Part 61

998 109 0
                                    


CHAPTER 61

ဓားအသွား၏ ခပ်ဖျော့ဖျော့အရောင်တို့ လက်တစ်ကမ်းအလိုသို့ ရောက်ရှိလာပြီး သွေးဆာမှု အရိပ်အယောင်တို့ကို ထုတ်လွှင့်နေသယောင်။ စင်အောက်ရှိ ပွဲကြည့်ပရိတ်သတ်အရှေ့ ပေါ်ထွက်လာသော ဤမြင်ကွင်းသည် အထိတ်တလန့် အာမေဋိတ်သံတို့ကို ညှစ်ထုတ်ခဲ့သည်။ လျန်ဖင်း အလိုအလျောက် သတိပေးမိသည်။

"သတိထား!"

ဓားရေးယှဉ်ပြိုင်မှု သည် လှံရှည်တိုက်ပွဲနှင့် မတူပေ။ လှံရှည်စီးချင်းထိုးခြင်းသည် မြှားပြိုင်ပွဲနီးနီး အန္တရာယ်ရှိသော်လည်း ဓားရေးသည် ပိုမိုစွန့်စားရ၏။ တစ်ချက်မျှ မှားရုံဖြင့် သွေးထွက်သံယို ဖြစ်စေနိုင်ပြီး ဟွမ်ရှုံ့၏ ကြီးမားလှသော ခွန်အားဖြင့် မည်သည့် လက်ချော်မှု တစ်ခု မဆို ကံဆိုးမိုးမှောင်ကျမှု တစ်ခု အဖြစ် ပြောင်းလဲပစ်နိုင်ခဲ့မည်။ သာမန်အားဖြင့် ဂရုစိုက်လေ့မရှိသည့် ဤချာတိတ်သည် ထိုကဲ့သို့ အခြေအနေ မျိုးကို မည်သို့ ရှောင်လွှဲနိုင်ခဲ့ပါမည်နည်း။ ဓားရေးယှဉ်ပြိုင်နေစဉ် စိတ်အာရုံလွင့်နေခြင်းသည် နောင်တရဖွယ် အမှားတစ်ခု ဖြစ်သဖြင့် လျန်ဖင်း ပူပန်မိခဲ့သည်။

အခွင့်အရေးကို အမိအရ ဖမ်းဆုပ်၍ ဟွမ်ရှုံ့မှ ကန့်လန့်ဖြတ် အနေအထားဖြင့် ခုတ်ချက်တစ်ချက် ပိုင်းချလိုက်သည်။ အန္တရာယ်ပြုလာသည့် ဓားချက်ကို ဟယ်ယန် အလျင်အမြန် တိမ်းရှောင်လိုက်သည်။ လည်ပင်းတည့်တည့်သို့ ဟွမ်ရှုံ့၏ ဓားချက်နေရာတကျ ဝင်လာ‌စဉ် ဟယ်ယန် ရုတ်တရက် ခေါင်းမော့လိုက်ပြီး နှုတ်ခမ်းအစွန်၌ မဲ့ပြုံးတစ်ချက် တွန့်ကွေးသွားသည်။

"အို၊သွားပြီ"ဟူသည့် အတွေးတစ်ခု ဟွမ်ရှုံ့၏ စိတ်အတွင်း နစ်ဝင်လာသည်။ နောက်ပြန်ဆုတ်မည် ပြုနေစဉ် ချက်ချင်းဆိုသလို ဟယ်ယန့်ဘယ်လက်မှ ဓားသွားသည် ၎င်း၏ ဓားရှည်ထံ ပြေးဝင်လာနှင့်ခဲ့ပြီး ညာဘက်ဓားမှ ၎င်းအား စက်ဝန်းသဏ္ဍာန် ဝိုင်းပတ်နှင့်နေခဲ့ပြီ။ အပျာပျာ အယာယာဖြင့် ဝင်လာသော ဓားချက်‌ကို ရှောင်တိမ်းရန် ဟွမ်ရှုံ့ နောက်လှန်ချလိုက်စဉ် ချာတိတ်၏ မဲ့ပြုံး ပိုမိုသိသာ သွားသည်ကို သတိထားမိလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း ဟယ်ယန့် လက်အတွင်း သို့ ဓားနှစ်ချောင်းစလုံး ပြန်ရောက်လာခဲ့သည်။ အမွှာဓားသွား ယွမ်နှင့်ယန်မှ ဓားတစ်ချောင်းတည်း အဖြစ် ပေါင်းစပ်သွားပြီး ဟွမ်ရှုံ့ ခေါင်းတည့်တည့် ချိန်ရွယ်ခဲ့သည်။ လက်မြှောက်ကာရန် ကြိုးစားခဲ့သော်လည်း ခြေတစ်လှမ်း နောက်ကျနှင့်နေပြီ။ နှဖူးရှေ့တည့်တည့်၌ ဓားသွားတို့ ရပ်တန့်သွားခဲ့ပြီး သက်ရောက်အား‌ကြောင့် ညှစ်ထွက်လာသည့် သွေးရည်လုံးလေး တစ်စက် ဓားဖျားအောက်၌ ထွက်ပေါ်လာသည်။ ပြိုင်ပွဲကွင်းတစ်ခု လုံး ငြိမ်ကျသွားခဲ့သည်။ ထို့နောက် ဟယ်ယန်မှ ဓားကို ဓားအိမ်အတွင်း ပြန်ထည့်၍ အဝတ်စတစ်စ ကမ်းပေးလျက်

ပြန်လည်မွေးဖွားလာသော ကြယ်စင်စစ်သူကြီးWhere stories live. Discover now