အခန်း (၆၀) : မန်ဒရင်းဘဲဓါးများ
လေ့ကျင့်ကွင်းရဲ့ စင်မြင့်ပေါ်မှာ ဟယ်ယန်အတွေးများနေခဲ့တယ်။
သူမအရင်က ဓားသွားတွေကို သိပ်ပြီး မသုံးခဲဲ့ဘူး။ အဲ့ဒါတွေကိုရှာဖို့က အတော်လေး ကသိကအောက်ဖြစ်တယ်။ လက်နက်စင်တွေပေါ်မှာရှိတဲ့ ဓားသွားအများစုက မိုးမခရွက် ဓားသွား ဒါမှမဟုတ် ကြီးပြီးဝိုင်းတဲ့ ဓားသွားတွေဖြစ်ပြီး ဘယ်ဟာကမှ သူမနဲ့ မသင့်တော်ဘူး။ ဂရုတစိုက် စဉ်းစားဆုံးဖြတ် ပြီးတဲ့နောက် အောက်ဆုံးတန်းက ဓားသွားသေးလေး တစ်ခုကို လက်လှမ်းလိုက်တယ်။
သူမကို ကြည့်နေတဲ့ တပ်သားသစ်တွေက သူမရဲ့ရွေးချယ်မှုကို ထိတ်လန့်သွားခဲ့တယ်။
နားမလည်တဲ့ တစ်ယောက်က မေးလိုက်တယ်။ "ဒီဓားသွားက ဘာလို့ အဲ့လောက်သေးနေတာလဲ အဲ့ဒါက လူတစ်ယောက်ရဲ့ လက်မောင်းလောက်တောင် မရှည်ဘူး"
ကျန်းကျောက်က သူ့ရဲ့ကျယ်ပြန့်တဲ့ အသိပညာနဲ့ ရှင်းပြတယ်။ "ဒါက မန်ဒရင်းဘဲ ဓားဖြစ်ပြီး အဲ့ဒါက တစ်ခုပဲ မဟုတ်ဘူး။ တစ်စုံရှိတယ်"
တကယ့်ကို မန်ဒရင်းဘဲဓားက မကြီးဘူး။ လူတစ်ယောက်ရဲ့ လက်ဖျံအရှည်လောက်ပဲ ရှိတယ်။ ဓားအိမ်တသ်ခုထဲမှာ ဓားနှစ်ချောင်းကို အတူထည့်ထားပြီး အဲ့ဒါကို အင်္ကျီလက်ရှည် ဒါမှမဟုတ် ဖိနပ်ရှည်ထဲမှာထည့်ပြီး ဖုံးထားလို့ရတယ်။ ဓားတွေက ကျယ်ပြီး ထူတဲ့အစွန်းတွေ ထိပ်ဖျားမှာ လက်မအနည်းငယ်လောက်သာ ချွန်တဲ့ အစွန်းရှိတယ်။ ပိတ်ဆို့ဖို့နဲ့ ပြောင်းပြန် တိုက်ခိုက်ဖို့အတွက် သင့်လျော်အောင် လုပ်ထားတယ်။
ဟယ်ယန်က ဓားအိမ်ထဲက ဓားတွေကို ဖြည်းညှင်းစွာ ထုတ်ယူပြီး တစ်ချောင်းက နောက်တစ်ချောင်းထပ် မနည်းငယ် ပိုရှည်တယ်။ ကြည့်ရတာ သူတို့က အခြေအနေသစ် တစ်ခုမှာ ပေါ်လာသလိုမျိုး မန်ဒရင်းဘဲဓားကို လူအနည်းစုကပဲ ပုံမှန်အသုံးပြုပုံ ပေါ်တယ်။
သဘောကျသွားပြီး သူမရဲ့ရွေးချယ်မှုကို တိတ်တိတ်လေး ချီးမွမ်းနေတယ်။ သူမ လက်ထဲမှာ ဓားတွေကို ကိုင်ထားပြီး လှည့်ပတ် ကြည့်လိုက်တော့ အတော်လေး သင့်တော်နေတာကို တွေ့ရတယ်။