Part 30

1.8K 169 4
                                    

30 01

CHAPTER (30)

ဟယ်ယန် ၏ သပ်ရပ်‌သော လက်ရေးလက်သားကို မျက်နှာနီကြီးသတိထားခဲ့သဖြင့်

"မင်းစာဖတ်တတ်တယ်ပေါ့"

"နည်းနည်းပါးပါး သင်ခဲ့ဖူးတယ်"

ဟယ်ယန် မှ ရိုးရှင်းနှိမ့်ချစွာ ဖြေကြားလိုက်သည်။

တပ်အတွင်း ရောက်ရှိလာကြသူအများစုသည် လူကြမ်းကြီးများသာဖြစ်ပြီး တချို့တလေသာ စာဖတ်နိုင်ကြသည်။ ဟယ်ယန့်ကို ကြည့်နေသည့် မျက်နှာနီကြီး၏ မျက်နှာအမူအရာတို့ပျော့ပြောင်းသွားပြီး

"အနောက်တဲထဲသွားပြီး မင်းရဲ့ စာတမ်းကို အတည်ပြုလက်မှတ်ထိုးလိုက် ပြီးတာနဲ့ မင်းရဲ့ တပ်သားတစ်ဦး အဖြစ် စာရင်းသွင်းခြင်း ပြီးဆုံးပြီ"

ဟယ်ယန် ထိုသူကြီးကို ကျေးဇူးတင်စကားပြောပြီး အနောက်ဘက်တဲသို့ ဝင်သွားခဲ့သည်။ ဤတဲသည် ကျယ်ပြောလှသော မြင်းမွေးမြူရေးခြံ၏ အတွင်း ဘက်အကျဆုံးနေရာ၌ တည်ရှိသည်။ ဟယ်ယန် တဲရွက်ဖျင်ကို မပြီး တဲအတွင်း ဝင်သွားခဲ့သည်။ တဲအတွင်း လူတစ်ဦး မတ်တပ်ရပ်လျက် ကျန်တစ်ဦး သည်ထိုင်နေခဲ့သည်။ ဝဝဖိုင့်ဖိုင့်ရင်အုပ်ကားကားလူထွားကြီးသည် ခွေးခြေတစ်ခု ၌ ထိုင်လျက် ဖိနပ်စီးနေပြီး မတ်တပ်ရပ်နေသော သူကို ပြုံးရွှင်သော မျက်နှာထားဖြင့် မေးမြန်းနေသည်။

"ဘယ်လို လဲ ကျုပ်လုံလုံလောက်လောက်သန်မာရဲ့လား"

ဟယ်ယန် မှ ထိုသူ့အား မမြင်ဟန်ဆောင်ပြီးလမ်းတစ်ဖက်သို့ ကြည့်လျက် လျှောက်လှမ်းဝင်သွားသည်။ ထိုလူထွားကြီးမှ သူ့ကို သတိထားမိသွား၍ တအံ့တဩလေသံဖြင့်

"သူ့လိုအားနည်းတဲ့ကောင်လေးက တပ်ထဲဝင်နိုင်ပါ့မလား"

ဆေးဆရာမှ ထိုလူထွားကြီးအားအဖြေအစားခပ်မြန်မြန်နှင်ထုတ်စကားသာ ဆိုခဲ့သည်။

"မြန်မြန်လုပ် မင်းဖိနပ်စီးပြီးသွားတော့ ကျုပ်နောက်တစ်ယောက်ကြည့်ရဦးမယ်"

ဤသို့ ဖြင့် လူထွားကြီးတဲအတွင်း မှ ခပ်သုတ်သုတ် ထွက်ခွာသွားခဲ့သည်။ တဲအပြင်မရောက်မီအထိ ဟယ်ယန့်အား နားမလည်သော အမူအရာဖြင့် တစ်ချက် လှည့်ကြည့်လိုက်သည်။

ပြန်လည်မွေးဖွားလာသော ကြယ်စင်စစ်သူကြီးWhere stories live. Discover now