Part 64

1.4K 121 0
                                    


CHAPTER (64)

လျင်မြန်သော အရှိန်ဖြင့်မြင်းခွာများလေကို ကန်လျက် လျှပ်စီးအလျင်နှယ် ပန်းတိုင်သို့ ဦးတည်၍ အကြိတ်အနယ်ယှဉ်ပြိုင်နေကြသည်။ ဟယ်ယန်နှင့်မာတာ့မေသည် လက်ရည်တူယှည်ပြိုင်နေကြပြီး လက်ရှိအရှိန်နှုန်းဖြင့် မည်သူအရင်ဦးဆုံးပန်းဝင်မည်ဟူသည်ကို မခန့်မှန်းနိုင်ဖြစ်နေသည်။ လျန်ဖင်းနှင့်တုမောင်မူ ၎င်းတို့အရှေ့မှမြင်းနှစ်ကောင်နှင့်ယှဉ်နိုင်ခြင်းမရှိသဖြင့် လက်လျော့အ‌ရှုံးပေးနှင့်ကြပြီးဖြစ်သည်။ အေးရာအေးကြောင်း မြင်းစီးလိုက်ပါနေကြပြီး အကြီးအကဲနည်းပြရှန်၏ တောင်းဆိုမှု ကို ဖြည့်ဆည်းပေးခဲ့သဖြင့် ရောင့်ရဲနေကြသည်။

ပြီးခဲ့သော ည နည်းပြရှန်မှ၎င်းတို့သုံးဦးကို ဆင့်ခေါ်၍ ဟယ်ယန်နှင့်မြင်းစီးမြှားပစ်ပြိုင်ရန်ညွှန်ကြားခဲ့သည်။ မူလ၌ လျန်ဖင်းနှင့်တုမောင်တို့ငြင်းဆိုခဲ့ကြသေးသည်။ မိမိတို့သည် တပ်သားအသစ်များမဟုတ်သဖြင့် အဘယ်ကြောင့်ဟယ်ယန်နှင့်မိမိတို့ကိုယ်ကိုယ် တန်းတူထားနှိုင်းယှဉ်သင့်ပါမည်နည်း။ သို့သော် အကြီးအကဲနည်းပြရှန်မှ ဤစီစဉ်မှု ကို အတင်းအကြပ်တိုက်တွန်း၍ ၎င်းတို့အားပြိုင်ပွဲဝင်နေစဉ်အချိန်အတွင်း ဟယ်ယန့်အားအခက်တွေ့စေပြီး အနိုင်မရစေရန်တားဆီးခိုင်းခဲ့သည်။ လျန်ဖင်း ဤအစီအစဉ်ကြောင့်မသက်မသာ ဖြစ်မိသည်။ ဟယ်ယန်နှင့်နှိုင်းယှဉ်ရပြီး ကောင်လေးအားအနိုင်မရစေခြင်းသည် မတရားပေ။ နည်းပြများကို တပ်သားအသစ်ငယ်တစ်ဦးဖြင့် ယှဉ်ပြိုင်စေခြင်းသည် အနိုင်ကျင့်မှု တစ်မျိုးပင်ဖြစ်နှင့်နေပြီး ၎င်းမှဟယ်ယန့်အ‌ပေါ်အုပ်စုဖွဲ့ဆန့်ကျင်ခြင်းသည် လွန်လွန်းလှ၏။

သို့သော် အစီအစဉ်အတိုင်းဖြစ်မလာမည်ဟု မည်သူမျှ မခန့်မှန်းမိခဲ့ကြပေ။ ဟယ်ယန့်အားအနှောင့်အယှက်ပြဿနာမပြုနိုင်ရုံသာ မက ဟယ်ယန်ထံမှပင် ပြန်လည်အနှောင့်အယှက်ပေးခံခဲ့ရ၏။ ကံကောင်းထောက်မစွာဖြင့် ဤအဖြစ် ကို တပ်သားအသစ်များမမြင်တွေ့ခဲ့ပေ။ သို့ မဟုတ်ပါက မိမိတို့မျက်နှာထားစရာနေရာမရှိဖြစ်ကုန်မည်ပင်။ သို့သော်လည်း မိမိတို့နည်းပြသုံးဦးအနက်မာတာ့မေသည် မြင်းရေးအကျွမ်းကျင်ဆုံးပုဂ္ဂိုလ်ဖြစ်သည်။ ဟယ်ယန် ထိုသူနှင့်မည်သို့ ယှဉ်ပြိုင်နိုင်ပါမည်နည်း။

ပြန်လည်မွေးဖွားလာသော ကြယ်စင်စစ်သူကြီးWhere stories live. Discover now