Part 68

1.1K 115 0
                                    


CHPATER (68)

မ‌နီးမဝေး အကွာအဝေးမှ အသံထွက်ပေါ်လာခြင်း ဖြစ်သဖြင့် ဟယ်ယန်မှ မြင်းကဆုန်ဆိုင်း ထွက်ခွာလာရင်း ရှိန်ဟန်မှ

"စောင့်ဦးလေ"

ဟုအော်ဟစ်၍ အနောက်မှကပ်လျက် ပြေးလိုက်လာခဲ့သည်။ တောင်ထိပ်မှရှေ့ဆက်၍ တောင်ရိုးကိုဖြတ်ပြီးနောက် တောအုပ်အရောင်ပိုနက်လာပြီး စိုထိုင်းမှုတို့ ပိုများလာသည်။ နေရောင် တိုးမပေါက် လောက်သည်အထိ အုံ့မှိုင်းမှောင်မိုက်နေလျက် ညအချိန် ရောက်ရှိနေသကဲ့သို့ ထင်မှတ်ရလောက်ပြီး အေးစက်ခြောက်ခြားဖွယ် ကောင်းနေသည်။ သစ်ပင်များခြုံပုတ်သဖွယ် ဖြစ်နေသည့် နေရာအရှေ့၌ ဟယ်ယန် မြင်းကို ရပ်လိုက်သည်။ အရှေ့တည်တည့်၌ ကျန့်ရွှမ်နှင့် ၎င်းတို့မိတ်ဆွေနှစ်ဦးကို မြင်နေရပြီ။ ၎င်းတို့စီးနင်းနေသည့် မြင်းသုံးကောင်သည် ကြောက်စိတ်များဖြင့် ခွာရှပ်နေကြပြီး ရှေ့တိုးရန် ဝန်လေးနေကြသည်။ ကျန့်ရွှမ်မျက်နှာ ဖြူရော်နေလျက် ကျန်နှစ်‌ဦးမှာ ငိုမဲ့မဲ့ ဖြစ်နေကြသည်။

၎င်းတို့သုံးဦးကို ဝံပုလွေလေးကောင်မှ ခုန်အုပ်မည့်ဟန်ဖြင့် ဝပ်တွားမာန်ဖီ၍ ချောင်းမြောင်း လှည့်ပတ်နေသည်။ ဟယ်ယန်အနားသို့ တိုးကပ်သွားသောအခါ ရန်လိုနေသည့် ဝံပုလွေများ၏ အကြည့်များ သူ့ထံ ရောက်ရှိလာသည်။ ယခုအချိန် ယခုကာလ၌ ဘယ်လိုနည်းဖြင့် ဝံပုလွေများ ရောက်လာကြသနည်း။ ဟယ်ယန် အထူးအဆန်း ဖြစ်နေသည်။ ကျန့်ရွှမ်နှင့် ကျန်နှစ်ဦးကို ကြည့်လိုက်သော် ဖရိုဖရဲဖိုသီဖတ်သီများ ဖြစ်နေကြသည်။ ကျန့်ရွှမ်ခါး၌ ၎င်းယူဆောင်လာသည့် ဓားရှည် ပျောက်ဆုံးနေသည်ကိုလည်း ဟယ်ယန် သတိထားမိခဲ့သည်။ ဝံပုလွေတစ်‌အုပ်မှ လူတစ်ဦးတည်းကို ပစ်မှတ်ထား တိုက်ခိုက်နိုင်သော်လည်း လူသုံးဦးအား အကြောင်းပြချက်မဲ့ ဦးတည် တိုက်ခိုက်လာမည် မဟုတ်ပေ။ ဟယ်ယန်မှ

"ခင်ဗျားတို့ ဘာလုပ်ခဲ့လဲ"

ကျန့်ရွှမ် ဖြူရော်နေသော မျက်နှာထားဖြင့် တိတ်ဆိတ်နေသည်။ ၎င်းအနောက်ရှိ တပ်သားအသစ်မှ တုန်ရီနေသော လေသံဖြင့် အော်ဟစ်ပြောပြခဲ့သည်။

ပြန်လည်မွေးဖွားလာသော ကြယ်စင်စစ်သူကြီးWhere stories live. Discover now