28 01
CHAPTER (28)
တဖွဲဖွဲရွာနေသည့် မိုးပြေးကလေးသည် သည်းသထက်သည်းလာသည်။ ကောင်းနှင့် ရေပြင်တို့ထိတွေ့ခဲ့ပြီး ညှို့မှိုင်းနေသော ကောင်းကင်အောက်ရှိ ငါးဖမ်းလှေငယ်များမှ မီးရောင် မှိန်မှိန်လေးများသည် တစ်ဖက်ခြမ်းမှ တစ္ဆေများသဖွယ် ဖြစ်လို့ နေသည်။ ဒုံမင်းကြိုး၏ နောက်ဆုံးမြည်သံတို့ရပ်တန့်သွားပြီး ညသည်မျှော်မှန်းထားသည်ထက်ပိုမိုတိတ်ဆိတ်လာခဲ့သည်။ ထိုအချိန်၌ မိန်းမပျိုတစ်ဦး ၏ အာခေါင်ခြစ်အော်သံသည် တိတ်ဆိတ်နေသောညအချိန်ကို ဖြိုခွင်းလိုက်သည်။
"လူသတ်သမား လူသတ်သမား—"
အပျော်လှေ၏ ခပ်လှမ်းလှမ်းအကွာအဝေး၌ လှေငယ်အချို့ စုဝေးနေပြီး သက်တော်စောင့်များတစုတစည်းတည်း ဖန်းချန်အချက်ပြသည်ကို စောင့်နေကြသည်။ ရုတ်တရက် အာခေါင်ခြစ်အော်သံတစ်သံကြားလိုက်ရသဖြင့် အားလုံး ပျာယာခတ်သွားကြသည်။
"ဘာဖြစ်တာလဲ အရမ်းကြာနေပြီနော် ဘာလို့ သူကပြဿနာရှာနေရသေးတာလဲ"
အစောင့်ခေါင်းဆောင်မှ မေးလိုက်သည်။
"သခင်လေးဆီကလည်း ကိုယ်ပိုင်အချက်ပြမှုကို မမြင်ရသေးဘူး နည်းနည်းလောက်ထပ်စောင့်ကြည့်ရအောင်"
တစ်ယောက်မှ ဝင်ထောက်လိုက်သည်။ ဖန်းချန်၏ သက်တော်စောင့်များအဖြစ် နှစ်ပေါင်းများစွာ ထမ်းဆောင်လာခဲ့ပြီး နောက် ၎င်းတို့အဖို့ အရေးအကြီးဆုံးအချက်သည် သခင်ဖြစ်သူ၏ စိတ်ကို ဖတ်နိုင်ဖို့သာဖြစ်၏။ ယခုကဲ့သို့ သော အခြေအနေ မျိုးနှင့် လည်း နေသားကျနှင့် ပြီးဖြစ်သည်။ ဖန်းချန်သည် ဖန်းမိသားစု၏ သခင်လေးဖြစ်နေသည်မှာ နှစ်ချီနှင့် ပြီး ၎င်းထံလိုလိုလားလားပစ်ဝင်လာသည့် မိန်းမများထက် ကောင်းမွန်သော မိသားစုများစွာကို ဖျက်ဆီးလာခဲ့သူဖြစ်၏။ ယနေ့ညအခြေအနေ သည်လည်း ထိုအခြေအနေ များအနက်မှ တစ်ခု သာဖြစ်လာခဲ့သည်။ သနားစရာအမျိုးသမီးငယ်လေးများကို လှေသို့ မဟုတ်မြို့ပြင်စံအိမ်သို့ ပြန်ပေးဆွဲခေါ်ယူခဲ့ပြီး ဖန်းချန်မှ ၎င်းတို့ကို ပြက်ရယ်ပြုအနိုင်ကျင့်ခဲ့သည်။ ကိစ္စပြီးသော် ငွေတချို့ပေး၍ ပြန်လွှတ်ခဲ့လေ့ရှိသည်။ ထိုသနားစဖွယ်မိန်းမငယ်များသည် ၎င်းတို့၏ ဝမ်းနည်းနာကျည်းမှုများအတွက် ငိုကြွေးစရာနေရာမရှိသဖြင့် ထိုအတိုင်းသာကိစ္စပြီးစေခဲ့ရသည်။ ဟယ်ယန် သည်လည်း ၎င်းတို့ထဲမှ တစ်ဦး အပါအဝင်ဖြစ်လာရမည်ပင်။
![](https://img.wattpad.com/cover/359908865-288-k588007.jpg)