စာစစ်ဖို့ကို မစစ်နိုင်လောက်အောင် ပင်ပန်းနေတာမို့စာလုံးပေါင်းအမှားတွေပါရင်ခွင့်လွှတ်ပေးကြပါရှင်။
စာရေးသူ....ဧကြည်ဖြူ
#မာယာမိုးတိမ်
(အခန်းဆက်ဝတ္ထု)
အပိုင်း( ၅၃)
akyiphyu
***a***k**y***i**p**h**y*** u**ငွေနှင်းစက်သည် ခြေကိုဖော့နင်းလျက် ဖခင်ကြီးရှိရာ စာကြည့်ခန်းဆီသို့လျှောက်လာခဲ့လိုက်သည်။သူမအဖြစ်က ကိုယ့်ရှူးကိုယ်ပတ်ဖြစ်နေခဲ့သည်။ ဖခင်ဖြစ်သူအိမ်မှာရှိနေလျှင် လမ်းလျှောက်တာကိုပင် ရဲရဲ့မလုပ်ဝံ့သောအခြေအနေမျိုးဖြစ်နေခဲ့ရသည်။၊အိမ်ရှိ အလုပ်သမားများဆိုသည်မှာ မိခင်ဖြစ်သူ၏ လက်ခုပ်ထဲမှရေမို့ ထူးထူးထွေထွေဂရုစိုက်စရာမရှိ။ဤအိမ်တွင် ဖခင်ဖြစ်သူတစ်ယောက်သာလျှင် ငွေနှင်းစက်အတွက် ကြောက်ရမည့်လူသားတစ်ယောက်ဖြစ်နေခဲ့သည်မဟုတ်ပါလား။
ခပ်ဖြည်းဖြည်းလျှောက်လာရင်းနှင့် စာကြည့်ခန်းရှေ့သို့ ရောက်လာသောကြောင့် ငွေနှင်းစက်ခြေလှမ်းများကို အသာရပ်တန့်လိုက်ပြီး တံခါးနားတွင် နားကိုကပ်ကာ အထဲမှအသံကို နားစွင့်ကြည့်လိုက်သည်။
" တောက်...မိန်းမယုတ်မ...ဟုတ်ပါပြီ ..အမြန်ဆုံးလာတွေ့ပါ့မယ်...သူ့နာမည်ကကိုကိုဇော်ဟုတ်ပါတယ် .."
အထဲမှကြားလိုက်ရသော စကားသံများကြောင့် ငွေနှင်းစက်၏ကိုယ်လေး ဆတ်ခနဲတုန်ခါသွားရပြီး ဒူးများပင်ညွှတ်ခွေကျမယောင်ဖြစ်သွားရလေသည်။ထိုစဉ်မှာပင် အထဲမှလမ်းလျှောက်လာသံကိုကြားလိုက်ရသောကြောင့် ငွေနှင်းစက် နေရာမှအမြန်ဆုံးပြန်ထွက်လာခဲ့လိုက်သည်။၊
~~~ a~~~~~k~~~~y~~~i~~~~p~~~~h~~~y~~~u~~~~
လရိပ်နွေးဖုန်းကို ကိုင်ထားလျက်မှ အတန်ကြာတွေဝေနေမိသည်။ပြီးနောက်မှ ဖုန်းနံပတ်တစ်ခုကို နှိပ်ပစ်လိုက်သည်။
" ဟယ်လို "
တစ်ဖက်မှ အသံခပ်လေးလေးနှင့်ထူးသံကိုကြားလိုက်ရသည်။
" ဟယ်လို အဘွားလား ..သမီးပါ လရိပ်လေ "
"ဪ ..လရိပ်လား...သမီးအလုပ်တွေအဆင်ပြေလား ...နေကောင်းရဲ့လားကွယ် "
YOU ARE READING
မာယာမိုးတိမ်
Romanceအစ်ကိုအရင်းဖြစ်သူနဲ့မသင့်မမြတ်ဖြစ်ပြီးမိသားစုနဲ့ဝေးရာကိုထွက်ပြေးချင်နေတဲ့နေသစ်ညီ မိသားစုလိုခံယူထားတဲ့သူတွေဆီကနေ ယုတ်မာရက်စက်ထဲအပြုအမူတွေနဲ့ကြုံလိုက်ရတဲ့အခါမှာ ယုတ်မာရက်စက်တဲ့ မိထွေးဖြစ်သူကို လက်စားပြန်ချေဖို့အဆုံးဖြတ်လိုက်တဲ့သူမ