စာရေးသူ....ဧကြည်ဖြူ
#မာယာမိုးတိမ်
(အခန်းဆက်ဝတ္ထု)
အပိုင်း( ၅၀)
akyiphyu
***a***k**y***i**p**h**y*** u**" ဦးမျိုးမင်းအောင် အခုဘယ်မှာလဲဆိုတာသိတယ်မဟုတ်လား..မသိစရာအကြောင်းလဲမရှိပါဘူး..လုပ်ငန်းချင်းကလဲတူနေတာပဲဟာ...ပြန်ဆုံကြပြီးပြီမဟုတ်လား "
ဒေါ်နှင်းရည်သက်သည် သမီးဖြစ်သူကို မယုံကြည်နိုင်စွာ ကြည့်နေမိရင်းမှ တုန်လှုပ်ချောက်ချားလာမိလေသည်။
" ကို..ကိုမျိုးမင်းအကြောင်းကိုလဲ သိ..သိတယ်ဟုတ်လား "
" အကုန်သိတယ်လို့ ပြောပြီးပြီလေ....ဦးမျိုးမင်းအကြောင်းကိုသိတာ ဘာအထူးဆန်းလို့လဲ...လရိပ်နွေးက အခုဘယ်မှာအလုပ်လုပ်နေတာလဲသိလား ...ဦးမျိုးမင်းအောင်ဆိုင်မှာလုပ်နေတာလေ..အဲ့ဒါကိုသိရဲ့လား..ဦးမျိုးမင်းအောင်နဲ့သူ့သားက လရိပ်နွေးကိုချစ်နေလိုက်ကြတာ ..မွေးစားသမီးအဖြစ်တောင်မွေးစားအုံးမယ်ဆိုပဲ ...ဟား.ဟား..တော်တော်ရယ်ရတဲ့သူတွေ....လရိပ်နွေးကြောင့် အဖေနဲ့ဦးမျိုးမင်းအောင် ..ပတ်သက်မှုတွေရှိလာခဲ့ရင်..အမေ့အကြောင်းတွေက မီးခိုးကြွက်လျှောက်ပေါ်မလာနိုင်ဘူးလို့ အာမခံနိုင်လား ..လူတွေနော်..လူတိုင်းအတ္တရှိတယ်...လရိပ်နွေးကလဲ လူပဲ ..သူအလကားရမဲ့အမွေကိုရရှိရေးအတွက် နည်းလမ်းမျိုးစုံနဲ့ကြိုးစားမှာပဲ.....အခုဆိုရင် သူ့ဘက်မှာနေသစ်ညီလိုလူမျိုးလဲရှိနေပြီးဆိုတော့ ..သူကဘာကိုဂရုစိုက်နေမှာလဲ ....ဒါကြောင့်မို့ ...အမေ့ကြောင့်တော့ နှင်းစက်ပါဒုက္ခရောက်မခံနိုင်ဘူး..အခုနှင်စက် ဆုံးဖြတ်ထားတဲ့ကိစ္စက အသင့်တော်ဆုံးပဲ ..သူတစ်ယောက်သာမရှိတော့ရင် အားလုံး..အေးအေးဆေးဆေးပြီးသွားလိမ့်မယ်...ဝေးဖြိုးဆိုတဲ့ကောင် မကူညီလဲရတယ်..ငွေရမယ်ဆိုရင် လုပ်ပေးမဲ့လူမိုက်တွေမှ အများကြီးပဲရှိတယ် "
" ငွေ...ငွေနှင်းစက် ..... သမီးပြောနေတာတွေကို တော်လိုက်တော့...မအေပြောနေတာကို နားထောင်စမ်း...နင်ဘာဖြစ်နေတာလဲ ..ဒီတစ်လပဲစောင့်ပေး..အားလုံးပြီးသွားလိမ့်မယ်..ကိုကိုဇော်ကလဲ ဒီနိုင်ငံကထွက်သွားလိမ့်မယ်..နင့်အမေက နင့်အဖေမိုးမြငိ့်ထွန်းနဲ့နှစ်ပေါင်းသုံးဆယ်နီးပါးလောက်နေလာခဲ့တာပါ...ငါ့နောက်ကြောင်းကိုလဲ သူသိစရာအကြောင်းမရှိသလို ...ကိုကိုဇော်လို လူမျိုးကလဲ သူ့စားပေါက်ကိုပိတ်မဲ့သူမျိုးမဟုတ်ဘူး .."
YOU ARE READING
မာယာမိုးတိမ်
Romanceအစ်ကိုအရင်းဖြစ်သူနဲ့မသင့်မမြတ်ဖြစ်ပြီးမိသားစုနဲ့ဝေးရာကိုထွက်ပြေးချင်နေတဲ့နေသစ်ညီ မိသားစုလိုခံယူထားတဲ့သူတွေဆီကနေ ယုတ်မာရက်စက်ထဲအပြုအမူတွေနဲ့ကြုံလိုက်ရတဲ့အခါမှာ ယုတ်မာရက်စက်တဲ့ မိထွေးဖြစ်သူကို လက်စားပြန်ချေဖို့အဆုံးဖြတ်လိုက်တဲ့သူမ