ဝတ္ထု)
အပိုင်း( ၄၅)
akyiphyu
***a***k**y***i**p**h**y*** u**
 
         ဦးနေထိုက်သည် ဓါတ်ပုံတစ်ပုံကိုကောက်ယူလိုက်ပြီးနောက် သားနှင့်သမီးဖြစ်သူကိုကြည့်လိုက်သည်။

" မင်းတို့အမေနဲ့အိမ်ထောင်ကျချိန်တုန်းက ..အိမ်ရဲ့စီးပွားရေးက ဒီလောက်မကောင်းသေးဘူး..မင်းတို့အဘွားက နယ်မှာအပေါင်ဆိုင်ဖွင့်ခဲ့တာ...အဲ့ဒီဆိုင်ကို ငါကဦးစီးပေးခဲ့ရတယ်...ငါတို့သားအမိက ...အလုပ်ကို နေ့ရောညပါမနားဘဲ စီးပွားရှာနေချိန်မှာ မင်းတို့အမေကို ..ပင်ပင်ပန်းပန်းဘာမှမခိုင်းခဲ့ဘူး...သူ့အလုပ်က သားသမီးတွေကို စောင့်ရှောက်ပေးရတဲ့အလုပ်ပဲရှိတယ် ...ဒီလိုမျိုးထားခဲ့တဲ့ကြားက ..သူ့ငယ်ရည်းစားကောင်က ..မြို့ကိုပြန်ရောက်လာခဲ့ပြီး မင်းတို့အမေနဲ့တိတ်တိတ်ဆက်သွယ်ခဲ့ကြတယ် ...အဲ့ဒီအကြောင်းတွေကို အချိန်အတော်ကြာတဲ့အထိလုံးဝမသိခဲ့ဘူး..တစ်နေ့တော့ ငါ့သူငယ်ချင်းက ငါ့ကိုလာတွေ့ပြီးတော့ ..မင်းတို့အမေအကြောင်းကိုပြောတယ်....အဲ့ဒီအချိန်တုန်းက မင်းအသက်ရှစ်နှစ်ကျော်နေပြီလေ နေထူးထိုက်..မင်းအမေက ဦးလေးဆိုပြီး ယောက်ျားတစ်ယောက်နဲ့မိတ်ဆက်ပေးခဲ့တာကိုမမှတ်မိတော့ဘူးလား ..."

    ဦးနေထိုက်၏ နာနာကြည်းကြည်းမေးသံကြောင့် နေထူးထိုက်မှာ မျက်လုံးအကြောင်သားနှင့် ဖခင်ဖြစ်သူကိုကြည့်လိုက်လေသည်။

" မင်းတို့အမေအကြောင်းကိုသိတော့...တိုးတိုးတိတ်တိတ်ပြောပြီးရှေ့ဆက်မတိုးဖို့ ...ငါတောင်းပန်ခဲ့တယ်...နောက်မဖြစ်စေရပါဘူးလို့...မင်းတို့အမေကလွယ်လွယ်ကတိပေးခဲ့ပြီး...အဲ့ဒီကောင်နဲ့ပတ်သက်မြဲပတ်သက်နေခဲ့တယ်...နောက်ဆုံးဘယ်လိုမှပြောလို့မရတော့တဲ့အဆုံးမှာ ...မင်းတို့အမေကို ငါကိုယ်တိုင် မောင်းထုတ်ခဲ့တာပဲ ...မင်းတို့ကိုဘယ်တော့မှလာမပတ်သက်ပါဘူးဆိုတဲ့ကတိကိုတောင်းလိုက်ပြီးတော့....သူတို့နှစ်ယောက်ကို ...ဘာအပြစ်မှမယူဘဲလွှတ်ပေးလိုက်တာ...အဲ့ဒီအချိန်တုန်းက ခင်သစ္စာက...ဆိုင်မှာအလုပ်လုပ်နေပေမယ့်... ငါတို့တွေဘာပတ်သက်မှုမှမရှိခဲ့ဘူး...မင်းတို့အမေနဲ့တိတိလင်းလင်းကွာရှင်းပြီးမှ ငါတို့တွေပတ်သက်ခဲ့ကြတာ...ဒါတွေကိုမှမယုံကြည်နိုင်ရင်.. မင်းတို့အမေကိုသာသွားမေးကြတော့...ဒီအကြောင်းတွေကို ဘယ်သူမှမသိအောင်ဘာလို့ဖုံးခဲ့တာလဲဆိုတော့...မင်းတို့မောင်နှမနှစ်ယောက်..မိထွေးနှိပ်စက်တာနှိမ်တာကိုခံရမှာစိုးလို့ ..အမှန်တရားကိုဖုံးကွယ်ထားခဲ့တာပဲ...အေး ...မင်းတို့တွေစိတ်ထဲမှာ...မိထွေးက မကောင်းဘူးထင်ရင်...ပထွေးနဲ့သွားနေလို့ရတယ်နော် ...မင်းတို့နှစ်ယောက်လုံးစဉ်းစားတတ်တဲ့အရွယ်ကိုရောက်နေပြီဆိုတော့ငါမတားတော့ဘူး...မင်းတို့စိတ်တိုင်းကျဆုံးဖြတ်လို့ရတယ် "

မာယာမိုးတိမ်Where stories live. Discover now