Part 48

938 108 1
                                    


အခန်း (၄၈): ဝီရိယရှိရှိ လေ့ကျင့်ခြင်း

ဟယ်ယန်နဲ့ ဝမ်ပါးကြားက အလောင်းအစားရဲ့ ပထမနေ့က စပြီး စစ်စခန်းထဲမှာ သီးသန့်အလောင်းအစားတွေ ရှိလာကြတယ်။

ဟယ်ယန် မြားပစ်တဲ့အချိန်မှာတောင် မရှိတဲ့သူတချို့ကတောင် မအိပ်ခင်ဆို ဟယ်ယန် ဘယ်လိုပုံစံဖြစ်နေမလဲဆိုတာကို အချိန်ယူပြီးတော့ကို ကြည့်ကြတယ်။ ဟယ်ယန်မှတ်မိတာက သူနောက်ဆုံးအကြိမ် အာရုံစိုက်မှုအများကြီးကို ခံရတာက သူ့ရဲ့အောင်ပွဲကြောင့် သူ့ကို ရုံးတော်ကနေ ပျံသန်းနေတဲ့ဖီးနစ်စစ်သူကြီး အဖြစ် ချီးမြှင့်ခဲ့တဲ့ အချိန်တုန်းကပဲ။

အခြေအနေတွေကတောင် အခုနဲ့ ကွာခြားသွားပြီ သူကတော့ နည်းအမျိုးမျိုးနဲ့ ကျော်ကြားနေတုန်းပဲ။

"အဲ့ဒီလူတွေ အရမ်းလွန်တာပဲ!" ရှောင်မိုင်က အပြင်ကပြန်လာပြီး မကျေမနပ်နဲ့ပြောတယ်။ "ကျွန်တော်ကြားတာ အစ်ကိုအားဟယ် နိုင်မယ့်ဘက်က လောင်းတဲ့သူ အရမ်းနည်းတာ လက်တစ်ဖက်နဲ့တောင်ရေတွက်လို့ရတယ်တဲ့။ အကိုအားဟယ် မနိုင်ဘူးဆိုတာ သူတို့က အရမ်းသေချာနေကြတယ်!"

အဲ့ဒါက ပုံမှန်လူတွေအတွက်တော့ သာမန်ရွေးချယ်မှုပဲလေ" ဟုန်ရှန်က သူ့နဖူးကို ပွတ်ပြီး ပြောလိုက်တယ်။

ဟယ်ယန်ကို ကျေးဇူးတင်ရမယ်။ တပ်သားသစ်တွေက ဒီရက်ထဲဝီရိယရှိရှိလေ့ကျင့်တာကလွဲလို့ ကျန်တာ ဘာမှ မလုပ်နိုင်ကြဘူး။ ဒီတိုးတတ်မှု အသစ်နဲ့မှ ပျော်စရာတွေပိုများလာပြီး နေရာတိုင်းမှာ ရယ်သံနဲ့ပျော်ရွှင့်မှုတွေပြည့်နေတယ်။ သူဆို့က မြို့ထဲက အလုပ်ရှုပ်နေတဲ့ စျေးမှာရောက်နေသလိုပဲ။

"ကျွန်တော့် အစ်ကိုနဲ့ ကျွန်တော်လည်း ပျော်စရာထဲမှာ ပါခဲ့ကြတယ်။ အစ်ကိုအားဟယ်ရဲ့ စိတ်ဓာတ်ကို နည်းနည်းမြှင့်တင်ပေးဖို့ပေါ့။ ကျွန်တော်တို့က အစ်ကိုအားဟယ် နိုင်မယ့်ဘက်က လောင်းခဲ့ကြတယ်။" ရှောင်မိုင်က ဟယ်ယန်ကိုကြည့်လိုက်ပြီး သူ့ကို နှစ်သိမ့်ဖို့ ကြိုးစားနေတယ်။ "အစ်ကိုအားဟယ် ကျွန်တော်တို့က သစ္စာရှိတဲ့ သူငယ်ချင်းတွေမလား?"

ပြန်လည်မွေးဖွားလာသော ကြယ်စင်စစ်သူကြီးWhere stories live. Discover now