Part 6

2.3K 228 0
                                    

CHAPTER (6)

သူတို့နှစ်ဦးအိမ်မှ ထွက်ခွာခါနီးတွင် ဟယ်ယွင်ရှန်းမှ

"နင် ဘာတွေ လုပ်နေလို့ ကြာနေတာလဲ ငါတို့ နေရာကောင်း မရဘဲ နေတော့မယ်"

"ကိစ္စလေးရှိနေလို့ပါ"

ဟယ်ယန်အဖြေ တိုက်ရိုက် မဖြေပေးခဲ့ပေ။

"ရပါတယ် ငါတို့နေရာကောင်းမရလည်း ကိစ္စမရှိပါဘူး ငါတို့မုန့်က ပိုအရသာရှိတာပဲလေ"

ဟယ်ယွင်ရှန်း စကားစတို့ ပျောက်ရှသွားခဲ့သည်။ လက်ရှိဟယ်ယန်နှင့် စကားပြောနေရသည်မှာ ဝါဂွမ်းကို ထိုးနေရသည်သကဲ့သို့ သူ့အတွက် အခက်အခဲ ဖြစ်စေပြီး ဒေါသစိတ်ကို အစ်မဖြစ်သူအ‌ပေါ် မပုံချနိုင်ဖြစ်လို့ နေစေသည်။ ဟယ်ယန်သည်လည်း စိတ်ဆိုးဒေါသထွက်ဟန် မရှိလျက် စိတ်အေးလက်အေး ဖြစ်နေသဖြင့် ဟယ်ယွင်ရှန်းမှ ဟယ်ယန်တစ်ယောက် အကောင်းမြင် ပေးတတ်နေသလော သို့မဟုတ် တုံးအယောင်ဆောင်နေသလော ဟူသည်ကို မသိနိုင် ဖြစ်နေခဲ့သည်။ သို့‌သော်လည်း ယခုကဲ့သို့ ဟယ်ယန်ကို မတွေ့မြင်ရသည်မှာ ကြာလှခဲ့ပြီ မဟုတ်ပါလား။

၎င်းတို့နှစ်ဦး၏ မုန့်ဆိုင်လေးသည် မြို့အနောက်ဘက်လမ်းတစ်ခု၌ တည်ရှိနေပြီး မြို့၏အကြီးဆုံး စားသော က်ဆိုင် ကျူးယွဲ့ခြံဝန်း၏ မျက်နှာချင်းဆိုင်၌ ဆိုင်ထွက်လေ့ရှိသည်။ ဧည့်သည်များ တဖွဲဖွဲ သွားချည်ပြန်ချည် ရှိနေသည့် ထိုလမ်းကလေးရှိ စီးပွားရေးလုပ်ငန်းငယ်လေးများသည်လည်း အရောင်းအဝယ် ကောင်းလှ၏။ သို့သော် စီးပွားရှာကောင်းလွန်းလှသည့် နေရာလည်းဖြစ်၍ ဆိုင်နေရာကောင်းရရန် စောတတ်နိုင်သမျှ စောစောသွားကြရပေမည်။

ဟယ်ယွင်ရှန်း ပေါင်းအိုးအတွင်းမှ မုန့်ဝိုင်းကြီးကို ထုတ်ယူလိုက်သည်။ တာ့နိုင်မုန့်သည် ဂျုံဖြင့် ပြုလုပ်ထားသည့် အစာသွပ် သရေစာမုန့်တစ်မျိုး ဖြစ်သည်။ အခွံချွတ်ပြီး အစေ့ထုတ်ထားသည့် ထန်းသီးအား ထန်းရည်ဖြူ၊ နွယ်ချိုနှင့် ရောပြုတ်ပြီး ထို့နောက် ပျားရည်၊ ထင်းရှူးသီး၊ သံလွင်သီးအနှစ်၊ သစ်ကြားသီးအနှစ်၊ ဖရုံယို စသည့် ပါဝင်ပစ္စည်းများကို အချိုးကျရောစပ်ပြီး ပေါင်းအိုးအတွင်း နူးအိသည်အထိ ပေါင်းခံပြီး ရရှိလာသည့် မုန့်တစ်မျိုးဖြစ်သည်။ ချိုချဉ်အရသာဖြင့် အရသာရှိလှပြီး ဈေးသင့်သော မုန့်တစ်မျိုးလည်း ဖြစ်သည်။ ဟယ်ယွင်ရှန်း ထိုမုန့်လုပ်ရောင်းခြင်းဖြင့် လစဉ်လတိုင်း သူ၏မိသားစုကို တစ်ဖက်တစ်လမ်းမှ ဝင်ငွေရှာ၍ ထောက်ပံ့ပေးနေခဲ့သည်။

ပြန်လည်မွေးဖွားလာသော ကြယ်စင်စစ်သူကြီးWhere stories live. Discover now