မာယာမိုးတိမ် ၉

185 7 0
                                    

စာရေးသူ....ဧကြည်ဖြူ
#မာယာမိုးတိမ်
(အခန်းဆက်ဝတ္ထု)
အပိုင်း(၉)
akyiphyu
***a***k**y***i**p**h**y***u***

        ခက်ထန်လှသောမျက်နှာထားနှင့် သူမကိုကြည့်နေသော လင်ပါသားဖြစ်သူနေ ထူးထိုက်ကို  ဒေါ်ခင်သစ္စာအထိတ်တလန့်နှင့် ကြည့်နေမိသည်။
  
" ကျုပ်ရှင်းရှင်းပဲပြောမယ်....ခင်ဗျားရဲ့သားကို ပြိုင်ပွဲကနေထွက်ခိုင်းလိုက်ပါ....ဒီပြိုင်ပွဲက ထိုက်မိသားစုရဲ့ သွေးသားအရင်းအချာတွေပဲရသင့်တဲ့ပြိုင်ပွဲလေ... မယားငယ်မရဲ့သားက ပြိုင်စရာမလိုဘူး...ဒါနဲ့နေစမ်းပါဦးဗျာ ....နေသစ်ညီဆိုတဲ့ကောင်က ကျုပ်အဖေရဲ့သားအရင်းရောဟုတ်ရဲ့လား ."

" ဘာ...နေထူး...မင်း...မင်းဘယ်လိုပြောလိုက်တာလဲ...မင်းငါ့ကိုစော်ကားတာတွေအရမ်းများနေပြီနော် "

       ဒေါ်ခင်သစ္စာရှက်လွန်း၍ မခံမရပ်နိုင်ဖြစ်ကာ ဒေါသသံနှင့်ပြန်ပြောလိုက်သည်။

" ကျုပ်ကိုအော်တယ်ပေါ့ဟုတ်လား....အခုမှပဲသရုပ်မှန်ပေါ်လာတော့တယ်....ငါတဲ့လားဗျ..အမေမဟုတ်တော့ဘူးလား "

        နေထူးထိုက်သည် မချိုမချဉ်မျက်နှာနှင်ပြောလိုက်သည်။

'" တော်....တော်ပြီ နေထူးထိုက်...မင်းဘာပြောချင်လို့....ဆိုင်အထိရောက်လာတာလဲ .....မင်းပြောချင်တဲ့ကိစ္စကိုပြောပြီးရင်ပြန်ပါတော့ "

" ဟုတ်ကဲ့....ဒီလိုပွင့်ပွင့်လင်းလင်းပြောမှပေါ့....ကျုပ်ပြောချင်တာကိုပြောပြီးရင် ပြန်မှာပါစိတ်ချ...ပြိုင်ပွဲမှာခင်ဗျားသားကို ဝင်မပြိုင်ခိုင်းနဲ့...တကယ်လို့သူဝင်ပြိုင်ခဲ့ရင်   ....သူလုပ်ခဲ့တာတွေအားလုံးကိုဖွင့်ချပစ်မှာ...သူ့ကြောင့် ကျုပ်ရဲ့ညီမလေး ...လမ်းမလျှောက်နိုင်ဖြစ်ခဲ့ရတာတွေကိုပါထုတ်ပြောပစ်မှာ...ပြီးတော့ရှိသေးတယ်...ခင်ဗျားကကျုပ်အဖေနဲ့ဖောက်ပြန်ပြီး....ကျုပ်အမေကိုနှင်ထုတ်ပစ်ခဲ့တာတွေကိုပါ...အားလုံးသိအောင်ဖွင့်ချပစ်မှာ ....ဒါကိုသတိလာပေးတာ "

"မင်း..မင်းအရမ်းတရားလွန်နေပြီနေထူး....ငါ့သားက အဲ့ဒီလိုလူမျိုး မဟုတ်ဘူး....ပြီးတော့ ငါလဲ ....မင်းအမေထွက်သွားပြီးတော့မှ မင်းတို့အဖေနဲ့ပတ်သက်ခဲ့တာ....မင်းအမေထွက်သွားတာငါနဲ့ဘာမှမဆိုင်ဘူး....မင်းအမေဘာကြောင့် ထွက်သွားလဲဆိုတာကိုသိချင်ရင် မင်းအဖေကိုပဲမေး....မဟုတ်တမ်းတရားတွေပြောနေတာတွေကိုရပ်ပါတော့....ငါလဲ မင်းအဖေကိုယူခဲ့မိတဲ့အတွက်...သိပ်ကို နောင်တရတယ်ကွသိရဲ့လား...ငါ့ပုံစံငါ့အနေအထားနဲ့.....လူပျိုလူလွတ်တစ်ယောက်ကိုသာယူခဲ့ရင်...ဒီလိုမျိုးအပြောခံနေရမှာမဟုတ်ဘူး...ငါ့သားလေးလဲ...ငယ်ငယ်ရွယ်နဲ့မိသားစု အရိပ်အောက်ကနေထွက်သွားရမှာမဟုတ်ဘူး "

မာယာမိုးတိမ်Where stories live. Discover now