Description

11.2K 377 5
                                    

💥ပြန်လည်မွေးဖွားလာ‌သော ကြယ်စင်စစ်သူကြီးGenre_Female Strong Protagonist, Bxgအပိုင်းရေ _ ၂၇၂ ဘာသာပြန်သူ _ စွဲညို့အသင်း

ဟယ်ယန်က သဘာဝအတိုင်း စစ်သူကြီးကြယ်စင်နဲ့ မွေးဖွားလာတာ ဖြစ်တယ်။ သူမက အစ်ကိုကြီးအစား နှစ်ပေါင်းများစွာ တိုက်ပွဲ ဝင်ခဲ့ပြီး တောင်ပိုက်းလူရိုင်းတွကို ထိန်းချုပ်ကာ အနောက်ချင် ဒေသကို အေးချမ်းစခဲ့တယ်။ ဒါပေမဲ့ သူမအစ်ကို နေကောင်းသွားတဲ့အခါ သူမက တစ်ယောင်ယာက်နဲ့ လက်ထပ်ပြီးတော့ စစ်တပ်ကနေ အနားယူခဲ့တယ်။

လက်ထပ်ပြီးနောက်မှာတော့ သူမက ခင်ပွန်းသည်ရဲ့ ချစ်မြတ်နိုးမှုကို မရတဲ့အပြင် နာမကျန်း ဖြစ်လာပြီး အမြင်အာရုံပါ ဆုံးရှုံးခဲ့ရပါတယ်။ လှလှပပ ကိုယ်လုပ်တာ်လေးတစ်ယာက်က သူမရှ့မှာ ရပ်ပြီးတော့ တိုးတိုးလေး ပြောလာတယ်။

"နင့်မျက်လုံးအတွက် အဆိပ်ဆေးကို နင့်မိသားစုက အကြီးအကဲတွေ ကိုယ်တိုက်ပးခဲ့တာ။ လူသေကမှ လျှို့ဝှက်ချက် မ‌‌ထုတ်ဖာ်မှာလေ။ ဒါပေမဲ့ နင် အသက်ရှင်နေတာက သူတို့ကို ကြီးကြီးမားမား ခြိမ်းခြောက် နေတာကိုး"

နာမည်ကျော်ကြားတဲ့ သူရဲကောင်း စစ်သူကြီးတစ်ဦး ဖြစ်တဲ့သူမက အနောက်နန်းဆောင်ထဲက မနာလိုတတ်တဲ့ အမျိုးသမီးတွေ လက်ထဲမှာ အဆုံးသတ်သွားရတာ။ ရယ်ဖို့ကောင်းလိုက်တာ။

သူမ ပြန်နိုးလာတဲ့အခါ စစ်တပ်အမှုထမ်းတစ်ဦးအဖြစ်နဲ့ လေ့ကျင့်ရေးကွင်းမြေပြင်မှာ နူ့းညံ့ပြီး ပေါက်ကွဲနေတဲ့ ငယ်ရွယ်မှုအပြည့်နဲ့ ဖြစ်နေတဲ့ သူမကိုယ်သူမ ပြန်တွေ့လိုက်ရတယ်။

သူတို့က သူမရဲ့စစ်ရေးကျွမ်းကျင်မှု၊ သူမဘဝ၊ သူမရဲ့တပ်သားတွကို လိုချင်ခဲ့ပြီး သူမရဲ့ချစ်ခင်မှုတွေကို ခြေနဲ့နင်းခြေခဲ့ကြတယ်။ အခုဘဝအသစ်မှာတော့ သူမ ဆုံးရှုံးခဲ့သမျှကို ပြန်ယူဖို့ ဆုံးဖြတ်လိုက်တယ်။ သူမကို ကမ္ဘာကြီးက ပြန်ခေါ်ခဲ့ပြီး သူမအလှတရားကို တောက်ပစေကာ ပြည်နယ်ကိုးခုကို မှင်တက်သွား စေခဲ့တယ်။

စစ်စခန်းရဲ့ လေးနက်မှုက ပင်လယ်လို နက်ရှိုင်းတယ်။ မှန်ကန်တဲ့ အစပြုခြင်းကနေ သူမရဲ့ အရင်ဘဝက ကံဆိုးမှုတွေကို ရင်ဆိုင်ခဲ့ပြီး "ထက်ရှတဲ့ စွမ်းရည်တွေနဲ့ လွှမ်းမိုးနိုင်သူ" ငယ်ရွယ်တဲ့ စစ်သူကြီး အဖြစ် အသိအမှတ်ပြုခံခဲ့ရတယ်။

အေးစက်စက် အမျိုးသမီး စစ်သူကြီးနဲ့ ပေါက်ကွဲလွယ်တဲ့ ဝံပုလွေလို ကောင်လေးစစ်သူကြီးနှစ်ဦးတွေ့ဆုံခြင်း။

ပြန်လည်မွေးဖွားလာသော ကြယ်စင်စစ်သူကြီးWhere stories live. Discover now