Part 33

1.6K 170 1
                                    

33 01

CHAPTER 33

မြို့တော်မှ လျန်ကျိုးသို့ ခရီးသည် နှစ်လကျော်ကြာမြင့်ခဲ့ပြီး အခက်ခဲများဖြင့် ပြည့်နှက်နေခဲ့သည်။ တောင် များစွာကို ကျော်ဖြတ်ပြီး မြစ်‌များစွာကို ဖြတ်ကူးခဲ့ရသည်။ လျန်ကျိုးသို့ ရောက်သောအခါ အားလုံး ခရီးပန်း၍ အများစုမှာပိန်ချုံးကုန်ကြသည်။ ဟယ်ယန် ရေကန်အတွင်း မှ ရေကို လက်ခုပ်ဖြင့် ခပ်ယူလိုက်စဉ် ရေ၌ ထင်နေသော မိမိပုံရိပ်ကို သတိထားမိခဲ့သည်။ သခင်မလေးတစ်ဦး ကဲ့သို့ ဖြူဥသော အသားအရည်တို့သည် နှစ်လကျော်ကြာမရပ်မနားချီတက်ခရီးဆက်ခဲ့ပြီး နောက် ညိုမဲညစ်ပေလာခဲ့သည်။ ယခုအခါရှောင်မိုင့်အသားအရည်နှင့် ပင်ဆင်တူသယောင်ဖြစ်နေ၏။

အကယ်၍ သခင်မလေးဟယ်အစစ်သာ ယခုအချိန်ပြန်ရောက်လာသော် မိမိကိုယ်ကိုယ်လည်ပင်းညှစ်သေလိုမိခဲ့မည်ပင်။ ရုတ်တရက် ပေါ်လာသော‌ထိုအတွေးသည် ရယ်စရာကောင်းလှသဖြင့် ဟယ်ယန် အသံထွက်ရယ်မောမိသည်။

"ဘာကများအစ်ကို အားဟယ်ကို အရမ်းပျော်စေနေပါလိမ့်"

ရှောင်မိုင်မေးခွန်းထုတ်လိုက်သည်။ ရေကန်ဘေးမှ ဟယ်ယန့်ကို ဟုန်ရှန့်အကဲခတ်ပြီး သဘောပေါက်နားလည်ဟန်ဖြင့် ခေါင်းတငြိမ့်ငြိမ့်ညိတ်လျက်

"ငါတို့မမှောင်ခင်နေ့တဝက်အတွင်း လျန်ကျိုးကို ရောက်‌မယ် ခက်ခဲတဲ့နေ့ရက်တွေ ပြီးတော့မယ်လေ ဘယ်သူကများမပျော်ဘဲ နေပါ့မလဲကွ"

"ဟုတ်သားပဲ"

ရှောင်မိုင်သဘောတူပြီး စီတုံဘက်သို့ လှည့်ကာ

"အစ်ကို ကြီး အစ်ကို ရောပျော်တယ်မဟုတ်လား"

အနေအေးလှသော စီတုံလည်း ခေါင်းငြိမ့်ပြလိုက်သည်။ အမှန်ပင် နှစ်လကျော်ကြာမြင့်ခဲ့သည့် ခရီးသည် အင်မတန်ကြမ်းတန်းလွန်းလှသည်။ တပ်သားအသစ်အဖြစ် ဝင်ရောက်လာသူအများစုသည် ဆင်းရဲသော မိသားစုများမှ မွေးဖွားလာကြသူများဖြစ်ပြီး ခက်ခဲမှုနှင့် အသားကျနေသူများဖြစ်သည့် တိုင် ဤခက်ခဲကြမ်းတမ်းမှုသည်၎င်းတို့စိတ်ကူးထားသည်ထက် များစွာ ပိုမိုခက်ခဲနေခဲ့၏။ ကျန်းမာရေးအားနည်းသူတချို့မူ လမ်းခရီးတဝက်၌ ပင် ကွယ်လွန်ခဲ့ကြရသည်။ လျန်ကျိူးမရောက်နိုင်ခဲ့ပြီး မြို့တော်သို့ လည်းပြန်မလှည့်နိုင်ခဲ့ကြပေ။ ဤခရီးသည် ပြန်မလှည့်နိုင်သော လမ်းခရီးပင်။

ပြန်လည်မွေးဖွားလာသော ကြယ်စင်စစ်သူကြီးWhere stories live. Discover now