37 01
CHAPTER 37
"ဟေ့လူအရှေ့တိုးမလာနဲ့"
ထိုသူမိမိအရှေ့ရောက်လာမည်ကို စိုးသောကြောင့် ဟယ်ယန် ကျောက်တုံးနောက်မှ ခေါင်းပြူ၍ အလျင်အမြန်လှမ်းအော်လိုက်သည်။
"ကျုပ်အဝတ်မပါဘူး ဗျ ခင်ဗျားဘာလုပ်နေတာလဲ"
ရှောင်ကျွယ်၏ ခြေလှမ်းများရပ်တန့်သွားသည်။ စိတ်သက်သာရာရသွား၍ ဟယ်ယန် သက်ပြင်းချမိသည်။ မိမိသိသော ရှောင်ကျွယ်သည် အလွန်အမင်း ဇီဇာကြောင်သူတစ်ဦး ဖြစ်၏။ ၎င်းအရှေ့၌ အဝတ်ဗလာဖြင့် ရှိနေခြင်း သည်အဆင့်မရှိစဟုယူစသူဖြစ်သဖြင့် ၎င်းအမြင်ညစ်ညမ်းခံမည်မဟုတ်ပေ။
"မင်းဘယ်သူလဲ"
ဟယ်ယန့်ကို ရှောင်ကျွယ်စိုက်ကြည့်လျက် အေးစက်စွာ မေးလိုက်သည်။
"ကျုပ်ကဒီစခန်းကို ရောက်ရှိလာတဲ့တပ်သားအသစ် ကျုပ်ဒီမှာရေချိုးနေတာ"
ဟယ်ယန် ထိုသို့ ပြန်ဖြေလိုက်သည်။ ထိုအဖြကို ကြားလျှင်ပဲ ရှောင်ကျွယ်၏ မျက်ဝန်းများ၌ လှောင်ပြောင်မှုအရိပ်အယောင်တို့ဖြတ်သန်းသွားသည်။ အလုံးစုံမယုံကြည်ခဲ့သေးသဖြင့် မေးခွန်းတစ်ခု ထပ်မံထွက်ပေါ်လာသည်။
"မင်းကဒီအချိန်ကြီး ဒီမှာရေချိုးနေတယ်ပေါ့"
"ညနေတုန်းကလူအရမ်းများလို့ ကျုပ်အခန်းထဲမှာအရင်အိပ်နေခဲ့တာ"
ရှောင်ကျွယ်ကို ဟယ်ယန် ကြည့်လျက်
"ကျုပ်က ဒီနေရာမှာကိုယ်ပိုင်သီးသန့်ရေချိုးရာနေရာရှိတဲ့ရာထူးအကြီးပိုင်းလည်းမဟုတ်ဘူး တကယ်လို့ ရာထူးကြီးပိုင်းသာဖြစ်ခဲ့ရင် ကျုပ်ဒီမှာဘာလို့ ရေချိုးနေတော့မှာလဲ ချမ်းကချမ်းချမ်းနဲ့"
'ရာထူးအကြီးပိုင်း'ဟူသည့် စကားလုံးသည် ရှောင်ကျွယ်ကို ရည်ညွှန်းလိုခဲ့ခြင်း ဖြစ်ပြီး မိမိ့ထေ့လုံးကို ရှောင်ကျွယ်ကောင်းမွန်စွာ သဘောပေါက်နားလည်လိမ့်မည်ဟု ဟယ်ယန် ယူဆခဲ့သည်။ သို့သော်လည်း ထိုထေ့လုံးကို ကြားပြီးခဲ့သည့် တိုင် မည်သည့် နောင်တအပြစ်ရှိမှုမျိုးမျှ ရှောင်ကျွယ်မပြသခဲ့လျက် မိမိ့အားတည်ငြိမ်စွာ စိုက်ကြည့်မြဲကြည့်နေသည်။ ဟယ်ယန် မြစ်ရေပြင်သို့ အကြည့်လွှဲပြီး မေးခွန်းတစ်ခု မေးလိုက်သည်။
![](https://img.wattpad.com/cover/359908865-288-k588007.jpg)