Part 21

2K 199 4
                                    

21 01

အခန်း ၂၁။ စစ်မှုထမ်းကြေညာစာ

အပြန်လမ်းတွင် ဟယ်ယွင်ရှန်းသည် ဟယ်ယန် ၏ မျက်နှာအမူအရာကို အကဲခတ်နေခဲ့သည်။

"မင်း ဖန်းမျိုးရိုးနာမည်နဲ့ အဲဒီလူနဲ့ နောက်ထပ်ဆက်ဆံစရာ မရှိတော့ဘူး မလား" သူသည် သေချာအောင် ထပ်တလဲလဲ မေးမြန်းနေခဲ့သည်။

"ငါ နင့်ကို ကတိပေးတယ်၊ သူနဲ့ ဘယ်တော့မှ ထပ်မပတ်သက်တော့ဘူး" ဟယ်ယန်က ခိုင်မာစွာ ပြန်ဖြေလိုက်သည်။

"အဲ့ဒါဆို လုံလောက်ပြီလား"

သူမ၏ ပြတ်သားသော သဘောထားကို မြင်လိုက်ရသော် ဟယ်ယွင်ရှန်း သည် အနည်းငယ် စိတ်သက်သာရာ ရသွားသည်။

ဟယ်ယွင်ရှန်း ကိုယ်တိုင်က ဘာကြောင့်မှန်းမသိပေမယ့် တောက်လျှောက် တတွတ်တွတ်ပြောနေခဲ့သည်မှာ အဖွားအိုထက်ပင် သာပါသည်။

"ငါ မင်းကို မယုံတာ မဟုတ်ပါဘူး ၊ ဒါပေမဲ့ အဲ့ဖန်းမျိုးရိုးနာမည်နဲ့လူက အရမ်းကောက်ကျစ်ပြီး အမြဲလိမ်ပြောတတ်လို့ ပါ"ဟု ဟယ်ယွင်ရှန်း က မရပ်မနား ဆက်ပြောသည်။

"အဲ့လိုလူက ဘာကောင်းလို့လဲ။ သူ့ကို စိတ်ဝင်စားနေရင်တော့ မင်းက မျက်ကန်းဖြစ်ရမယ်။ ငါ့အနေနဲ့ ပြောရရင်တော့ စစ်သူကြီးဖုန်းယွင်ကမှ တကယ့်ကို လေးစားစရာကောင်းတဲ့လူပဲ..."

ဟယ်ယန် သည် ဟယ်ယွင်ရှန်း ၏ ပြောစကားကို နားထောင်ပြီး တစ်ဖက်နားမှ ဝင်ကာ တစ်ဖက်နားမှ ထွက်သွားသည်။ သို့သော်လည်း ရှောင်ကျွယ်ဟု သူပြောလိုက်သည်ကို သူမ ကြားလိုက်သောအခါ ရပ်လိုက်ပြီး သူ​၏ အဆုံးမသတ်နိုင်သော ပေါက်ပေါက်ဖောက်မှုကို ကြားဖြတ်လိုက်ပြီး - "ဒါက ရှောင်ကျွယ်နဲ့ ဘာဆိုင်လို့လဲ"

"ဒုတိယသခင်လေး ရှောင်ကျွယ်က ချောတယ်မလား" ဟယ်ယွင်ရှန်း က မေးလိုက်သည်။

သန့်စင်ရည်မွန်သော အသွင်အပြင်နှင့် သူ့တွင် အပြစ်အနာအဆာ တစ်စုံတစ်ရာ ရှာတွေ့ရန် ခက်လှသည်။

"အမ်... သူက ကြည့်ကောင်းပါတယ်"

"ပြီးတော့ သူ့မိသားစုနောက်ခံကရော ဘယ်လိုလဲ"

ပြန်လည်မွေးဖွားလာသော ကြယ်စင်စစ်သူကြီးWhere stories live. Discover now