Part 2

2.4K 213 0
                                    

CHAPTER (2)

နွေဦးမိုးမှာ ဆက်လက်ရွာသွန်းနေလျက် တိတ်မည့်ဟန်မရှိ။ သို့သော်လည်း မီးလင်းဖိုမှ မီးအရှိန်ကြောင့် အခန်းအတွင်း နွေးလို့နေသည်။ မီးဖိုအထက် ဆေးကျိုထားသည့် အိုးမှ ဆူတက်နေသည့် ရေနွေးငွေ့များကြောင့် ထွက်ပေါ်နေသည့် "တပွက်ပွက်" မြည်သံကို အတိုင်းသား ကြားနေရသည်။ ကြေးမုံပြင်ရှေ့ မိန်းမပျိုလေး ထိုင်နေပြီး ကြေးမုံ၌ မိန်းမပျို၏ ဖျော့တော့နေသည့် ပုံရိပ်မှာ ရောင်ဟန်နေကာ သိမ်မွေ့သော မျက်ခုံး၊ ပန်းသွေးရောင်‌ သန်းနေသော ပါးပြင်နှင့် ရေသစ်ကြားသီးသဖွယ် ခပ်ဆူဆူ နှုတ်ခမ်းတစ်စုံတို့ဖြင့် နူးညံ့လှပသည့် ရုပ်သွင်ကို သူ မျက်မှောင်ကြုတ်လျက် ကြည့်နေသည်။ မန်မွန်စေ့သဏ္ဌာန် မျက်ဝန်းတစ်စုံသည်လည်း နက်မှောင် စိုစွတ်နေကာ မြူများ ဖြစ်ပေါ်စေမည့် တောင်ကျ စမ်းချောင်းလေးသဖွယ်၊ ဝေဝါးနေသည့် တိမ်စိုင်များ လွင့်ပြယ်ပြီး ဖုံးကွယ်ထားသည့် ရတနာရောင်တို့ ထွက်ပေါ်လာသည့်ပမာ ကြည်လဲ့လို့နေသည်။ နှင်းဖြူလေးကဲ့သို့ ဖြူဖွေးသော အသားရည်နှင့် စွဲမက်ဖွယ်ရုပ်ရည်တို့ ပိုင်ဆိုင်ထားသော်လည်း သူနှင့် ဆက်ဆိုင်သည့် အရာသည် ထိုအလှအပ တစ်ခုတည်းသာ ဖြစ်လေသည်။

အမှန်ပင် သူသည်လည်း မိမိအလှအကြောင်းကောင်းစွာ သိရှိနားလည်သူ ဖြစ်သဖြင့် အလှပြင် ခုံငယ်လေးအထက် မျက်နှာချေမှုန့်နှင့် အမွေးနံ့သာ အမှုန့်များ နေရာယူထား၏။ မျက်နှာခြေမှုန့်အချို့ နှာခေါင်းအတွင်း ဝင်ရောက်လာသဖြင့် မထိန်းနိုင်ဘဲ နှာချေမိခဲ့သည်။ ချက်ချင်းပင် ကြေးမုံပြင်သည် ရှုထုတ်လိုက်သည့် လေပူတို့ကြောင့် အဖြူရောင် မျက်နှာချေအမှုန့်များဖြင့် ဖုံးအုပ်သွားခဲ့ပြီး နဂိုကတည်းမှ ဝေဝါးနေသည့် သူ၏ရုပ်ပုံမှာ ပိုမိုဝေဝါးသွားခဲ့သည်။

ယောက်ျားလေးဘဝမှ ပထမဆုံးအကြိမ် စွန့်ခွာလာခဲ့သည့် အချိန်သို့ ပြန်ရောက်သွားသကဲ့သို့ ဟယ်ယန် တွေဝေသွားခဲ့သည်။ ယခုကဲ့သို့ ပင် မှန်အရှေ့ထိုင်လျက် ကြေးမုံမှတစ်ဆင့်‌ မြင်နေရသည့် သူ၏ရုပ်သွင်အား ဘဝတစ်သက်မျှ ကြာသကဲ့သို့ ထိုင်ကြည့်နေမိခဲ့သည်။

ပြန်လည်မွေးဖွားလာသော ကြယ်စင်စစ်သူကြီးWhere stories live. Discover now