CHAPTER (69)
နားဘေးမှ လေများ တဟူးဟူးတိုက်ခတ်သွားပြီး မည်သည့် အကွာအဝေးသို့ ရောက်လာခဲ့ကြောင်း မြင်းများမောဟိုက်၍ အပြေးရပ်မှ သတိထားမိခဲ့ကြသည်။ ရှိန်ဟန်မှ ၎င်း၏ ဝမ်းဗိုက်ကို ဆုပ်ကိုင်ထားပြီး လမ်းတစ်လျှောက် ကွေ့ကောက် စောင်းငမ်းစွာ မြင်းစီးလာခဲ့ရသည်။ တောင်တက် လမ်းကြမ်းသော်လည်း ပြေးလွှားရင်းလမ်းတစ်ဝက်၌ မရပ်ဝံ့ခဲ့ကြပေ။ ယခုအခါမှ ၎င်းတို့ဗိုက်အတွင်း ပြောင်းဆန်နေသည့် အခြေအနေများကို ခံစားမိခဲ့ကြပြီး အန်ထွက်လုနီးနီးပင် ဖြစ်နေကြသည်။ တောင်အဆင်းလမ်းတစ်ဝက်သို့ ရောက်နေခဲ့ကြပြီးအနောက်သို့ လှည့်ကြည့်သောအခါ ၎င်းတို့အနောက်မှ လိုက်ပါလာသည့် မည်သည့်ဝံပုလွေအုပ်ကို မျှ မတွေ့ပေ။ တပ်သားအသစ် တစ်ဦးမှ
"ကျုပ် ကျုပ် ကျုပ်တို့ ဘေးကင်းပြီကွ!"
ရှိန်ဟန် ကိုယ့်ခါးကိုယ်ကြောင်အမ်းအမ်းဖြင့် ငုံ့ကြည့်နေမိသည်။ ဤအခြေအနေ များမတိုင်မီ ၎င်းနှင့်အတူဝါးရင်းတုတ်ယူလာခဲ့ပြီး ထွက်ပြေးလာခဲ့စဉ်ဟယ်ယန့်အားထိုဝါးရင်းတုတ်ပေးခဲ့သည်။ ဟယ်ယန့်အကြောင်း စဉ်းစားမိလျှင်ပဲ ၎င်း၏ မျက်နှာတစ်ခု လုံးဖြူရော်သွားသည်။ တုန်တုန်ရီရီဖြင့်
".... ဟယ်ယန့်ကို ဘယ်လိုလုပ်ကြမလဲ"
လက်ထဲဝါးရင်းတုတ် တစ်ချောင်းသာ ရှိပြီး မန်ဒရင်းဘဲ ဓားသွားတစ်ဖက်သည်လည်း ရှိန်ဟန်ကြောင့် ပျောက်ဆုံးသွားခဲ့ရပြီး ကျန်တစ်ဖက်မှု ဝံပုလွေအုပ်ခေါင်းဆောင်၏ လည်မျို၌ တန်းလန်း စိုက်နေခဲ့သဖြင့် ဟယ်ယန့်လက်အတွင်း မည်သည့် လက်နက်မျှ ရှိမနေချေ။ ကျန်ဝံပုလွေသုံးကောင်မှ သူ့အနောက် လိုက်ပါသွားခဲ့သည့် အပြင် တစ်ယောက်တည်းလည်း ဖြစ်နေခဲ့သဖြင့် မည်သို့ လွတ်မြောက် နိုင်ပါမည်နည်း။
"ငါတို့ပြန်သွားပြီး သွားစစ်ကြည့်ရအောင် လား"
ရှိန်ဟန် ရှိသမျှ သတ္တိမောင်းတင်၍ အကြံပြုလိုက်သည်။
"ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ"
ကျန့်ရွှမ် အေးစက်စွာ စိုက်ကြည့်လိုက်ပြီး