12 01
CHAPTER (12)
ဟယ်ယန် ငွေနဲ့ရတနာများကို ယူပြီး အိမ်ပြန်လာခဲ့သည်။ အိမ်ပြန်ရောက်သော် စားပွဲပေါ်ရှိ မျက်နှာချေမှုန့်များ ထည့်ထားသည့် သေတ္တာဘူးအား စမ်းတဝါးဝါး ရှာနေခဲ့ပြီး ချင်းမေ့သည်လည်း ဟယ်ယန် နိုးနေခဲ့သည်ကို သတိမထားမိခဲ့ပေ။ သေတ္တာဘူး ထဲရှိ အရာအားလုံး ကို သွန်မှောက်ပစ်ခဲ့ပြီး ယနေ့ညနိုင်ခဲ့သမျှ ရတနာပစ္စည်းများအားလုံး ကို သေတ္တအတွင်း သွန်ထည့်လိုက်သည်။ ထို့နောက် အမှောင်ထဲ စမ်းတဝါးဝါး လျှောက်လှမ်းပြီး အိပ်ရာဝင်ခဲ့သည်။
ငွေအမြောက်အများ အနိုင်ရခဲ့သဖြင့် စိတ်ပျော်ရွှင်နေခဲ့ပြီး ပူပင်သောကများလည်း ပြေပျောက်သွားခဲ့ပြီ ဖြစ်သည်။ ထိုတစ်ည နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့ပြီး အိပ်မက်ပင် မြင်မက်ခဲ့သည်။ အိပ်မက်အတွင်း ယခင်တပ်အတွင်းမှ ညီနောင်များနှင့် အတူတကကွ လောင်းကစား လုပ်နေခဲ့သည်။ တပ်အတွင်း ရဲဘော်အားလုံး ထံမှ ကျယ်လောင်စွာ အော်ဟစ်သံတို့ ထွက်ပေါ်နေခဲ့သည်။
"ဖွင့် ဖွင့်"
ဟယ်ယန် အနည်းငယ် ရှက်ရွံ့နေခဲ့ပြီး တစ်စုံတစ်ယောက်မှ ကျယ်လောင်စွာ ရယ်မောခဲ့သည်။
"စစ်သူကြီး ဘာလို့ ခင်ဗျား ထပ်ရှုံးရပြန်တာတုန်း"
"ဒီည စစ်သူကြီး တစ်ခါတောင် နိုင်ခဲ့ရဲ့လားဝေ"
လက်ထောက်စစ်သူကြီးမှ ဟန်ဆောင်ခေါင်းယမ်းပြီး
"အိုက်ယား စစ်သူကြီးကတော့ ဒီနယ်မှာ မတော်ရှာဘူး ပဲ"
"တော်စမ်းပါကွာ ဘာမတော်တာတွေ ၊ တော်တာတွေ ပြောနေတာလဲ မင်း မကြားဖူးဘူးလား အချစ်ရှုံးဖူးမှ လောင်းကစားနိုင်မှာတဲ့ စစ်သူကြီးက လောင်းကစားမှာ စိတ်ပျက်စရာ ကောင်းနေပေမဲ့ သူက အချစ်မှာတော့ အောင်နိုင်သူကြီးကွ မင်းလို လူပျိုသိုးကြီးက ဘယ်သိမှာလဲ"
ဟယ်ယန် ထိုစကားကြားပြီး အော်ရယ်မိခဲ့သည်။ ရယ်ပြီးရင်း ရယ်နေခဲ့သည်။ ထို့နောက် တစ်စုံတစ်ယောက်မှ မိမိအား လာရောက် တွန်းထိုးနေသည်ကို ခံစားမိသည်။ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ချင်းမေ့မျက်နှာကို မြင်လိုက်ရသည်။