Part 52

1.2K 114 1
                                    


အခန်း (၅၂) : စိန်ခေါ်မှု အသစ်

သူမက မြားပစ်ပြိုင်ပွဲလုပ်ဖို့ အဆိုပြုမလို့လား

ကြီးကြပ်သူလျန်က သူမကိုသိချင်ဇောနဲ့ ကြည့်လိုက်တယ်။ ချန်လီစုက တိုးတိုးလေးပြောလိုက်တယ်။ "ကြီးကြပ်သူလျန် မြားပစ်ပြိုင်တာက လွဲလို့ တခြားရှိသေးလား"

ကြီးကြပ်သူလျန်က သူရဲ့ခေါင်းကို ခါလိုက်ပြီး "ဒါလား... ငါမသိဘူး" လေးအတတ်မှာ ယှဉ်ကြည့်လို့ရတဲ့ ပုံစံအမျိုးမျိုးက ရှိနေပေမယ့်လည်း အများစုကတော့ တူတယ်။ အစောတုန်းက ဟယ်ယန်က ငှက်တွေကို ပစ်ပြပြီးပြီမလို့ ကျန်တာတွေကလည်း သိပ်ပြီးတော့ မခက်လောက်တော့ဘူး။ ဒါပေမယ့် သူ့စကားတွေက သူမက ဝမ်ပါးထက်ကို သာချင်နေတယ်ဆိုတာ ငြင်းစရာကို မရှိဘူး။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ ဝမ်ပါး မလုပ်နိုင်ပြီးတော့ သူမ တစ်ယောက်တည်းကပဲ လုပ်နိုင်တာ ဘာများရှိဦးမှာတဲ့လဲ။

ဝမ်ပါး စစချင်းတော့ အံ့အားသင့်သွားပေမယ့်လည်း အထင်သေးတဲ့ပုံစံနဲ့ ပြန်ပြောလိုက်တယ်။ "ဆက်ပြောပြီး အဆိုပြုကြည့်စမ်းပါ"

နောက်ထပ် သရေကျနိုင်တဲ့ ဖြစ်နိုင်ချေတစ်ခုပဲလို့ သူထင်လိုက်တယ်။

ဟယ်ယန် ဖျော့တော့တော့နဲ့ ပြုံးလိုက်တယ်။ ချန်လီစုနားကို လျှောက်သွားလိုက်ပြီး ရောက်သွားတာနဲ့ သူ့ရဲ့ ဆံပင်ရှည်ကြီးတွေကို ချည်ထားတဲ့ ဆံပင်စည်းကြိုးကို ဆွဲဖြည်လိုက်တယ်။

ချန်လီစုက ခဏလောက် ရင်သပ်ရှုမောဖြစ်သွားပြီးတော့ သူသဘောပေါက်လိုက်တဲ့အချိန်မှာတော့ သူ့ရဲ့ ဆံပင်တွေက ပြေလျော့ကျနေခဲ့ပြီ။ သူက မေးလိုက်တယ်။ "ဘာလုပ်တာလဲ"

"တောင်းပန်ပါတယ် ငါ့ချစ်သူငယ်ချင်းလေး" ပြောပြီးတော့ ဟယ်ယန် ပြုံးလိုက်တယ်။ "မင်းက ငါနဲ့ သွေးသောက်ညီအစ်ကို ဖြစ်ချင်တာဆိုတော့ မင်းရဲ့ ဆံပင်စည်းကြိုးကို ခဏလောက် ငှားပေးတာက ကိစ္စတော့ မရှိဘူး မဟုတ်လား"

"ဒါပေမယ့်လည်း... မင်းက လုပ်နိုင်..." ချန်လီစုက စကားကို တိုးတိုးလေးနဲ့ မသဲမကွဲပြောရင်းနဲ့ သူ့ရဲ့ ဆံပင်တွေကို ကတိုက်ကရိုက် စည်းနေလေရဲ့။ "ဒါက ရုတ်တရက်ကြီးလေ။ ပြီးတော့ ဘာလို့ ကိုယ့်ဆံပင်စည်းကြိုး ကိုယ်မသုံးတာလဲ" တကယ်တမ်းကျတော့ ဟယ်ယန်မှာလည်း သူ့ခေါင်းစည်းကြိုး ရှိတယ်။

ပြန်လည်မွေးဖွားလာသော ကြယ်စင်စစ်သူကြီးWhere stories live. Discover now