အခန်း(၅၀):သရေ
လေးနဲ့ မြားနဲ့က လွန်ခဲ့တဲ့ဆယ်ရက်ကအတိုင်း ဖြစ်ပြီးတော့ လေးသမားကလည်း လွန်ခဲ့တဲ့ ဆယ်ရက်ကလူပဲ ဆိုပေမယ့် အခုအချိန် လေထုကတော့ ကွဲပြားနေခဲ့တယ်။
လူငယ်လေးက မျက်နှာပေါ်မှာ အပြုံးတွေကို ဖယ်ထားလိုက်ကြပြီ။ လက်ချောင်းတွေကို မြားတံပေါ်မှာ တင်ထားပြီးတော့ အကြည့်တွေက ကောက်ရိုး ပစ်မှတ်အလယ် တည့်တည့်ကိုပဲ တစိုက်မတ်မတ် ရောက်နေခဲ့ကြတယ်။ စောနက တိမ်တွေလည်း ရှင်းသွားပြီတော့ ပူပြင်းတဲ့နေရောင်ကလည်း သူမမျက်နှာပေါ်မှာ တောက်ပနေခဲ့တယ်။ နွေအပူက ပုံမှန်လိုမဟုတ်ဘဲ ပြင်းထန်နေခဲ့ပြီးတော့ သူမရဲ့ နဖူးထက်ကနေ ချွေးတစ်စက်က ဖြည်းဖြည်းချင်း ကျလာနေခဲ့တယ်။
ချွေးသီးလေးတွေက ရွှန်းစိုပြီး သူမရဲ့ မျက်လုံးထဲကို လှိမ့်ဆင်းတော့ မယောင်ယောင် ဖြစ်နေတာက လူတွေရဲ့ နှလုံးသားထဲမှာ ရှင်းမပြနိုင်တဲ့ တင်းမာမှုတစ်ခုကို ဖြစ်စေတယ်။ ချွေးစက်တွေကို အပြေးအလွှား သွားပြီး သုတ်ပေးချင်စိတ်တွေ ဖြစ်နေပေမယ့်လည်း လူငယ်လေးက ကျောက်တုံးတစ်ခုလိုမျိုး သတိပြုမိတာတွေလည်း မရှိဘဲနဲ့ ချွေးစက်တွေကလည်း ဘာမှ မသက်ရောက်နေသလို လှုပ်ရှားတုန်လှုပ်မှု မရှိဘဲနဲ့ နေနေခဲ့တယ်။ သူမရဲ့ အကြည့်တွေကလည်း တုန်လှုပ်မှု တစ်စုံတစ်ရာကို ပြနေတာမျိုးမရှိ။
လေးကြိုးကို တတိတိနဲ့ တစ်ဝက်ထိ အပြည့်အဝ ဆွဲပြီးတဲ့အထိ တဖြည်းဖြည်းနဲ့ ဆွဲလာလိုက်တယ်။ စိတ်စိုးရိမ်ပူပန်မှုတွေက ကြည့်နေသူတွေဆီမှာ မြင့်တက် လာသလိုပဲ လေးက အချိန်မရွေး ကျိုးသွားနိုင်တယ် ဆိုပြီး သံသယ ဝင်လာကြတာနဲ့ အမျှ လူငယ်လေးက ရုတ်တရက် ဆိုသလို သူမရဲ့ ရွေ့လျားမှုတွေကို ရပ်လိုက်ပြီးတော့ မြားကို ဆွဲထားတာကို မမျှော်လင့်ဘဲနဲ့ ဖြေလွှတ်လိုက်တယ်။
မြားတံက လျှပ်တပြတ်ဆိုသလို ကြယ်ကြွေတစ်လုံးလိုမျိုး ကောင်းကင် ထက်ဖြတ်ပြီး ပျံသန်း သွားတော့တယ်။ လေပြင်းတိုက်တာကို ခံစားလိုက်ရပြီးတော့ မြားက ပစ်မှတ်ဆီကို တည့်တည့် အားတကြီးနဲ့ သွားတော့တယ်။ "ထောက်"ခနဲ မြည်သံနဲ့အတူ ပစ်မှတ်က ပြုတ်ကျသွားခဲ့တယ် ထပ်ရှိသေးတာက ဒီအချိန် ပစ်မှတ်ကို ပိုပြီးတော့တောင် ထပ်ထိသွားသေးတာကြောင့် ပစ်မှတ်ပေါ်က မြားကို ရှင်းရှင်းလင်းလင်း မြင်နိုင်ဖို့ မဖြစ်နိုင်ဘူး ဖြစ်နေတယ်။