Part 44

1.6K 151 0
                                    

အခန်း(၄၄):အဲ့ဒီအချိန်က လရောင်

ရှန်ချန်ကျောင်းတော်ကို မဝင်ခင်က ဟယ်ယန်က သူမကိုယ်သူမ ဟုတ်လှပြီလို့ အမြဲတမ်း တွေးနေခဲ့တာ။

ဒါပေမဲ့လည်း ရှန်ချန်ကျောင်းတော်ကို ဝင်လာပြီး တဲ့ နောက်နေ့တိုင်းလိုလို သူမရဲ့ လမ်းကြောင်းပေါ်မှာ ခြေတစ်လှမ်းတိုးပြီး မတိုးပြီး ဆိုတာကို သံသယဖြစ်နေခဲ့မိတယ်။

ရှန်ချန်ကျောင်းတော်က မြင့်မြတ်တဲ့ မိသားစုတွေက နေဆင်းသက်လာတဲ့ သူတွေအတွက်လို့ လူတိုင်းက ဝန်ခံကြတယ်။ သူတို့တွေက ကြွယ်ဝလွှမ်းမိုးမှု ရှိရုံသာမကသေးဘူး ချမ်းသာတဲ့ မိသားစုနောက်ခံတွေလည်း ရှိကြသေးတယ်။ ခုမှချမ်းသာလာတဲ့ မိသားစုတွေ ဒါမှမဟုတ် ပိုင်ဆိုင်မှုနာမည်တွေကို မှီခိုပြီး ပြည့်စုံဖို့ လုပ်နေတဲ့သူတွေနဲ့တော့ သူတို့ကို သွားနှိုင်းလို့ မရနိုင်ဘူး။ ဆရာ့လက်ထောက်နဲ့ ဟယ်ယွမ်လျန်းရဲ့ သိုသိုသိပ်သိပ် ရင်းနှီးမှုကြောင့်သာ မဟုတ်ရင် သူမလည်း ဒီကျောင်းတော်ကို ဝင်လာနိုင်ခဲ့လိမ့်မှာ မဟုတ်ဘူး။

တစ်ဖက်က ကြည့်ရင်တော့ ဟယ်ယန်က ဒီကျောင်းကို တက်ရောက်နိုင်ဖို့အတွက် ရင်တထိတ်ထိတ် ဖြစ်ခဲ့သေးတယ်။ နောက်တမျိုး ကြည့်လိုက်ရင် ကျတော့လည်း နေ့ရက်တိုင်းက သူမအတွက်တော့ ပူပန်သောကတွေနဲ့ ပြည့်နှက်နေခဲ့ပြန်တယ်။

ဘာကြောင့်ဆိုတာကတော့ ရှင်းပါတယ်။ ကျောင်းမှာ ရှိတဲ့တခြားကလေးတွေနဲ့ ယှဉ်ရင် သူမရဲ့ လုပ်ဆောင်ချက်တွေက တော်တော့်ကို ညံ့ဖျင်းနေလို့ ပဲ။

ဟယ်မိသားစုက သူမကို ယောက်ျားတစ်ယောက်လို ပြုမှုနေထိုင်ဖို့ ပြုစုပျိုးထောင် ခဲ့ပေမယ့်လည်း အခြားကိစ္စရပ်တွေကိုတော့သိပ်ပြီး မသင်ကြားခဲ့ရသေးဘူး။ သူမ ရှန်ချန်ကျောင်းတော်ကို စစချင်းရောက်တော့ ကိစ္စတော်တော်များများကို ဘာဆိုဘာမှ မသိတာကြောင့် လှောင်ပြောင်စရာအရာ တစ်ခုလို ဖြစ်လာခဲ့ပြီးတော့ သူမရဲ့ ကြီးကြပ်သူတွေအတွက်လည်း စိတ်ပျက်စရာ တော်တော် ဖြစ်နေစေခဲ့တယ်။

သူမက ကိုယ်ခံပညာကို ကြိုးစားတယ် ကျက်မှတ်တယ် သင်နေတဲ့အချိန်မှာလည်း သေချာနားထောင်ခြင်းဖြင့် အတော်လေး ကောင်းကောင်း စီမံနိုင်ခဲ့လို့ သူမက သာမန်အဆင့်ကို အနိုင်နိုင် ရောက်လာခဲ့တယ်။ သို့သော်လည်း ကိုယ်ခံပညာ တိုက်ခိုက်ချိန်မှာတော့ သူမက ရှုံးနေတုန်းပဲ။

ပြန်လည်မွေးဖွားလာသော ကြယ်စင်စစ်သူကြီးWhere stories live. Discover now