24 01
CHAPTER 24
"သခင်မ ရှင့်ကြည့်ရတာတစ်ခုခုကို နားလည်မှုလွဲနေပုံရတယ်"
စကားမဆက်မီ ဟယ်ယန် မိမိကိုယ်ကိုယ်ကိုယ် တီးတိုးပြောဆိုမိခဲ့သည်။ ထိုစကားကို မပြောခဲ့လျှင် ကောင်းပေသား။ ပြောခဲ့သည်နှင့် တစ်ပြိုင်နက် ထန်ယင်း ဆတ်ဆတ်ထိမခံ ဖြစ်သွားပြီး ဟယ်ယန့်ကို လက်ညှိုးတစ်ထိုးထိုးဖြင့် စတင် အော်ဟစ်ငေါက်ငမ်း လာတော့သည်။
"နားလည်မှုလွဲတာ နင်နဲ့ဖန်းချန်က ငါမိသားစုအတွင်း လက်မထပ်ခင်ကတည်းက ဇာတ်လမ်းရှိခဲ့တာ ငါလက်ထပ်ပြီးနောက်လည်း မရှင်းဇာတ်တွေ ရှိနေခဲ့သေးတာပဲ နင် အိမ်ကြီးသခင်မ ဖြစ်ရတာကို အတော်သဘောကျတယ်လား နင်လုံးဝ မပြောင်းလဲခဲ့ဖူး ထင်တယ် နင်က အခုထိ ဖန်းကတော် ဖြစ်ချင်နေတုန်းပဲ"
ဟယ်ယန် စတင်ခေါင်းကိုက်စ ပြုလာသည်။ ဤသခင်မသည် အမှန်ပင် ကျိုးကြောင်းမဆီလျော်သူ ဖြစ်၏။ ပန်းပွင့်ပမာမျက်နှာလေးရှိပြီး လှမင်းကဲ့သို့ လှပကျက်သရေရှိသော်လည်း အဘယ်ကြောင့် စကားလုံးများသည် စိတ်မချမ်းမြေ့စဖွယ်ဖြစ်လို့ နေရပါသနည်း။ ဟယ်ယန် မှ ခက်ထန်သည့် လေသံဖြင့်
"သခင်မ နည်းနည်းလေး စုံစမ်းကြည့်လိုက်လို့ မထိခိုက်သွားပါဘူး အရင်က ရှင့် ဖန်းသခင်ကို သိခဲ့ပေမဲ့ ရှင် အဲဒီမိသားစုကို လက်ထပ်ပြီးခဲ့တဲ့နောက်ပိုင်း ကျွန်မ သူ့ကိုလုံးဝ ထပ်မရှာခဲ့ပါဘူး"
"အဓိပ္ပာယ်မရှိတာ နင်သာ သူ့ကို လာမရှာရင် သူက ဘာကြောင့်နင့်ကို တစ်ခုခု ပေးကမ်းခဲ့မှာလဲ"
"အဲဒီကိစ္စက ကျွန်မအဖို့ လည်းခေါင်းကိုက်စရာပဲ သခင်မသာ ဖန်းသခင်ကို ဒီလိုမလုပ်ဖို့ နားချပေးခဲ့မယ်ဆိုရင် ဒီက နှိမ့်ချတတ်တဲ့အမျိုးသမီးလေးက အရမ်းကို ပျော်ရွှင်မိမှာ"
ထိုကဲ့သို့ ပြောခဲ့သည့် စကားများကို ကြားပြီးခဲ့လျှင်ပဲ ထန်ယင်း ဒယိမ်းဒယိုင် ခြေလှမ်းများဖြင့် အနောက်သို့ တွန့်ဆုတ်သွားပြီး ထိုင်ခုံပေါ်သို့ ပစ်ထိုင်ချလိုက်သည်။ ထင်ထင်ရှားရှား မျက်ရည်စီးကြောင်းနှစ်ခု ထန်ယင်း၏ မျက်နှာပေါ်သို့ စီးကျလာသည်။
![](https://img.wattpad.com/cover/359908865-288-k588007.jpg)