အခန်း(၄၇):ဆယ်ရက်တာသဘောတူညီမှု
"ဆယ်ရက်အတွင်း ငါမင်းကို အနိုင်ယူပြမယ်"
ကောင်ကလေးက သေချာနေတဲ့ လေသံ၊ မျက်နှာပေါ်က တောက်ပနေတဲ့ အပြုံးနဲ့ ပြန်ပြောလိုက်ပြီး နေရောင်ခြည်ကလည်း သူ့မျက်လုံးတွေထဲ တလက်လက် ထနေတဲ့ ရတနာတွေလိုမျိုး ရောင်ပြန်ဟပ်နေခဲ့တယ်။ ဝမ်ပါး သူ့ကိုယ်သူတောင် ခဏတာ သံသယ ဝင်သွားတော့တယ်။
ခဏလောက်ကြာတော့ သူ့ရဲ့ ခဏတာ သံသယအတွေးကို လန့်သွားပြီးတော့ သူ့ဘာသာသူ စိတ်ထဲကနေ ကျိန်ဆဲလိုက်ပြီးတော့ အတွေ့အကြုံ နုနယ်သေးတဲ့ သူတစ်ယောက်ကနေ သူ့ကို ခြိမ်းခြောက်သွားတာကို လန့်သွားတယ်။ သူ အသက် တော်တော်ကို နေခဲ့ပြီးပါပြီ။ အဲ့လိုအားနည်းပြီး အတွေ့အကြုံ မရှိတဲ့ ငယ်ရွယ်တဲ့ သူ တစ်ယောက်ထက်ကို သူက အဆင့်များ နိမ့်နေခဲ့တာလား စကားလုံးတွေကို စိစစ်မသုံးတဲ့၊ အထက်စီးဆန်ပြီးတော့ သူ့ရဲ့ ကန့်သတ်ချက်ကိုတောင် မသိတဲ့ ကလေးသာသာပဲ ရှိတဲ့သူ
သူ အေးအေးစက်စက်နဲ့ လှောင်လိုက်တယ်။ "ဟယ်ယန် မင်းဘာတွေ ပြောနေတယ် ဆိုတာကိုကော မင်းသိရဲ့ လား"
"ထပ် ပြောပြစေချင်တာလား" ကောင်ကလေးက မဲ့ပြုံးပြုံးလိုက်တယ်။ "နားတွေက သိပ်မကောင်းတော့ဘူး ဆိုတော့လည်း ပြန်ပြောပြပါ့မယ်။ ဆယ်ရက်အတွင်း ငါမင်းကို အနိုင်ယူပြမယ်"
"မင်းကများ..." ဝမ်ပါး သူ့လက်သီးတွေကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တယ်။
"ဟယ်ယန်က ရူးနေတာလား..." ဟုန်ရှန်က ရေရွတ်နေတယ်။ လူတိုင်းက ဝမ်ပါးရဲ့ မြားပစ်ပညာတွေကို မျက်မြင်တွေ့ခဲ့ကြပြီး သော်လည်း ဟယ်ယန်ရဲ့ တိုးတတ်မှုတွေကို မနေ့ထဲက တွေ့ခဲ့ပြီး သူ တကယ်ပဲ ဆယ်ရက်ထဲ လေ့ကျင့်တာနဲ့ မြားတစ်ချောင်းထဲနဲ့ နွားထီးရဲ့ မျက်လုံးကို ထိနိုင်မှာလား။ (နွားထီးဆိုတာက မြားပစ်ကွင်းမှာ တိရိစ္ဆာန်ပုံလေးတွေ ကပ်ထားတာကို ဆိုလိုတာပါ)
ကောင်လေးက ယုံကြည်မှု တော်တော်ရှိနေခဲ့ပြီးတော့ ဒီလိုအခြေအနေမျိုးမှာ ရဲရင့်တဲ့ ဆုံးဖြတ်ချက်တွေ ချဖို့ ဆိုတာကို နားလည်လို့ ရပေမယ့် တကယ်လို့ သူသာ နောက်ကျ ပြောတဲ့အတိုင်း မလုပ်နိုင်ခဲ့ရင်ကော...