Part 66

1K 97 1
                                    


CHAPTER (66)

ကနဦးတွင် ရှောင်ကျွယ်မှမာတာ့မေနှင့်အခြားနည်းပြနှစ်ဦးကို ခေါ်၍ မိမိနှင့်မြှားပစ်ပြိုင်စေခဲ့သော် ပြိုင်ပွဲပြီးဆုံးပြီးနောက် ၎င်းတို့မှသူ၏ ကျွမ်းကျင်မှု အရည်အချင်းကို သတိထားခဲ့ကြပြီး အသိအမှတ်ပြုမှု တချို့ရှိလာမည်ဟု ဟယ်ယန်ထင်မှတ်ထားခဲ့သည်။ သို့သော်လည်း ရက်အနည်းငယ်ကျော်လွန်ခဲ့ပြီးသည့် တိုင် သာမန်အခြေအနေ၌ သာ ရှိနေခဲ့‌သည်။ ရံဖန်ရံခါ၌ မိမိအားစိန်ခေါ်လာသည့် တပ်သားအချို့‌ပေါ်လာခြင်းမှလွဲ၍ မည်သည့် ကိစ္စမျှ မရှိခဲ့ပေ။ ရိက္ခာအပိုဝေစုဖြင့် ပင် ထောက်ပံ့ခြင်းမရှိခဲ့၏။ ဖြစ်နိုင်စွာရှိလှ တိုက်ဆိုင်မှု တစ်ခု သာ ဖြစ်သလော။ ဖြစ်ကောင်းဖြစ်နိုင် နည်းပြသုံးဦးသည် လျန်ကျိုးခံတပ်အတွင်း ရှိနေရသည်မှာငြီးငွေ့နေလှပြီး မိမိ၏ အရည်အချင်းကို စမ်းသပ်လိုခဲ့သောကြောင့် ဟု ဟယ်ယန်တွေးမိသည်။ ယခုလောလောဆယ် ထိုကိစ္စကို ဘေးဖယ်ထားရန်သာ ဟယ်ယန်ဆုံးဖြတ်လိုက်သည်။

ရက်အနည်းငယ်မျှ မိုးစွေပြီးနောက် အပူချိန်သည်တစ်မျိုးတစ်ဖုံလျော့ကျလာသည်။ ရံဖန်ရံခါ မနက်ပိုင်းအပြေးလေးကျင့်ချိန်၌ နေရောင်ခြည်တိုက်ရိုက်မရှိတော့ဘဲ လေပြေအေးလေးများသာ တိုက်ခတ်နေတတ်သည်။ မကြာမီ လျန်ကျိုးခံတပ်၏ နွေရာသီကုန်ဆုံးတော့ပေမည်။ တဖြည်းဖြည်းအေးလာသော ရာသီဥတုကြောင့် တပ်သားအသစ်များကို ယခုရက်ပိုင်းအတွင်း မကြာခဏတောင်တက်ခွင့်ပေးလာခဲ့သည်။ လပြာတောင်သည် ကျယ်ပြောလှပြီး တောင်ရိုးကို ဖြတ်ကျော်ရန် တစ်ရက်နှင့်တစ်ညခန့်အချိန်ယူရ၏။ ထို့ကြောင့် တပ်သားအသစ်များအားတောင်ရိုးဖြတ်ခြင်းမှတားမြစ်ထားပြီး တောင်ထိပ်အထိသာ တက်ခွင့်ပေးထားသည်။ ငါးယောက်လျှင် တစ်ဖွဲ့အဖွဲ့ခွဲပေး၍ တောင်ထိပ်အထိ ကင်းလှည့်ထွက်စေသည်။ ဟုန်ရှန့်မှ ပဟေဋိဖြစ်လျက်

"ကင်းလှည့်ဖို့အတွက် ဘာလို့ လူငါးဦးလိုတာလဲ အကယ်၍ တကယ်သာ အန္တရာယ်ရှိရင် ငါးယောက်တည်းနဲ့ လုံလောက်ပါ့မလား"

ကျိန်းသေ လုံလောက်မည် မဟုတ်ကာ အကြောင်းမူ အမှန်စင်စစ် ကင်းလှည့်ထွက်ခြင်းမျိုး မဟုတ်သောကြောင့် ဟု ဟယ်ယန် တစ်ကိုယ်တည်း တွေးလိုက်သည်။ လျန်ကျိုးခံတပ်ရှိ တပ်သားအသစ်များ အားလုံးသည် ယနေ့ထက်တိုင် နွေရာသီတောက်လျှောက် လေ့ကျင့်နေခဲ့ကြသည့် အပြင် မကြာမီ "အလံဖမ်းပွဲ" ကျင်းပမည့် အချိန်သို့ ရောက်ရှိလာကြမည် ဖြစ်သည်။

ပြန်လည်မွေးဖွားလာသော ကြယ်စင်စစ်သူကြီးWhere stories live. Discover now