Part 17

1.9K 177 0
                                    

17 01

CHAPTER (17)

လက်ချည်းဗလာဖြင့် လေ့ကျင့်ရေးကွင်းသို့ သွားခဲ့သော်လည်း အိမ်ပြန်လမ်း၌ မြင်းတစ်ကောင်ရလာခဲ့သည်။ မည်သည် အားစိုက်ထုတ်မှုမျှ မရှိခဲ့ဘဲ အချောင်လိုချင်စိတ်ဖြင့် ရရှိခဲ့သည်ဟု ဟယ်ယွင်ရှန်း မိမိကိုယ်ကိုယ်ထင်မိသည်။ ထိုသို့ တွေးမိခဲ့ပြီး လျှင်ပဲ တမဟုတ်ချင်း မိမိစိတ်အတွင်း မိမိကိုယ်မိမိ ပါးရိုက်မိခဲ့ပြန်သည်။ အချောင်လိုချင်ခဲ့သဖြင့် ရခဲ့သည်ဟု အဘယ်ကြောင့် ထင်နိုင်ရပါမည်နည်း။ ဤသည်မှာ မိမိ၏ သူရဲကောင်းကြီးမှ မိမိအတွက်ပေးခဲ့ခြင်း ဖြစ်၏။

သို့သော် သေနာပတိဖုန်းယွမ်သည် ကောလာဟလများထက် ပိုမိုခန့်ညားပြီးအထက်တန်းကျလို့ နေသည်။ မိမိသည်လည်း ထိုဒုတိယသခင်လေးရှောင်ကဲ့သို့ မည်သည့် အချိန်မျှ ဖြစ်လာနိုင်ပါမည်နည်း။ ဟယ်ယွင်ရှန်း ဘက်သို့ လှည့်ကြည့်သောအခါ အတွေးနယ်ချဲ့၍ အတွေးနယ်အတွင်း လွင့်မျောလျက် ရှိသည်ကို ဟယ်စွေ့တွေ့လိုက်သည်။ သားဖြစ်သူ‌ထိုသို့ တက်တက်ကြွကြွစကားပြောနေခဲ့ပုံမျိုးကို တစ်ခါမျှ မ‌မြင်ဖူးခဲ့ပေ။ တစ်ဖန်ဟယ်ယန့်ကို ကြည့်ခဲ့သောအခါ၌ သမီးဖြစ်သူ၏ မျက်နှာသည် ပုဝါအပါးလေးဖြင့် ဖုံးအုပ်ထားသော်လည်း အတွေး‌အတွင်း နစ်မြောနေကြောင်း မျက်ဝန်းများမှ တစ်ဆင့်သိနိုင်ခဲ့ပြန်သည်။ ဤသားနှင့် သမီး ဘာများဖြစ်နေခဲ့ပါလိမ့်။

အပြန်လမ်းတစ်လျှောက် တစ်ဦးမျှ စကားမပြောခဲ့ဘဲ ကိုယ်စီကိုယ်ငှအတွေးကမ္ဘာ၌ နစ်မြောလာခဲ့ကြသည်။ ဟယ်ယွင်ရှန်း တိတ်ဆိတ်နေခဲ့ရခြင်း သည် ရှောင်ဟိုင်ကျင်းမှ ၎င်းအတွက် မြင်းကြီး လက်ဆောင်ပေးလိုက်သောကြောင့် အတွေးနယ်ချဲ့ ပျော်မြူးခဲ့ရခြင်း ဖြစ်နိုင်သည်ဟု ထင်မှတ်နိုင်သော်လည်း ဟယ်ယန် သည်လည်း အဘယ်ကြောင့် တိတ်ဆိတ်နေရပါသနည်း။ ရှောင်ဟိုင်ကျင်းသည် ငယ်ရွယ်ပြီး အလားလာရှိသည့် လူငယ်တစ်ဦး ဖြစ်ကာ တာ့ဝေ့ပြည်၏ အချောဆုံးအမျိုးသားများအနက်တစ်ဦး အပါဝင်ဖြစ်၏။ သမီးဖြစ်သူ သဘောကျသွားခဲ့မိခြင်း ကြောင့်များ ဤသို့ တိတ်ဆိတ်နေရသလော။ ထိုသို့ ဆိုသော် မည်သို့ လုပ်ရပါမည်နည်း။ ဖန်းသခင်လေးကို လောလောလတ်လတ် ဖြတ်ထုတ်နိုင်ခဲ့ပြီး ခါအချိန်သာ ရှိသေးပါလျက် စစ်ရေးအမတ်ကြီးရှောင်ကို စိတ်အတွင်း ထည့်နေခဲ့ပြန်သလော။ ဖန်းသခင်ကဲ့သို့ သခင်လေးမျိုး မြို့တော်အတွင်း အမြောက်အများရှိသော်လည်း ရှောင်ဟိုင်ကျင်းဟူသည် တာ့ဝေ့ပြည်၌ တစ်ဦး တည်းသာရှိ၏။ ထိုသို့ စဉ်းစားမိလျှင်ဘဲ ဟယ်စွေ့ ခေါင်းကိုက်လာခဲ့ပြီ။

ပြန်လည်မွေးဖွားလာသော ကြယ်စင်စစ်သူကြီးWhere stories live. Discover now