Part 43

2.1K 202 0
                                    

အခန်း (၄၃) : ညပိုင်း လေ့ကျင့်ရေး

ဟယ်ယန်က ရှီတုံးနဲ့ ရှောင်မိုင်နဲ့ အတူ ထိုင်နေခဲ့တယ်။

ဟုန်ရှန်ရဲ့ စိတ်ပူနေတဲ့မျက်နှာက ချွေးတွေ ကျတော့မလိုဖြစ်နေပြီး သူက ဟယ်ယန်ကို ကြည့်ပြီး ပြောလိုက်တယ်။ "အားဟယ် မင်းအခု လေးကို ဆွဲတောင်မဆွဲနိုင်ဘူး။ မင်းအနာဂတ်မှာ ဘာလုပ်မှာ လဲ ငါတို့ လျန်ကျောက်ထုံ ဆီကို သွားပြီး မင်းက အသင်းခေါင်းဆောင် ဖြစ်လာလိမ့်မယ်လို့ ဘာလို့ သွားမပြောရမှာ လဲ" သိပ်ပြီး မကြီးကျယ်ပေမယ့် မင်းက ကံကောင်းပါတယ်။ မဟုတ်ဘူးလား

ရှောင်မိုင် သူက ရှောင်မိုင်ကို တစ်ခုခု ပြောစေချင်လို့ အရိပ်အမြွက်ပေးပြီး တံတောင်နဲ့ တို့လိုက်တယ်။ ရှောင်မိုင်က စကားထစ်နေပြီး "ဟုတ်တယ် အစ်ကို အားဟယ် အစ်ကို အသင်းခေါင်းဆောင်ဖြစ်လာရင်တောင် ကျွန်တော်တို့က မကြာခဏ လာတွေ့မှာ ပါ"ဟယ်ယန်က ဘာမှမပြောပဲ ပြုံးနေခဲ့တယ်။ ဟုန်ရှန်က သူဒါကို တွေ့လိုက်တော့ တကယ်ကို စိတ်ပူနေခဲ့တယ်။ ဒီရက်တွေထဲ ဟယ်ယန်နဲ့ ဆက်ဆံကြည့်လိုက်တော့ သူနဲ့ ဒီလူငယ်လေးရဲ့ စိတ်နေစိတ်ထားက ပုံမှန်မဟုတ်ပဲ ရိုးရှင်းတယ်။ ပျက်ဆီးနေပြီး တခါတရံ ခေါင်းကို က်စရာတွေပဲ ပေးနေတဲ့ သူ့ညီနဲ့ နှိုင်းယှဉ်ကြည့်လိုက်တော့ ဟယ်ယန်က ပိုပြီးတော့ အသိဥာဏ်ရှိတယ်။ သူရဲ့ စိတ်ကူးထဲက ညီအစ်ကို က သူ့လိုမျိုး ဖြစ်သင့်တာ။ မသိမိလိုက်ပဲ သူက ဟယ်ယန်ကို သူ့ရဲ့ ညီလေး အရင်းလို ဂရုစိုက်ပေးမိနေပြီ။

သို့ပေမယ့်လည်း ဟယ်ယန်က လေးကို တောင် မဆွဲနိုင်ခဲ့ဘူး။ အနာဂတ်မှာ သူစစ်မြေပြင်ကို ရောက်သွားခဲ့ရင် သူ သေသွားနိုင်တယ်။ သူ့ညီလေး မီးပုံထဲ ခုန်ဆင်းရတာကို သူ ဘယ်လို ကြည့်နေနိုင်မှာ လဲ။

"အစ်ကို ရှန် ကျွန်တော့်ကို စိတ်မပူပါနဲ့ ။ မနက်ဖြန်တော့ ကျွန်တော် လေးကို ဆွဲနိုင်မှာ ပါ" သူမက သူ့ကို နှစ်သိမ့်လိုက်တယ်။

"မင်းက ဝိညာဉ်ရေးရာ စကားပြောတဲ့လူလို့ ထင်နေတာလား ဘာဖြစ်လာမလဲ ဆိုတာ မင်းမပြောနိုင်ဘူး" ဟုန်ရှန်က စိတ်ဆိုးပြီး ပျာယာခတ်နေခဲ့တယ်။ "ဒီက လေးက ဘာလို့ နားမလည်နိုင်ရတာလဲ"တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့တဲ့ ရှီတုံးက အခုလည်း တိတ်ဆိတ်နေပြန်တယ်။ သူက မေးလိုက်တယ် "မင်းမှာ လှည့်ကွက်တွေ ဘာတွေ မရှိဘူးလား""မရှိဘူး" ဟယ်ယန်က ခဏလောက်စဉ်းစားလိုက်ပြီး "ကျွန်တော်က အမြဲတမ်း မတတ်လွယ်တဲ့ လူတစ်ယောက်ပါ။ ကျွန်တော် မလုပ်နိုင်တာတွေများတယ်။ အကြိမ်များစွာ လေ့ကျင့်တာက လွဲပြီး ကျွန်တော့်မှာ ရွေးချယ်စရာမရှိဘူး။

ပြန်လည်မွေးဖွားလာသော ကြယ်စင်စစ်သူကြီးWhere stories live. Discover now