Part 67

894 88 0
                                    


CHAPTER (67)

ယုန်လိုက်၍ မရသကဲ့သို့ မြေခွေးဖမ်း၍ လည်းမဖြစ်ချေ။ ငှက်ပစ်ခြင်းပင်ပြု၍ မရပါ။ အမဲလိုက်ခြင်းမပြုဘဲ "ကင်းလှည့်ခြင်း" သာ ပြု၍ တောင်တက်လာခဲ့ကြရသည်။ လပြာတောင်၏ တောင်တက်လမ်းသည် လမ်းကြမ်းသော်လည်း ရှုခင်းများသည်ရင်သပ်ရှုမောဖွယ် ကောင်းလှ၏။ တောင်ကျချောင်းများမှရေငွေ့ပြန်လာသော မြူထုသည် ပတ်ဝန်းကျင်ကို ကြည်လင်အေးချမ်းသည့် ရီ ဝေဝေမြင်ကွင်းလေးဖြင့် လွှမ်းခြုံထားသည်။ စိမ်းလန်းစိုပြည်သော‌စိမ်းရောင်စုံတို့မှ ၎င်းတို့ကို ဝန်းရံနေပြီး တောင်ထွတ်ဖျား၌ တိမ်မျှ င်တန်းနှင့်မြူခိုးတို့ရစ်ဝဲဖုံးကွယ်လို့နေသည်။ ထိုရှုခင်းလေးမှာ နတ်ပြည်၏ ဗိမာန်တစ်ခု ပမာပင်။

မြင်တတ်သည့် တပ်သားသစ်မှ အဝါရောင်စက္ကူတချို့ယူဆောင်လာပြီး လမ်းကြောင်း မှတ်မိစေရန် မီးသွေးအသုံးပြု၍ နေရာအမျိုးမျိုးမှအမှတ်သားများကို ကပျာကယာရေးမှတ်နေသည်။ အဆင်းလမ်းမပျောက်စေရန်အလို့ငှာ လမ်းခုလတ်ရှိ သစ်ပင်များ၌ လည်း အမှတ်အသားများ ပြုလုပ်ထားခဲ့ကြ၏။ မည်သူမျှ လေးနှင့်ဒူးလေးသယ်ဆောင်လာခဲ့ခြင်းမရှိသဖြင့် ခရီးတွင်ခဲ့သည်။ မနက်အစောပိုင်းမှစတင်ခဲ့သည့် တောင်တက်ခရီးသည် နေ့လည်၌ တောင်ထွတ်သို့ ရောက်ရှိခဲ့ကြသည်။ မြင်းများကို အနီးနားရှိသစ်ပင်များ၌ လံကြိုးတပ်ပြီး စမ်းချောင်းတစ်ခု ဘေး၌ ခဏနားခဲ့ကြသည်။ ခရိက္ခာခြောက်နှင့်အားဖြည့်ပြီးနောက် တောင်ပြန်ဆင်းပါက နေမဝင်မီစခန်းသို့ ပြန်ရောက်မည်ဖြစ်သည်။ တောင်ထိတ်သို့ ရောက်ချိန်၌ ဟယ်ယန့်ကို နှုတ်ဆက်ခဲ့သည့် တပ်သားသည် အတော်မောပန်းလို့နေသဖြင့် ခြေပစ်လက်ပစ်ထိုင်ချပြီး ၎င်း၏ ရိက္ခာ‌ခြောက်ကို ဝမ်းပန်းတသာ ထုတ်ယူ၍ တမြုံ့မြုံ့ဝါးစားလျက်

"ငါတို့ နောက်ဆုံးတော့ တောင်ထိပ်အထိ ရောက်လာခဲ့ပြီ ငါဆက်ပြီးလမ်းလျှောက်နိုင်မယ် မထင်တော့ဘူး"

ဟယ်ယန် စမ်းချောင်းရေဖြင့် လက်ဆေး၍ ထိုသူ့အောက်ရှိ ကျောက်တုံးတစ်ခု၌ ထိုင်ပြီး မိမိ၏ ရိက္ခာခြောက်ကို ထုတ်ယူလိုက်သည်။ ရိက္ခာခြောက်များသည် မနက်ပိုင်း၌ ၎င်းတို့ကို ဝေမျှ ပေးခဲ့သည့် မုန့်ခြောက်များသာ ဖြစ်ပြီး ခြောက်ကပ်မာတောင်လို့ နေသည်။ ထိုတပ်သားမှ ဟယ်ယန့်အနား တိုးကပ်လာပြီး ၎င်းအိပ်ကပ်အတွင်း မှ ထင်းရှူးစေ့အခြောက် လက်တစ်ဆုပ်စာခန့်ကို ထုတ်ယူကာ ဟယ်ယန့်ကို ကမ်းပေးလိုက်သည်။

ပြန်လည်မွေးဖွားလာသော ကြယ်စင်စစ်သူကြီးWhere stories live. Discover now