မာယာမိုးတိမ် 33

224 11 1
                                    

စာရေးသူ....ဧကြည်ဖြူ
#မာယာမိုးတိမ်
(အခန်းဆက်ဝတ္ထု)
အပိုင်း(၃၃)
akyiphyu
***a***k**y***i**p**h**y*** u**

" ပြောရမယ်ဆိုရင် ...အိမ်မှာပြန်မနေဖြစ်တာ နှစ် (၂၀) နီးပါးလောက်ရှိနေပြီ....မိသားစုကိုသတိရရင်တော့...ခဏတဖြုတ်လာကြည့်လိုက်တယ်.... ကိုယ်ဆယ်တန်းအောင်တော့ အဘွားကတိုက်ခန်းတစ်ခန်းပေးတယ်လေ....အဲ့ဒီတိုက်ခန်းမှာတစ်ခါတလေတော့  အမေလာနေတယ်...ဒီအခန်းထဲမှာက... နာကျင်စရာအမှတ်တရတွေအများကြီးရှိတယ်လေ .."

        နေသစ်ညီက သူ့အကြောင်းကိုစိတ်လိုလက်ရပြောလိုက်ရင်းမှ ခုတင်ပေါ်သို့ ခြေပစ်လက်ပစ်လှဲချလိုက်သည်။

" ဟူး....ပင်ပန်းလိုက်တာကွာ .....တစ်ယောက်ယောက်နဲ့ယှဉ်ပြိုင်နေရတာ တကယ်မလွယ်ဘူး...လူလဲပန်းသလိုစိတ်လဲပန်းတယ်..ညကလဲအိပ်တာနောက်ကျသွားတယ်ကွာ..လရိပ်ရောအိမ်မှာ အိပ်ရေးဝဝအိပ်ရရဲ့လား "

" ဟုတ်ကဲ့ ....အိပ်ရပါတယ်....ပိုပြီးစိတ်ချရအောင်....တံခါးရှေ့မှာ ခုံကိုချထားလိုက်တယ်လေ  "

" ဖြစ်မှဖြစ်ရလေကွာ "

       နေသစ်ညီစိတ်မကောင်းစွာရေရွတ်လိုက်မိလေသည်။

" ကိုယ်တို့တွေမနက်ဖြန်ကျရင် ....ပရိဘောဂစက်ရုံကိုသွားမယ်နော် .....မနက်စောစောပဲလာခေါ်လိုက်မယ် ....မနက်စာကို အပြင်မှာစားကြတာပေါ့ "

" ဟုတ်ကဲ့ပါ ကိုနေ "

" လာရိပ် ပျင်းနေရင်စာဖတ်ချင်ဖတ်လေ ....ကိုယ်လဲစာရင်းလေး နည်းနည်းလောက်စစ်လိုက်အုံးမယ် "

" ရပါတယ်ကိုနေ...ကိုနေဘာသာအေးဆေးစာရင်းလုပ်ပါ...လရိပ်နေတတ်ပါတယ်....လရိပ်ကိုအားနာစရာမလိုပါဘူး..ကိုနေလုပ်စရာရှိတာကိုလုပ်ပါ "

" ကျေးဇူးပါနော် လရိပ် "

         လရိပ်နွေးကိုကျေးဇူးတင်စကားပြောလိုက်ပြီး နေသစ်ညီလက်တော့ကိုဖွင့်လိုက်သည်။

~~~~ a~~~k~~~y~~i~~~p ~~h~~y~~u~~

" ဟယ်တော့ ''

          နေသစ်ညီထံမှ ဘာသံမျှမကြားရဘဲ တိတ်ဆိတ်လွန်းနေသောကြောင့် လရိပ်နွေးအမှတ်တမဲ့ လှည့်ကြည့်လိုက်မိသောအခါ လက်တော့ကို ဘေးတွင်ချလျက် အိပ်ပျော်နေသောနေသစ်ညီကိုတွေ့လိုက်ရလေသည်။ကလေးတစ်ယောက်လိုအပူပင်ကင်းကင်းနှင့်အိပ်ပျော်နေသော နေသစ်ညီကို လရိပ်နွေးအတန်ကြာငေးကြည့်နေမိလေသည်။ဟိုယခင်ကဆိုလျှင် လရိပ်နွေးသည်လည်း အိပ်ချင်လာလျှင် အိမ်ရဲ့ဧည့်ခန်းထဲမှာပဲဖြစ်ဖြစ် ပန်းခြံထဲမှဒန်းခုံပေါ်မှာပဲဖြစ်ဖြစ် စိတ်လွတ်လက်လွတ်အိပ်နိုင်ခဲ့သည်။ယခုမူ လော့ချထားသောအခန်းထဲမှာပင်လျှင် အိပ်ရသည်မှာလုံခြုံမှုမရှိသောကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်နိုင်ခဲ့သည်မှာ ရက်အတန်ကြာနေခဲ့လေပြီ။
     နေသစ်ညီကိုကြည့်ရင်း လာရိပ်နွေးထိုင်နေရာမှထလိုက်ပြီး နေပူထိုးနေသော မှန်ပြတင်းပေါက်မှလိုက်ကာကိုဆွဲပိတ်လိုက်သည်။

မာယာမိုးတိမ်Where stories live. Discover now