Part 53

784 86 0
                                    


အပိုင်း ၅၃

လေ့ကျင့်ရေးကွင်းထဲမှာ ဟယ်ယန်က သူမရဲ့ လေးကို တဖြည်းဖြည်းချင်း ဆွဲထားပြီးပြီ။

သူမရဲ့ မျက်လုံးကဖုံးထားတော့ ဘာကိုမှ မမြင်နိုင်ဘူး။ သားကောင်ကိုလည်း မမြင်ရဘူး။ သူမ အသံကိုပဲ နားထောင်နိုင်တယ်။

ဒါပေမယ့် တကယ်တော့ ဘာမှမရှိတာက မျက်မမြင်ဖြစ်ရတာထက် ပိုပြီးကောင်းတယ်။ အမြင်အာရုံမရှိတဲ့အတွက် ကမ္ဘာပေါ်မှာရှိတဲ့ အရာအားလုံးကို အကြားအာရုံတစ်ခု ထဲကသာ ပိုပြီးတောင် ရှင်းရှင်းလင်းလင်း ကြားနိုင်တယ်။

မမြင်ရတဲ့ အချိန်အတွင်း သူမမှာ စိတ်ပျက်စရာ အချိန်အတွေ့အကြုံတွေ ရှိခဲ့တယ်။ ကမ္ဘာပေါ်မှာ မျက်စိမမြင်တဲ့ လူတစ်ယောက်က အဆင်မပြေမှုတွေ များစွာနဲ့ ရင်ဆိုင်ရတယ်။ မိမိကိုယ်တိုင် ဂရုစိုက်ရတာကတောင် စိန်ခေါ်မှုတစ်ခုလို ဖြစ်လာတယ်။ ဒါပေမယ့် သူမက အမြဲတမ်း စိတ်ပိုင်းဖြတ်ထားတယ်။ သူမရဲ့ ပင်ကိုယ်စွမ်းရည်ကို ကြိုးစားတာနဲ့ အစားထိုးလိုက်တယ်။ သို့သော်လည်း ဘေးအန္တရာယ်တွေ သူမမှာ ပေါ်လာခဲ့ရင် သူမရဲ့ အားထုတ်မှုတွေ အကုန်လုံးက တစ်ခဏအတွင်း အဝေးကို တိုက်ထုတ်လိုက်တယ်။ သူမရဲ့ သာမန်ပင်ကိုယ်စွမ်းရည်ကိုတောင် အတွေးမှားပဲလို့ ပြောင်းလဲသွားစေတယ်။

သူမ စိတ်ပျက်နေပြီး မျှော်လင့်ချက် မရှိတော့သလို ခံစားခဲ့ရတာတွေကို မှတ်မိနေသေးတယ်။ တစ်စုံတစ်ယောက်က သူမကိုပြောခဲ့တယ်။ "မင်းသန်မာဖို့ အမှန်တကယ် ဆုံးဖြတ်ပြီးပြီဆိုရင် မျက်စိမမြင်တာက ဘာမှအရေးမပါဘူး။ မင်းက မျက်မမြင်ဖြစ်နေမယ် ဆိုရင်တောင် မျက်မမြင်တွေထဲမှာ ပြိုင်ဘက်ကင်း ဖြစ်နေနိုင်သေးတယ်"

အဲ့ဒါက သေချာတဲ့ စိတ်ချမ်းမြေ့စရာ အကြောင်းအရာ မဟုတ်ပေမယ့် တချို့ အကြောင်းပြချက်တွေအတွက် အဲ့ဒါက သူမရဲ့ စိတ်ထဲမှာ စွဲနေခဲ့ပြီ။ သူမက မျက်လုံးတွေကို မမှီခိုပဲနဲ့ လေ့ကျင့်မှုတွေလုပ်ခဲ့ပြီး "မျက်မမြင်တွေထဲမှာ ပြိုင်ဘက်ကင်း" ဖြစ်ဖို့ မကြာခဏ တွေးတောခဲ့တယ်။

သူမ အမှန်တကယ် "အကောင်းဆုံး" ပြိုင်ဘက်ကင်း ဖြစ်လာဖို့ မသေချာပေမယ့် ပုံမှန် မျက်မမြင်လူတွေနဲ့တော့ သူမက ကွာခြားနေခဲ့တယ်။ သူမကိုယ်သူမ ဂရုစိုက်နိုင်ပြီး တခြားသူတွေကိုတောင် ဂရုစိုက်နေနိုင်သေးတယ်။ အစေခံ အမျိုးသမီးတွေရဲ့ အနောက်မှာ ဓားသိုင်းကို လေ့ကျင့်ခဲ့တယ်။ အံ့စာတုံးပစ်တာတွေ စနောက်ပြီး ကစားတာတွေနဲ့ ကလေးတွေ သုံးတဲ့ လောက်လေးဂွကို ခိုးယူလာတာတွေလည်း လုပ်ခဲ့တယ်။ သူမက ငှက်ပစ်ဖို့တောင် ခိုးထွက်ခဲ့သေးတာပဲ။

ပြန်လည်မွေးဖွားလာသော ကြယ်စင်စစ်သူကြီးWhere stories live. Discover now