29 01
CHAPTER (29)
"သူဒီဘက်ကို ထွက်သွားတယ် သူ့အနောက်လိုက်ကြ"
မြို့စောင့်တပ်သားများကို သက်တော်စောင့်ခေါင်းဆောင်မှ လမ်းညွှန်ပြပြီးတရားခံဟုထင်ရသူကို သုတ်ခြေတင်လိုက်ဖမ်းနေသည်။ မြို့စောင့်တပ်သည် မြင်းအားလူအားအပြည့်အစုံဖြင့် သက်တော်စောင့်ညွှန်ပြရာသို့ လိုက်ပါသွားကြသည်။ ဖန်းချန်၏ ကျန်သက်တော်စောင့်များသည် ၎င်းတို့ခေါင်းဆောင်ကို ကြည့်ပြီး တုန်ရီသော အသံဖြင့်
"သခင်လေးသေသွားပြီ ကျုပ်တို့ဘာလုပ်ကြမတုန်း"
ဖန်းချန်၏ သက်တော်စောင့်များအနေဖြင့် ၎င်းတို့အားလုံး ဖန်းချန်ကို ကာကွယ်ရမည့်တာဝန်ကို ပျက်ကွက်ခဲ့သဖြင့် ဖန်းမိသားစုမှ ၎င်းတို့ကို တာဝန်ယူခိုင်းတော့မည်။ပေါ့လျော့ပါက ကြီးမားသော အပြစ်ပေးနည်းမျိုးနှင့် သာပြီးဆုံးသွားခဲ့မည်ဖြစ်ပြီး ကြီးလေးသော် မိမိတို့အားလုံး အသက်များဆုံးရှုံးရသည်အထိ အမျက်ထွက်အပြစ်ပေးခြင်း ကို ခံယူခဲ့ကြရမည်။
"သခင်လေးကို ဘယ်သူသတ်သွားတာလဲ"
တစ်စုံတစ်ယောက်မှ မေးလိုက်သည်။
"ငါအဲဒီလူနဲ့တိုက်ခိုက်ခဲ့ပေမဲ့ ဒင်းကသိပ်ကျွမ်းကျင်နေလွန်းတယ်"
ခေါင်းဆောင်ဖြစ်သူမှ လက်သီးကျစ်ကျစ်ဆုပ်လျက်
"ဒင်းကို ငါယှဉ်မချနိုင်ခဲ့ဘူး"
"ဒါဆိုသူတို့က သခင်လေးကို သတ်ဖို့လာတာပေါ့ ဘုရားရေ ဘယ်သူများပါလိမ့်"
မသိခဲ့ကြပေ။ ဖန်းချန်သည်မကောင်းမှုများစွာ ကျူးလွန်ခဲ့သည်။ ထိုသူမှ ၎င်းအသက်နှုတ်ယူရန် ရောက်လာသည်ကို ကြည့်ခြင်း အားဖြင့် ၎င်းအပေါ်နှစ်ရှည်လများအညိုးအာဃာတထားရှိနေခဲ့သူဖြစ်ကြောင်းထင်ရှား၏။ ဖန်းချန်စော်ကားခဲ့သည်မိန်းမပျိုများ၌ ဖအေ၊ ညီအစ်ကို မောင်နှမရှိသူများလည်းပါဝင်နေခဲ့သည်။ ဖြစ်ကောင်းဖြစ်နိုင်ထိုလူသတ်သမားသည် ၎င်းတို့အနက်မှ တစ်ဦး သာဖြစ်ရမည်။ကာယကံရှင်သေဆုံးခဲ့ပြီး လူသတ်သမားကို မိသောအခါမှ တရားခံမည်သူဟူသည် ပေါ်လာခဲ့မည်။