Part 26

1.7K 175 4
                                    

26 01

CHAPTER 26

"ယွင်ရှန်း"

မိမိအမြင်အာရုံ၏ မှောက်မှားလှည့်စားချက်ဟု ထင်မှတ်လုထင်မှတ်နီး ဖြစ်ခဲ့ပြီး အသေအချာ ထပ်မံကြည့်ခဲ့ပြီး နောက် ထိုသူသည် ဟယ်ယွင်ရှန်းအစစ်သာ ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

ဟယ်ယွင်ရှန်းသည် သူ့အရှေ့သို့ ဝင်ရောက်၍ ကိုယ်ကို မတ်မတ်ရပ်ပြီး ကာကွယ်ပေးခဲ့သည်။ လက်တစ်ဖက်ဖြင့် ဖန်းချန်ကို အဝေးသို့ တွန်းထုတ်လိုက်သည်။

"မင်း. မင်းဘယ်လိလုပ် ဒီအပေါ်ရောက်လာတာလဲ"

ဖန်းချန် ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်စေရန် အရှိန်ယူလိုက်ပြီး ကောင်လေးအား လက်ညှိုးထိုးလျက် အော်ဟစ်မေးလိုက်သည်။ မျက်ဝန်းများ၌ မယုံကြည်မှုတို့ဖြင့် ပြည့်နှက်လို့ နေ၏။

"ဒါပေါ့ ကျုပ်ဒီကို ရေကူးလာတာ"

ဟယ်ယွင်ရှန်း ဖြေပေးလိုက်သည်။ ယခုလေးတင် ရေထဲမှ ကုတ်ကယ်တက်လာပြီး တစ်ကိုယ်လုံးရွှဲရွှဲစိုလို့ နေ၏။ ဒူးထောက်ချပြီး ဟယ်ယန့်ခြေထောက်၌ တုပ်နှောင်ထားသည့် ကြိုးကို ဖြည်ပေးလိုက်သည်။

"ငါဒီမှာ ရှိတယ်ဆိုတာ နင်ဘယ်လို သိသလဲ"

"ဖန်းချန် နင့်ကို တွယ်ကပ်နေမှာစိုးလို့ ငါ ရွှမ်ချင်းကို စောင့်ကြည့်ဖို့လွှတ်ထားတာ နင် ခုလို အဝေးကို အခေါ်သွားခံလိမ့်ရမယ်လို့ ဘယ်သိပါ့မလဲ"

ရွှမ်ချင်းသည် ဟယ်ယန်မှ ဟယ်ယွင်ရှန်း အဖို့ ဝယ်ပေးထားသည့် အစေခံတစ်ဦး ဖြစ်ပြီး ကောင်လေးနှင့် အတူတကွ ကျောင်းသို့ အဖော်ပြုလိုက်ပါပေးရသူ ဖြစ်သည်။

"ရွှမ်ချင်း နင့်အနောက်ကို တောက်လျှောက် လိုက်နေပြီး ဒီနေရာမှာ ခရီးဆုံးသွားတာ သေချာကြောင်း ငါ့ကို ပြန်လာပြောပြတာ ငါဒီအထိ ရေကူးလာပြီး ကံကောင်းလို့ အချိန်မီ ရောက်လာတာ"

ဟယ်ယန့်ခြေထောက်မှ ကြိုးများဖြည်ပေးခဲ့ပြီး လက်မှ ကြိုးများကို ဖြည်ပေးခဲ့မည် အပြု ဟယ်ယန့်လက်၌ လက်ပြန်တုပ်ထားသည့် ကြိုးများပြေနှင့် နေခဲ့မည်ဟု မထင်မှတ်ထားမိချေ။ အနည်းငယ် ထူးဆန်းသည်ဟု ထင်မိသော်လည်း များများစားစား မတွေးခဲ့ပေ။ ချက်ချင်း မတ်တပ်ပြန်ရပ်ပြီး ဖန်းချန်ကို မျက်စောင့်ဖြင့် ကြည့်ကာ

ပြန်လည်မွေးဖွားလာသော ကြယ်စင်စစ်သူကြီးWhere stories live. Discover now