Part 31

1.8K 175 1
                                    

31 01

CHAPTER (31)

နွေဦးအဆုံးသတ်သို့ ရောက်ရှိလာခဲ့ပြီး စတင်ရွာသွန်းလာသည့် မိုး၌ နွေဦးအပူလက်ကျန်တို့ခိုဝင်လို့ နေသည်။ ဥပဒေအရစစ်မှုထမ်းစေခြင်း ၏ နောက်‌ဆုံးနေ့ပြီးဆုံးသွားခဲ့သည်။ မြင်းပြိုင်ကွင်းနေရာရှိ အမည်သွင်းရန် ပြင်ဆင်ပေးထားသည့် တဲတန်းအရှည်ကြီးနေရာ၌ တဲငယ်လေးများအစားထိုးလာသည်။ သက်ဆိုင်ရာမိသားစုအသီးသီးကို နှုတ်ဆက်ထွက်ခွာခဲ့ပြီး နောက် တပ်သားအသစ်အဖြစ် ရောက်ရှိလာသည့် လူသစ်များသည်လည်း ဤနေရာ၌ စုဝေးနှင့် လို့ နေပြီ။ ယနေ့ညကျော်လွန်၍ နောက်တစ်နေ့သို့ ရောက်သည်နှင့် လျန်ကျိုးသို့ ထွက်ခွာသွားရတော့မည်။

တဲလေးသည်သေးငယ်လှသဖြင့် လူနှစ်ယောက်ဝင်ဆန့်ရုံသာရှိသည်။ ဟယ်ယန် နှင့် ဟုန်ရှန်တို့ ဘေးချင်းကပ်ထိုင်နေကြသည့် တဲလေးသည် ဟုန်ရှန်မှ ရွေးချယ်ထားသည့် အခြားတဲများထက်အနည်းငယ် ကြီးသော တဲလေးဖြစ်ပြီး ၎င်းတို့နှစ်ဦးသည်လည်း အထုတ်အပိုးများများမသယ်လာ‌သဖြင့် အတော်အသင့်ချောင်ချိလို့ နေသေးသည်ဟု ဆိုနိုင်သည်။ မနေ့ညမှ ယနေ့ညအထိ ဟယ်ယန် ဤတဲလေးအတွင်း၌ သာနေနေခဲ့သည်။ ဤနေရာ၌ တပ်သားများအား မန်ထိုပေါက်စီနှစ်လုံးကို မနက်စာနှင့် ညစာအဖြစ် တစ်နပ်လျှင်နှစ်လုံးစီကျွေးမွေးထားသည်။ လျန်ကျိူးသို့ ရောက်ရှိသောအခါ တပ်အတွင်း ရိက္ခာပိုမိုရရှိလာဦးမည်ဖြစ်၏။ နေထိုင်ရေး၌ အပေါ့အပါးသွားလာရေးမှ အပ အရာရာအဆင်ပြေနေခဲ့သည်။ ညမှောင်ချိန်စောင့်နေရပြီး အနီးအနားပတ်ဝန်းကျင်လူပြတ်ချိန်မှ ဟယ်ယန် တဲအပြင်သို့ ခိုးထွက်ရသည်။ ဟယ်ယန် အပေါ့အပါးသွားရာမှ ပြန်လာချိန် တဲရွက်ဖျင်အားလှန်မ၍ ဝင်ခဲ့သောအခါ တဲအတွင်း လူပိုနှစ်ဦးရောက်ရှိနေကြောင်း သိလိုက်သည်။ ဟုန်ရှန်မှ ထိုသူနှစ်ဦးနှင့် စကားပြောနေပြီး တဲရွက်ဖျင်လှုပ်ရှားသွားချိန်ကြောင့် ထိုသူတို့အသံလာရာသို့ လှည့်ကြည့်လာကြသည်။

ရုပ်ရည်ချင်းဆင်တူသဖြင့် ၎င်းတို့နှစ်ဦးသည်ညီအစ်ကိုတော် စပ်ပုံရ၏။ ပိန်ပါးသော အသွင်နှင့် ညိုသော အသားအရည်ရှိပြီး လူဖြောင့်လူမှန်များဖြစ်ဟန်ရှိသည်။ နှစ်ဦးစလုံးသည်လူငယ်များဖြစ်ကြပြီး အစ်ကို အကြီးဖြစ်သူသည် ဆယ့်ခြောက်နှစ်သို့ မဟုတ် ဆယ့်ခုနစ်နှစ်အရွယ်မျှ ရှိလျက် အငယ်ဖြစ်သူသည် ဟယ်ယွင်ရှန်း နှင့် အသက်ရွယ်တူလောက်ရှိမည်။အကြီးဖြစ်သူသည် အစ်ကို အကြီးတစ်ဦး ပီပီ စကားနည်းသော်လည်း အငယ်မူရိုးသားဖော်ရွေသော အပြုံးတစ်ခု ကို ဆင်မြန်းလျက် ဖော်ရွေသော လေသံဖြင့်

ပြန်လည်မွေးဖွားလာသော ကြယ်စင်စစ်သူကြီးWhere stories live. Discover now