Part 34

2.4K 203 1
                                    

34 01

CHAPTER (34)

နွေလယ်ကာလဖြစ်သဖြင့် မနက်ငါးနာရီအချိန်ကပင်စတင်၍ အလင်းရောင် ရှိနေပြီဖြစ်သည်။ ယခင်ခရီးတစ်လျှောက်အိပ်ရာထချိန်ထက်ပင်စော၍ အိပ်ရာထခဲ့ကြရပြီး မနေ့ည လျန်ကျိုးသို့ ဆိုက်ရောက်ပြီးနောက် လူတိုင်းစိတ်လှုပ်ရှားနေခဲ့ကြသဖြင့် အိပ်ရာဝင်နောက်ကျခဲ့သည်။ ရလဒ်အနေဖြင့် ယနေ့လေ့ကျင့်ရေးကွင်း၌ စုဝေးကြသောအခါ အားလုံး အိပ်မှုံစုံမွှားဖြစ်နေကြလျက် တချို့ဆိုပါက ဖိနပ်ပြောင်းပြန်ပင်စီးမိလျက် ဖြစ်နေသည်။

စီတုံတစ်ယောက်အဆင်ပြေသော်လည်း ရှောင်မိုင်နှင့် ဟုန်ရှန့်မူ လမ်းလျှောက်လျက် ခါးပတ်ဝတ်ကာ တစ်လမ်းလုံးအလုပ်များလာကြသည်။ စိတ်ဓာတ်တက်ကြွ၍ လန်းဆန်းနေသော ဟယ်ယန့်ကို ကြည့်လျက် ၎င်းတို့နှစ်ဦးစိတ်အတွင်း ပဟေဋိဖြစ်နေကြပြီး

"အားဟယ် မင်းမပင်ပန်းဘူး လား"

"မနေ့ညကအစောကြီးအိပ်ပျော်သွားခဲ့တော့ ကျွန်တော်ကောင်းကောင်းအိပ်ရေးဝခဲ့တယ်လေ"

ဟယ်ယန် ထို့သို့ ပြန်ဖြေလိုက်သည်။ ရှောင်မိုင်မှ

"အစ်ကို ကတကယ်ကို အံ့ဩစရာပဲ"

ဤသို့ ဖြင့် စကားပြောလမ်းလျှောက်လာရာမှ လေ့ကျင့်ရေးကွင်းပြင်သို့ ရောက်ရှိလာကြသည်။ ပထမဆုံးနေ့ဖြစ်သဖြင့် ပုံစံအနေအထားကို ချီတက်အဖွဲ့အစဉ်အတိုင်းနေရာချထားခဲ့သည်။ စင်မြင့်အထက်၌ မျက်ခုံးထူထူ၊ မျက်လုံးကြီးကြီးနှင့် ကြမ်းတမ်းနက်မှောင်သော အသားအရည်ရှိသည့် ဝတ်စုံအနီဝတ်တုတ်ခိုင်သန်မာသော ယောက်ျားတစ်ဦး ရပ်နေသည်။ အရပ်ရှည်ရှည်နှင့် ခက်ထန်လှသော ထိုသူ့လက်အတွင်း လှံရှည်တစ်ချောင်းကိုင်ထားပြီး ဩဇာရောင် ဝါအပြည့်ကို လှစ်ဟပ်ပြနေသည်။

"အဲဒါဘယ်သူလဲ"

ဟယ်ယန် မေးလိုက်သည်။

"သူက ကျွန်တော်တို့လေ့ကျင့်ရေးကြီးကြပ်ကွပ်ကဲဖို့တာဝန်ရှိတဲ့ အကြီးအကဲနည်းပြရှန်"

ရှောင်မိုင်သည်စပ်စပ်စုစုရှိသူဖြစ်သဖြင့် ဤအကြောင်း ကို ကြိုတင်စုံစမ်းထားခဲ့သည်။ ဟယ်ယန် ခေါင်းညိတ်ခဲ့သော်လည်း အတွေးအတွင်း ရှောင်ကျွယ်တစ်ယောက်ကိုယ်တိုင်ကြီးကြပ်ညွှန်ကြားလိမ့်မည်ဟု ထင်မှတ်ခဲ့သည်။ သို့သော် ယနေ့အထိထိုသူ့အရိပ်အယောင်ပင်မတွေ့နိုင်လျက် ဖြစ်နေခဲ့သည်။ ထိုသို့ ဆိုလျှင်ပဲ မိမိတို့နှစ်ဦးလုံးသည် တပ်အတွင်း အမှူထမ်း‌ေဆာင်‌ေနသည့် ငယ်ရွယ်သော အရာရှိမင်းများဖြစ်ကြပြီး ရာထူးတိုးချီးမြှောက်ခံရကာ စစ်သူကြီးများဖြစ်သည့် တိုင် တစ်ဦး နှင့် တစ်ဦး တပ်သားလေ့ကျင့်ပုံလေ့ကျင့်ပေးနည်းများကွဲပြားပြီး ကိုယ်ပိုင်လေ့ကျင့်နည်းကိုယ်စီရှိခဲ့ကြသည်။ ဟယ်ယန် သည် ရှောင်ကျွယ်ထံမှ တပ်သားလေ့ကျင့်ရေးနည်းလမ်းကို လေ့လာလိုခဲ့သော်လည်း ယခုအခြေအနေ ဖြင့် သင်ကြားခွင့်ရနိုင်မည့်အခြေအနေ မျိုးမရှိသေးပေ။

ပြန်လည်မွေးဖွားလာသော ကြယ်စင်စစ်သူကြီးWhere stories live. Discover now