Part 49

1K 113 1
                                    


အခန်း(၄၉):ဆယ်ရက်မြောက်ရောက်လာပြီ

မျက်စိတစ်မှိတ်အတွင်းမှာ ဆယ်ရက်ကုန်သွားပြီ။

လျန်ကျိုးမြို့စောင့်တပ် တစ်ခုလုံးကို အသက်ဝင်လာစေတဲ့ အလောင်းအစားကို စိတ်အားထက်သန်စွာ စောင့်နေကြတယ်။ လူအများစုက ဝမ်ပါးနိုင်မယ့်ဘက်က လောင်းထားကြတဲ့အချိန် ဟယ်ယန်နဲ့အတူ အဖွဲ့သေးသေးလေးကလည်း ရပ်တည်နေခဲ့တယ်။ တခါတလေ သူတို့လမ်းလျှောက်လာရင်း ဟယ်ယန်ရဲ့ ထောက်ခံသူတွေက တခြားဖက်က လူတွေနဲ့ အချေအတင်တွေဖြစ်ကြတယ်ဆိုတာကို ကြားနိုင်လိမ့်မယ်။ "ဟယ်ယန်က ဘာလုပ်မှာလဲ မဖြစ်နိုင်တာကို သိသိလျက်နဲ့ လုပ်တာက ကြီးမြတ်တဲ့ လူတစ်ယောက်ရဲ့ အမှတ်လက္ခဏာပဲ"

မတော်တဆ ဒါကို ကြားလိုက်ရတော့ ဟယ်ယန် တွေးတောနေခဲ့တယ်။ "....."

သို့သော်လည်း သူတို့ ဘာပြောပြော ကိစ္စမရှိပါဘူး။ အလောင်းအစားက လူတွေရဲ့ ရည်ရွယ်ချက် အမှန်ကို ဖော်ပြတာပဲ။ ဟယ်ယန်နိုင်မယ့် ဘက်က အလောင်းအစား စုစုပေါင်းက ရှောင်မိုင်၊ ရှီတုံးနဲ့ ဟုန်ရှန်က တစ်ယောက်တစ်ခုစီ ကူညီထားတဲ့ ပေါင်မုန့်ခြောက်သုံးခုသာ ရှိတယ်။

သူတို့က လွဲလို့ ဟယ်ယန်ကို ဘာက အံ့ဩစေလဲ ဆိုတော့ ဘယ်သူမှန်း မသိတဲ့ လူတစ်ယောက်က အမဲသားခြောက်ဆယ်ခု လောင်းကြေးကို သူ့ဖက်ကနေ လောင်းထားတယ် ဆိုတာပဲ။

"ဘယ်သူက ဒီလောက် အများကြီး သုံးတာလဲ" ရှောင်မိုင်တွေးနေခဲ့တယ်။

"အစ်ကို အားဟယ်ဘက်မှာ အများကြီး လောင်းထားဖို့ဆို သူတို့က တကယ်ကို ချမ်းသာကြလိမ့်မယ်"

"ချမ်းသာရုံတင်မကဘူး အမြင်လည်း ရှိတယ်" ဟယ်ယန် တွေးနေခဲ့တယ်။ "နောက်ဆုံးတော့ တော်တဲ့သူတစ်ယောက် စခန်းထဲမှာ ထွက်ပေါ်လာခဲ့ပြီ"

ဟုန်ရှန်က ဟယ်ယန်ကို ကြည့်လိုက်ပြီး "သူတို့ဦးနှောက်ကို ဖျက်ဆီးနေတာက ရှက်စရာပဲ"

"အစ်ကိုကြီးရှန် ခင်ဗျား အဲ့လိုပြောလို့ မရဘူး။ ဒီပုဂ္ဂိုလ်က အစ်ကိုအားဟယ်ကို တကယ် လေးစားပြီး တိတ်တိတ်လေး သူ့ကို ထောက်ပံ့နေတာ။ ကျွန်တော့်မှာသာ အမဲသားခြောက် အများကြီး ရှိနေရင် ကျွန်တော်လည်း အစ်ကိုအားဟယ်အတွက် လောင်းမှာပဲ"

ပြန်လည်မွေးဖွားလာသော ကြယ်စင်စစ်သူကြီးWhere stories live. Discover now