Part 18

2.2K 184 0
                                    

18 01

CHAPTER 18

စစ်သေနာပတိဖေးဟုန်နှင့် သေနာပတိဖုန်းယွမ်တို့သည် ပေါ်တင်တစ်မျိုးသွယ်ဝိုက်၍ တသွယ်အချင်းချင်း တိုက်ခိုက်လေ့ရှိပြီး မီးနှင့် ရေပမာမလိုက်ဖက်ဟူ၍ ပြောနေခဲ့ကြသည်။ သို့သော်လည်း ထိုမျှ ချဲ့ကားရန် မလိုအပ်ဟု ဟယ်ယန် တွေးမိသည်။ အလွန်ဆုံးရှိလှ စစ်တပ်သို့ ဝင်ရောက်ခဲ့ကြပြီး ဆုတံဆိပ်များဆွတ်ခူးနိုင်ခဲ့ကြကာ ငယ်ငယ်ရွယ်ရွယ်နှင့် ဧကရာဇ်ထံမှ ချီးမြှင့်မြောက်စားခြင်း ခံရသည့် လူငယ်လေးနှစ်ဦးသာဖြစ်၏။ လူတိုင်းလိုလို မိမိတို့နှစ်ဦးကို နှိုင်းယှဉ်နေခဲ့ကြပြီး အချို့ မူ တဆင့်စကားကို မွမ်းမံထားကြသည့် ဆီနှင့် ရှာလကာရည်များဖြစ်ခဲ့သည်။ အချိန်ကြာလာသည်နှင့် အမျှ တဆင့်ပြန်ကြားရသည့် စကားများသည် မယုံနိုင်စဖွယ်ပြောင်းလဲသွားခဲ့ပြီး ငိုရခက်ရယ်ရခက်အဖြစ် နှင့် အဆုံးသတ်လာရသည်။

သို့သော်လည်း အနည်းဆုံးတစ်ဦး တည်းပမာဏအနေဖြင့် ဆယ့်လေးနှစ်သားအရွယ်ဟယ်ယန် ၏ စိတ်နှလုံးအတွင်း၌ ထိုသခင်လေးရှာင်ကို မုန်းတီးစိတ် တစိုးတစမျှ ပင်ရှိမနေခဲ့ပေ။ ထိုဘဝထိုအချိန်၌ သူသည် နှစ်ပေါင်းများစွာ ဟယ်ရူဖေးအဖြစ် ရုပ်ဖျက်နေထိုင်နေနှင့်ခဲ့ချိန်လည်းဖြစ်၏။ တစ်ခု တည်းသော အခက်အခဲဟူသည် ထိုအသက်အရွယ်ရှိယောက်ျားလေးများသည် ကျောင်းတက်ပညာသင်ကြားနေသည့် အရွယ်ဖြစ်သည့် အချက်ပင်။ ကျား၊ မကွာခြားချက်ကြောင့် အမျိုးသမီးများသာ ၎င်းတို့နေထိုင်ရာအိမ်သို့ ဆရာခေါ်၍ ပညာသင်ကြားနိုင်ပြီး သားယောက်ျားလေးများသည် ဆရာခေါ်သင်လေ့မရှိခဲ့ပေ။ ဟယ်မိသားစုမှ နေ့စဉ်ရက်ဆက်ဆရာခေါ်၍ အိမ်တွင်းပညာရေးပြုစေခဲ့သော်လည်း အချိန်ကြာလာသည်နှင့် ထိုအပြုအမူသည် မသင့်မလျော်ဖြစ်လာခဲ့ပြီး ၎င်းတို့အိမ်တော်၏ ဂုဏ်သတင်း၌လည်း လူပြောစရာဖြစ်စေနိုင်ခဲ့သည်။

ဤသို့ဖြင့် အဆုံးထိ နှောင့်နှေးအချိန်ဆွဲလျက် ရှိနေခဲ့ပြီး ဟယ်ယန် အသက်ဆယ့်လေးနှစ်အရွယ်ရောက်ချိန်မှ ရှီးချန်ကျောင်းတော်သို့ ပညာသင်ကြားရန် ပို့ပေးရန် အကြောင်း ဖန်လာခဲ့သည်။ ရှီးချန်သည် မြို့တော်၏ နာမည်အကြီးဆုံး ကျောင်းတစ်ကျောင်း ဖြစ်၏။ ကျောင်းတည်ထောင်သူ ဆရာကြီးသည် လက်ရှိဧကရာဇ် အိမ်ရှေ့စံမင်းသား အရွယ်၌ စာပြပညာသင်ကြားပေးခဲ့သည့် မင်းဆရာဖြစ်၏။ ကျောင်းတော်ကြီးသည် ပညာရပ်ခြောက်မျိုး သင်‌ကြားပေးပြီး ပညာတစ်ခုစီ သင်ကြားပေးသည့် ဆရာတစ်ဦး ချင်းစီတိုင်းသည်လည်း တော်ဝင်ညီလာခံ၌ အခစားဝင်နေရသည့် ပညာရှိအမတ်များ ဖြစ်ကြသည့်အပြင် လာရောက်ပညာသင်ကြားသည့် ကျောင်းသားများသည်လည်း တော်ဝင်သွေးများနှင့် အထက်တန်းလွှာအသီးသီးမှ လာရောက်ကြသူများဖြစ်ကြသည်။

ပြန်လည်မွေးဖွားလာသော ကြယ်စင်စစ်သူကြီးWhere stories live. Discover now