Part 63

1.3K 114 1
                                    


CHAPTER (63)

"နည်းပြလျန် ဒီမြှားပစ်ပြိုင်ပွဲကဘယ်လိုယှဉ်ပြိုင်မှာလဲဆိုတာ ခင်ဗျားမပြောပြရသေးဘူး"

ဟယ်ယန်မှနံဘေးရှိလျန်ဖင်းကို ကြည့်၍ မေးမြန်းလိုက်သည်။

"သားကောင်အများဆုံးရတဲ့သူလား မဟုတ်ရင် ပြေးလမ်းကို အရင်ဆုံးရောက်တဲ့သူလား"

လျန်ဖင်းပြန်မဖြေမီ မာ‌တာ့မေမှပြုံးပြပြီးဦးစွာဖြေကြားလိုက်သည်။

"ဆရာလေး အမွှေးတိုင်တစ်တိုင်စာကြာချိန်အတွင်း ဒီနေရာကနေတစ်ပတ်ပြေးမယ် ဒီနေရာကအစ၊ဒီနေရာကအဆုံး မြင်းပြေးလမ်းမှာ မြင်းခေါင်းငုံ့စားရုံအနေထားမြက်ပစ်မှတ်လေးတွေရှိတယ် ကျုပ်တို့လေးယောက်မှာမတူတဲ့ငှက်မွှေးအရောင်ရှိတဲ့မြှားတွေရှိတယ် အဲဒီပစ်မှတ်အနားရောက်တဲ့အခါကျုပ်တို့တွေမြှားစပစ်မယ် ပစ်မှတ်ကို မြှားပစ်ပြီးအရင်ဆုံးပြန်နိုင်တဲ့သူကအနိုင်ရမယ်"

ထိုသို့ ကြားပြီးသည်နှင့် ဟယ်ယန်ထံမှခေါင်းငြိမ့်လျက်ဖြေကြားသံထွက်ပေါ်လာသည်။

"ကောင်းပြီလေ"

လျန်ဖင်းမသိမသာ အကဲခတ်ကြည့်မိခဲ့သည်။ ထိုစကားစုသည် ကောင်လေးအသုံးပြုနေလေ့ရှိသည့် စကားစုလေးဖြစ်သည်။ ဝမ်ပါးဖြစ်ခဲ့စေ၊နည်းပြကျန်းဖြစ်စေ၊ ဟွမ်ရှုံ့ဖြစ်စေ၊ ယခုအခါ ၎င်းတို့နည်းပြသုံးဦးအရှေ့၌ လည်း "ကောင်းပြီ"ဟုဆိုနေခဲ့ပြန်သည်။ ဆန့်ကျင်ဘက်စကားလုံးများကြားမိလေမလားဟု သိလိုမိသည်။

"ဒါဖြင့် စကြတာပေါ့"

တုမောင်မှမြင်းဇက်ကြိုးကို ဆောင့်ဆွဲလိုက်ပြီး ၎င်းအနောက်ဘက်မှခရာမှု တ်သံထွက်ပေါ်လာခဲ့သည်။ လေးညှို့လွတ်သည့် မြှားလေးစင်းပမာ မြင်းလေးကောင်စလုံးတစ်ပြိုင်နက်တည်းတာထွက်သွားခဲ့ကြပြီး ဆယ်မီတာအကွာအထိဖုန်လုံးများအလိပ်လိုက်ထလာသည်။ လက်ရှိဟယ်ယန်စီးနေသည့် မြင်းသည် ယခင်မြို့စောင့်တပ်လေ့ကျင့်ရေးကွင်း၌ ဟယ်စွေ့စီးခဲ့ရသည့် မြင်းထက်ပိုမိုယဉ်ပါးပြီး အထူးတလည်လေ့ကျင့်ပေးထားသည့် မြင်းဖြစ်ရမည်။ အမိန့်တစ်ချက်ပေးရုံဖြင့် အလိုအလျောက် နားလည်နေခဲ့သည်။ လျန်ဖင်းနှင့်တုမောင်တို့သည် မြင်းရေးကျွမ်းကျင်သူများဖြစ်ပြီး သိသိသာ သာ သာ မညောင်းညအနေအထား၌ ရှိသည့် မာတာ့မေနှင့်ကွဲပြားနေကြောင်း ကို လည်း ဟယ်ယန်သတိထားမိခဲ့‌သည်။ မာတာ့မေသည် မိမိနှင့်မတိမ်းမယိမ်းအနေအထား၌ သာ ရှိပြီး အနည်းငယ်မျှ သာ သာ လွန်ကောင်းသာ လွန်မည်ဖြစ်ကာ အလုံးစုံပညာမပြရသေးသည်လည်း ဖြစ်နိုင်၏။ ထိုနည်းပြသုံးဦးကို သုံးသပ်လေ့လာနေစဉ် ထိုနည်းပြများသည်လည်း ဟယ်ယန့်အားပြန်လည်လေ့လာနေခဲ့သည်။ တုမောင်လှည့်ကြည့်ခဲ့စဉ် မျက်လုံးကျွတ်ထွက်လုနီးနီးဖြစ်သွားခဲ့သည်။ ဟယ်ယန်သည်မြင်းစီးကြာပွတ်အား အသုံးနေပြုခြင်းမရှိပါလား။

ပြန်လည်မွေးဖွားလာသော ကြယ်စင်စစ်သူကြီးWhere stories live. Discover now