Part 36

2.5K 216 1
                                    

36 01

CHAPTER 36

ခြောက်ကြော့မြောက်၊ ခုနစ်ကြော့မြောက်.....

နောက်ဆုံးအကြော့ပြီးမြောက်သောအခါ ရေမှ ခုန်ထွက်လာသည့် ငါးတစ်ကောင်ကဲ့သို့ ဟယ်ယန် ခံစားမိခဲ့သည်။ သူ့အနားသို့ ရှောင်မိုင်ရောက်ရှိလာပြီး ရေဘူး ကမ်းလျက်

"အစ်ကို အားဟယ် ရေသောက်လိုက်ဦး"

ဟယ်ယန် ခေါင်းမော့ပြီးရေဘူး အတွင်း မှ ရေကို တဂလုဂလုဖြင့် မော့သောက်လိုက်သည်။ ရေသောက်နေစဉ် ၎င်းတို့အနားသို့ အဖွဲ့မှူလျန်ရောက်ရှိလာပြီး ဟယ်ယန့်အားခေါင်းအစ‌၊ ခြေအဆုံးအကဲခတ်ကြည့်ရှူသွားခဲ့သည်။ ထို့နောက် ခေါင်းတယမ်းယမ်းပြုပြီး ပြန်လည်ထွက်ခွားသွားခဲ့သည်။ ထိုသူ့အကြည့်များမှ ဟယ်ယန် သည်အဖွဲ့မှူးသာဖြစ်နိုင်သည်ဟု ရှင်းလင်းစွာ ပြောပြသွားခဲ့သည်။

"မင်းဘာလို့ အပြီးအထိပြေးခဲ့တာလဲ"

ဟုန်ရှန့်‌မေးလိုက်သည်။

"မင်းကသိပ်ခေါင်းမာတာပဲ တခြားအပတ်ရေအပြည့်မပြေးတဲ့သူတွေ ရှိတာကို ငါတွေ့တာပဲ မင်းကသူတို့လောက်တောင် မပါးနပ်ဘူး"

မောပန်းနေလွန်းသဖြင့် ဟယ်ယန် စကားများများမပြောလိုသဖြင့်

"ကျွန်တော်အဖွဲ့ခေါင်းဆောင်ပဲမဖြစ်ချင်လို့ ပေါ့ဗျာ"

ဟုသာဖြေခဲ့သည်။

"အဖွဲ့ခေါင်းဆောင်ဖြစ်တော့ရော ဘာဖြစ်တုန်း အဖွဲ့ခေါင်းဆောင်ကိုလည်း အထင်မသေးနဲ့ သူတို့ကငါတို့ထက်တောင် ပိုအသက်ရှည်ရသေးတာ"

ဟုန်ရှန့်ပေါ့ပေါ့တွေး၍ ထိုသို့ ပြောခဲ့လိုက်သည်။

"ကျွန်တော်လည်းအဲဒီလိုပဲထင်တယ်"

ရှောင်မိုင်အနေဖြင့် ထိုရာထူးရရန် ပင်မျှော်‌လင့်နေခဲ့သယောင်ရှိ၏။

"ကျွန်တော်သာအဖွဲ့ခေါင်းဆောင်ဖြစ်လို့ က လူတိုင်းအတွက်ဟင်းချက်ပေးနိုင်မှာ အရသာရှိတဲ့စားစရာတွေ ပိုချက်ပြုတ်နိုင်ပြီလေ"

ဟယ်ယန် :"..... မင်းဟင်းချက်ချင်ရင် မင်းစားတော်ကဲလုပ်သင့်တာပေါ့ တပ်ထဲမဝင်ခဲ့သင့်ဘူး"

ပြန်လည်မွေးဖွားလာသော ကြယ်စင်စစ်သူကြီးOù les histoires vivent. Découvrez maintenant