Part 7

2.2K 227 0
                                    

CHAPTER (7)

ညအချိန်ဝယ် ပြတင်းပေါက်အက်ကြောင်းမှတဆင့် တိုးဝင်လာသော လေအေးများကြောင့် ဖယောင်းတိုင်မီးမှာ ဘယ်ညာယိမ်းနွဲ့လို့နေသည်။ မိမိအရှေ့ရှိ ငွေစနှစ်ကို ဟယ်ယန်ကြည့်လျက်

"ဒါပဲလား"

"ကျွန်မ ဆိုင်ရှင်ကို နည်းနည်းလောက် ငွေစလေး တိုးပေးဖို့ ပြောကြည့်ခဲ့ပေမဲ့"

ချင်းမေ့ အိုးတိုးအန်းတန်းဖြင့်

"ဒါပေမဲ့ ဆိုင်ရှင်က ဆံတိုးနဲ့ရတနာတွေက ဒီလောက်ပဲတန်တယ် ဆိုပြီး ပြောလိုက်ပါတယ်"

ဟယ်ယန် ခေါင်းငြိမ့်ပြပြီး

"ဒါဖြင့် မင်းသွားလို့ရပါပြီ"

ချင်းမေ့အခန်းမှ ထွက်သွားခဲ့သည်။ ဟယ်ယန်ငွေစများကို တစ်စစီလက်ဖဝါးအတွင်း ကောက်ထည့်လိုက်သည်။ စုစုပေါင်း ငွေစလေးနှစ်စသာ သူ၏လက်ဖဝါး၌ ရှိနေသည်။ ထိုငွေစလေးနှစ်ကို ကြည့်လျက် သူ၏စိတ်နှလုံးတို့ ပြိုကျလာခဲ့သည်။ ယခင်ဟယ်မိသားစု၌ ရှိခဲ့စဉ် မိမိဘဝ၌ ငွေကြေးပြတ်သည်ဟူသည့် အချိန်အခါမျိုးဖြင့် ဟယ်ယန် မ‌ကြုံတွေ့ဖူးခဲ့ပေ။ ‌သုံးစရာငွေ မရှိခဲ့သည့်တိုင် သာမန်ကာလျှံကာ လက်ဝတ်ရတနာတချို့ သို့မဟုတ် ကျောက်စိမ်းအဆောင်တစ်ခုကို ထုတ်ရောင်းခြင်းဖြင့် လွယ်လင့်တကူ ငွေရရှိနိုင်ခဲ့၏။ နောက်ပိုင်း တိုက်ပွဲများ အလယ် ကျင်လည်ခဲ့သောအခါ ငွေမလိုအပ်ခဲ့ဘဲ မြို့တော်သို့ ပြန်ရောက်သောအခါ ဧကရာဇ်မှ ဟယ်မိသားစုပိုင် ခြံဝန်းတစ်ခုလုံး အပြည့် လက်ဆောင်ပဏ္ဏာများ ချီးမြှင့်ပေးခဲ့လေ့ရှိသည်။

ဧကရာဇ်မှ စစ်သေနာပတိဖေးဟုန်ကို ဆုတော်အဖြစ် ချီးမြှင့်ပေးခဲ့သည့် ရွှေ၊ငွေနှင့်ရတနာများ အကြောင်း သတိရမိပြီး ၎င်းရတနာများကိုသာ ယူသုံးနိုင်ခဲ့သော် လက်ရှိဟယ်မိသားစု၏ လက်ရှိပြဿနာအား ချက်ချင်း ဖြေရှင်းပေးနိုင်ခဲ့မည်ပင်။ သို့သော်လည်း လက်ရှိဟယ်ယန်သည် ထိုမိသားစုဝင် ဟယ်ယန် မဟုတ်ခဲ့တော့ပေ။ ဟယ်ယန် သက်ပြင်းမောမောကြီး ချမိသည်။ "ဒင်္ဂါးတစ်ပြားမှ သူရဲကောင်းတစ်ယောက်အား အနိုင်ပိုင်းနိုင်၏" ဟူသည့် ဆိုရိုးကို ယခုအခါ အလုံးစုံ သဘောပေါက်ခဲ့ပြီ။

ပြန်လည်မွေးဖွားလာသော ကြယ်စင်စစ်သူကြီးWhere stories live. Discover now