Part 22

1.8K 183 1
                                    

22 01

အခန်း ၂၂ ဖောက်ပြန်မှု

နောက်ရက်များမှာတော့ အရာအားလုံး သည် ငြိမ်သက်အေးချမ်းနေခဲ့သည်။

အိမ်ခေါင်မိုးကို ပြုပြင်ပြီး အိပ်ရာခင်းများ လဲပြီးပြီဖြစ်သည်။ ဟယ်ယန် သည် ဟယ်ယွင်ရှန်း အတွက် သူ့အား တောက်တိုမည်ရ အလုပ်များနှင့် အိမ်တော်ရှိ အိမ်မှုကိစ္စများကို ကူညီလုပ်ကိုင်ပေးမည့်၊ ချင်းမေအတွက်လည်း စကားပြောဖော်ရမည့် အစေခံငယ်တစ်ဦး ကိုလည်း ရှာတွေ့ခဲ့ပြီး ဖြစ်သည်။

ဟယ်ယွင်ရှန်း သည် ကျောင်းစတက်နေပြီဖြစ်ပြီး ဟယ်စွေ့ အဝေးရောက်သွားသောအခါ အိမ်တော်တွင် ဟယ်ယန် တစ်ယောက်တည်း ကျန်ရစ်နေခဲ့သည်။ ချင်းမေတစ်ယောက်သာလျှင် အဖော်အနေနှင့် ရှိသဖြင့် ဟယ်ယန် သည် ခြံဝင်းထဲတွင် သူမ​၏ ဓားရေးကို ပွင့်ပွင့်လင်းလင်း လေ့ကျင့်နိုင်ခဲ့သည်... ချောင်းဟန့်လိုက်ပြီး ၊ ကောက်ထားသော သစ်ကိုင်းခြောက်နှင့် လေ့ကျင့်လိုက်သည်။

သူမ​သည် စိတ်ထဲတွင် ဓားရေးများကို ကျွမ်းကျင်သော်လည်း သူမ၏ လက်ရှိခန္ဓာကိုယ်သည် အတော်နုနယ်သည်။ အနည်းငယ် ဆောင့်မိတာ၊ သို့ မဟုတ် ခလုတ်တိုက်မိတာမျိုးဆိုလျှင်တောင် သိသာထင်ရှားသော ဒဏ်ရာများ ကျန်ခဲ့သည်။ ထို့အပြင် သူမတွင် အားသိပ်မရှိလှပါ။ ဟယ်ယန် ​၏ မှန်မှန်လေ့ကျင့်မှုကြောင့် အတော်လေး တိုးတက်လာသော်လည်း သူမသည် ယခင်ပုံစံနှင့် အလှမ်းဝေးနေဆဲဖြစ်သည်။

စစ်မြေပြင်တွင် ထိုသို့ သော ခန္ဓာကိုယ်ဖြင့် တိုက်ပွဲဝင်ခြင်း သည် လက်တွေ့မကျလှပေ။ ဟယ်ယန် သည် သက်ပြင်းချလိုက်ပြီး သစ်ကိုင်းကို ချလိုက်သည်။

"သခင်မလေး၊ သခင်မလေး" ချင်းမေသည် ပြေးဝင်လာပြီး-"တစ်ယောက်ယောက်က အပြင်ကနေ ပစ္စည်းအများကြီး ပို့လာပြန်ပြီ"

ဟယ်ယန် သည် မျက်မှောင်ကြုတ်ကာ-"သူတို့က ဘာလို့ ဒီကို ထပ်လာနေတာတုန်း"

"ဒီအစေခံလည်း မသိပါဘူး ။ သူတို့က ပစ္စည်းတွေ ချပြီးတာနဲ့ ထွက်သွားတာပါ" ချင်းမေသည် အကျပ်တွေ့သော အနေအထားတွင် ရောက်နေသည်"သခင်မလေး၊ ကျွန်တော်မျိုးမတို့ အခု ဘာလုပ်သင့်လဲ။ သခင်လေး ကျောင်းတော်က ပြန်လာလို့ ဒါတွေ ကို မြင်ရင် ဒေါသဖြစ်မှာ အသေအချာပဲ"

ပြန်လည်မွေးဖွားလာသော ကြယ်စင်စစ်သူကြီးWhere stories live. Discover now