စာရေးသူ....ဧကြည်ဖြူ
#မာယာမိုးတိမ်
(အခန်းဆက်ဝတ္ထု)
အပိုင်း(၂)
akyiphyu
***a***k**y***i**p**h**y***u****" ဒီမှာ ဒေါ်သက်သက်မာ ..ကျွန်မပြောတာကို နားထောင်ပါအုံးရှင် ..ကိုယ်ဝန်ကလရင့်နေပြီရှင့်..အခုချိန်မှလုပ်ရင် ရှင့်သမီးအတွက်ပါ ..အန္တရာယ်ရှိနိုင်တယ် သိရဲ့လား ..ရှင်တို့တွေလုပ်ချင်တယ်ဆိုရင်လဲ ...လနုနေတုန်းလာကြပါလား..အခုတော့ ကျွန်မတို့ကိုပါ ပြဿနာတက်အောင်လုပ်မလို့လား ...."
" ဟုတ်...ဟုတ်ပါတယ်ဆရာမရယ်..သမီးကကိုယ်ဝန်ရှီနေမှန်းကို မသိခဲ့လို့ပါရှင်.."
" အဲ့ဒီလိုအကြောင့်ပြလိုက်ရုံနဲ့လည်း ..ကျွန်မတို့ဘက်ကဘာမှလုပ်ပေးလို့မရဘူး ဒေါ်သက်သက်မာ...ရှင်းရှင်းပဲပြောမယ်နော်..ရှင့်သမီးရဲ့အသက်ကိုရင်းပြီး ဖျက်ဆီးဖို့သတ္တိရှိလား...ငါးဆယ်ငါးဆယ်တောင်မသေချာတဲ့အနေအထားမှာ ..ကျွန်မတို့ကတော့ မလုပ်ပေးပါဘူး..အကောင်းဆုံးအကြံပေးချင်တာကတော့ မွေးလိုက်ပါ....လလည်းအတော်ရင့်နေပြီဆိုတော့ မွေးဖို့လဲသိပ်မှမလိုတော့တာ...မွေးပြီးမှမစောင့်ရှောက်နိုင်ရင်လည်း ..ဂေဟာတစ်ခုခုကိုပို့ပစ်ပေါ့ရှင် ....ကျွန်မတို့ဘက်ကတော့ ဒီလိုပဲအကြံပေးနိုင်တယ် ..ကျွန်မတို့တွေက ငွေအတွက်အဓိကလုပ်စားနေကြတယ်ဆိုရင်တောင် ..ကူကယ်ရာမဲ့ဒုက္ခရောက်သွားနိုင်တဲ့ဘဝတချို့ကို ကယ်တင်ပေးချင်တာပါ...အသက်နဲ့ရင်း
ပြီးတော့လုပ်ရမှာမျိုးကိုတော့... မလုပ်ပေးပါဘူး "
တာဝန်ရှိဆရာမ၏စကားကြောင့် ဒေါ်သက်သက်မာတစ်ယောက်နေရာမှာတင် ပုံလျက်သားလဲကျချင်စိတ်ပေါက်သွားရလေသည်။~~a~~~k~~~y~~i~~~p~~h~~~y~~~~u~~~~~
" ဘာလို့လဲ အမေ....ဘာဖြစ်လို့ပြန်မှာလဲ ..မလုပ်တော့ဘူးလား "
သီးသန့်ခန်းထဲကို ပြန်ဝင်လာပြီး အဝတ်အစားအိတ်ကိုယူကာ ပြန်ဖို့ပြောလိုက်သောမိခင်ကိုကြည့်ပြီး နှင်းရည်သက် အထိတ်တလန့်နှင့်မေးလိုက်သည်။
" အေး..လရင့်နေပြီမို့ လုပ်လို့မရတော့ဘူးတဲ့ "
ဒေါ်သက်သက်မာကတုံးတုံးတိတိနှင့်ဖြေလိုက်ပြီး လက်ဆွဲအိတ်ကိုကောက်ယူလိုက်သည်။
YOU ARE READING
မာယာမိုးတိမ်
Romanceအစ်ကိုအရင်းဖြစ်သူနဲ့မသင့်မမြတ်ဖြစ်ပြီးမိသားစုနဲ့ဝေးရာကိုထွက်ပြေးချင်နေတဲ့နေသစ်ညီ မိသားစုလိုခံယူထားတဲ့သူတွေဆီကနေ ယုတ်မာရက်စက်ထဲအပြုအမူတွေနဲ့ကြုံလိုက်ရတဲ့အခါမှာ ယုတ်မာရက်စက်တဲ့ မိထွေးဖြစ်သူကို လက်စားပြန်ချေဖို့အဆုံးဖြတ်လိုက်တဲ့သူမ