အခန်း (၅၄) ကိုးအောင်လံတံခွန်တပ်ရင်း
ဟယ်ယန်က ရှောင်ကျွယ်နဲ့ သွေးသောက်ညီအစ်ကိုတွေ ဖြစ်လာဖို့ မပြီးဆုံးသေးဘူး။ အဲ့ဒီအစား ရှောင်ကျွယ်ရဲ့တူက သူ့ရဲ့သွေးသောက်ညီအစ်ကိုတွေဖြစ်လာဖို့ မရပ်မနား အပူကပ်နေတယ်။
ချန်လီစုက ဟယ်ယန်ကို တပ်စခန်းထဲက တပ်သားသစ်တွေနေတဲ့ အများသုံးအိပ်ဆောင်နဲ့ မတူတဲ့ သူ့အခန်းကို ဆွဲခေါ်သွားခဲ့တယ်။ ခမ်းနားထည်ဝါစွာ မပြင်ဆင်ထားသော်လည်း တပ်သားသစ်တွေအိပ်တဲ့နေရာထက် တော်တော်လေး ပိုကောင်းတယ်။
အခန်းထဲမှာ မီးရှို့ပူဇော်ထားတဲ့ မီးခွက်ထဲက အမွေးနံ့သာတောင် ရှိနေပြီး လက်ရာမြောက်တဲ့ နတ်သမီးရုပ်ထုငယ်လည်း ဆင်မြန်းထားတယ်။ ဟယ်ယန်က အဲ့ဒီကို ကြည့်လိုက်မိတော့ ချန်လီစုက လျန်မြန်စွာ ရှင်းပြလိုက်တယ်။ "ဒါက တစ်ခုခုမှာကောင်းလို့ မြို့တော်က ငါယူလာခဲ့တာ။ ငါ့ဦးလေးက ဒီမှာ အမွေးနံ့သာထွန်းဖို့ ခွင့်ပြုမထားဘူး။ ဒါကြောင့် ငါတိုးတိုးလေးလုပ်ထားတာ သူ့ကိုသွားမပြောနဲ့နော်"
သူ့ကိုကြည့်ရတာ အကြီးတွေအနောက်မှာ တားမြစ်ထားတာကိုလုပ်နေတဲ့ နောက်ပြောင်တတ်တဲ့ကလေးတစ်ယောက်လိုပဲ။
ဟယ်ယန် ရှောင်ကျွယ်ကို မပြောပဲသူမခွင့်ပြုလောက်မယ်လို့ သံသယဖြစ်လာတာကို သူမဘာသာ စဉ်းစားလိုက်တယ်။ နွေလယ်မှာ ရာသီဥတုက အရမ်းပူနေတာကို ဘာလို့ အမွေးနံ့သာက စိတ်အနှောက်အယှက်ဖြစ်တာလဲ
သူမကို တိတ်တိတ်လေးကြည့်လိုက်တော့ ချန်လီစုက သူမရဲ့ အမူအရာကို နားလည်မှုထပ်လွဲပြီး မရဲတရဲမေးလိုက်တယ်။ "မင်းဒါကို တကယ်ကြိုက်တာလား မင်း ကြိုက်တယ်ဆိုရင် ငါမင်းကိုပေးမယ်လေ" သူက အမွေးနံ့သာခွက်ကို ဟယ်ယန်ကို လက်လှမ်းလိုက်ပြီး "ရပါတယ်။ ငါတို့ရဲ့ဆက်ဆံရေးက လုံလုံလောက်လောက် ခိုင်မာသွားပြီ"
ဟယ်ယန်က သူ့ကို ပြန်ပေးလိုက်ပြီး "....ကျေးဇူးပဲ။ ဒါပေမယ့် ငါ့မှာ အဲ့ဒါကိုထားဖို့ နေရာမရှိဘူး"
ချန်လီစုက အတော်လေး ဝမ်းနည်းသွားပြီး အဲ့ဒါက မှန်နေတာကို သဘောပေါက် သွားတယ်။ "ငါ့ဦးလေးကို ပြောပြီး မင်းကို ငါ့လိုမျိုး တခြားအခန်းပေးမလားလို့ မေးလိုက်ဦးမယ်"
