Part 39

1.2K 127 0
                                    

39 01

CHAPTER 39

ဟယ်ယန် မှ

"ခင်ဗျားလက်ထဲကအသားပေါက်စီ အဲဒါကျုပ်ဟာလို့ ပြောနေတာ"

စကားလုံးများအဆုံးထိ ပီပီပြင်ပြင်မရွတ်ဖတ်နိုင်ခဲ့မီ အမာရွတ်ကြီးထံမှ ကျောချမ်းဖွယ်ရယ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထို့နောက်

"ချာတိတ် မင်းဒီမှာပြဿနာလာမရှာနဲ့"

"ကျုပ်က ကျုပ်ဥစ္စာကျုပ်ပြန်ရချင်ရုံပါ"

ထိုအမာရွတ်ကြီးမှ ဟယ်ယန့်ကို ကြည့်ရှုလိုက်သည်။ အလွန်အမင်း အားနည်းဟန်ရှိလျက် ၎င်း၏ ခန္ဓာကိုယ်ထက်ကြီးမားပွယောင်းသည့် ကြက်သွေးရောင် တပ်ဝတ်စုံကို ဝတ်ဆင်ထားသည်။ ၎င်းမျက်စိရှေ့ရပ်နေသည့် မဖွံ့ဖြိုးသေးသည့် ကလေးငယ်တစ်ဦး အသွင်ဖြစ်နေသည်။ ချာတိတ်တစ်ယောက်မှ မိမိအားအော်ဟစ်၍ စကားပြော‌ဆိုနေပုံသည် မောက်မာသော ခွေးပေါက်လေးတစ်ကောင်မှ ဝံပုလွေတစ်ကောင်ကို ဟောင်နေသကဲ့သို့ ရယ်စရာတစ်ခု ထက်မပိုပေ။

"ငါ့ဟာတဲ့လား"

အမာရွတ်ကြီးမှ ဟက်ကနဲ‌ရယ်၍ အသားပေါက်စီကို လုံးကိုင်ပြီး ဟယ်ယန့်တုံ့ပြန်မှုကို စောင့်ဆိုင်းခြင်း မရှိဘဲ အလျင်အမြန်၎င်း၏ ပါးစပ်အတွင်း ထိုးထည့်လိုက်သည်။ မူလကတည်းမှ သေးငယ်သော အသားပေါက်စီလုံးလေးဖြစ်နေခဲ့လျက် အားပါးတရလုံးကိုင်ခဲ့သဖြင့် အရွယ်ကျုံသယောင်ဖြစ်သွားပြီး လူထွားကြီးခံတွင်းအတွင်း နစ်မြှုပ်ပျောက်ကွယ်သွားခဲ့သည်။ ဆာလောင်နေသော တောကောင်ကြီးမှ အမဲလိုက်ရခဲ့သည့် သားကောင်ကို စားသောက်ရန် မစောင့်ဆိုင်းမအောင်းအီးနိုင်သည့် အလား အမာရွတ်ကြီးသည်ပေါက်စီလုံးကို နှစ်ချက်သုံးချက်မျှ သာဝါး၍ အငမ်းမရမျိုချခဲ့လိုက်သည်။ မျိုချခဲ့ပြီး နောက် ဟယ်ယန့်အားမထိထရိအကြည့်ဖြင့် ကြည့်၍ ကောက်ကျစ်စွာ ပြုံးပြပြီး

"မင်းဟာလား မင်းဟာလို့ ဘယ်သူအာမခံပေးနိုင်သလဲ မင်းဘာတတ်နိုင်သလဲ"

ပေါက်စီလုံးသည် အမာရွတ်ကြီး၏ အစာအိမ်အတွင်း ရောက်ရှိနှင့် ပြီးဖြစ်သဖြင့် ၎င်းအစာအိမ်ကို ခွဲ၍ အတွင်း မှ မိမိအသားပေါက်စီကို ပြန်လည်ထုတ်ယူနိုင်ခဲ့မည်လည်းမဟုတ်ပေ။ ထိုသူမှ ၎င်း၏ ပြောလက်စစကားကို လက်စသတ်ပြီး ဟယ်ယန် ၏ ကူရာမဲ့အနေအထားကို ကျေနပ်စွာ ကြည့်နေခဲ့သည်။ ထို့နောက် မနှေးမမြန်သော အရှိန်ဖြင့် လက်အတွင်း ဆန်ပြုတ်ပန်းကန်ကိုင်လျက် ရှေ့ဆက်လျှောက်သွားခဲ့သည်။

ပြန်လည်မွေးဖွားလာသော ကြယ်စင်စစ်သူကြီးWhere stories live. Discover now