Part 41

1.4K 149 0
                                    

အခန်း(၄၁)

ဒုတိယမြောက်နေ့မှာတော့ မျှော်လင့်ထားသလိုပဲ သူတို့ရဲ့ ပြေးရမယ့် တာအကွာဝေးတွေကို တစ်ဝက်လောက် လျှော့လိုက်တာကြောင့် နေ့လည်စာစားချိန် မရောက်ခင် အချိန်ပိုစောပြီး ပြီး သွားကြတယ်။

ပြီးတော့ လူသစ်အားလုံးကို လျန်ကျိုးမြို့စောင့်တပ်နဲ့ က ပ်လျက်မှာ ရှိတဲ့ လေ့ကျင့်ရေးကွင်းထဲမှာ လူစုနေခိုင်းလိုက်တယ်။

လျန်ကျိုးမြို့စောင့်တပ်ဘေးမှာ ရှိတဲ့ လေ့ကျင့်ရေးကွင်းက အတော်ကို ကျယ်ဝန်းနေတာက တောင်ခြေမှာ ရှိတဲ့ လယ်ကွင်းပြင်ကျယ်ကြောင့် ဖြစ်နိုင်ပြီးတော့ လူတိုင်း ဝင်ဆန့်နိုင်တယ်။ ဒီနေရာကို သူမ ခြုံငုံကြည့်လိုက်တာနဲ့ ဒီနေရာက လေ့ကျင့်ရေးဆင်းဖို့အတွက် တက ယ့်နေရာကောင်းဖြစ်မယ်လို့ ဟယ်ယန် တွေးလိုက်မိတယ်။ အခုအချိန်အခါမှာ နေပူပူက ခေါင်းတည့်တည့်ရောက်နေပြီးတော့ လေပြေလေညင်းရဲ့ အရိပ်အယောင်က လေးကို တောင် မခံစားမိဘူး။ စင်မြင့်ပေါ်က အလံတွေက လည်း အလံတိုင်မှာ မြဲမြံစွာ ချည်နှောင်ထားပြီးတော့ ခြေကုန်လက်ပန်းကျနေတဲ့ လူသစ်တွေက အလံတွေအောက်မှာ ရပ်နေခဲ့ကြတယ်။ "ဒီနေ့က စပြီး မင်းတို့အားလုံး လက်နက်တွေနဲ့ စလေ့ကျင့်ရေးဆင်းကြရမယ်" ညွှန်းကြားရေးမှူး ရှန်က သူ့ရဲ့ လှံတံရှည်ကို မြေပေါ်မှာ ဆောင့်ချပြီးတော့ ပြောလိုက်တာမလို့ အားလုံးလန့်သွားကြပြီးတော့ သူ့ကို အာရုံသစ်တွေနဲ့ တဖန် ပြန်ကြည့်လာခဲ့ကြတယ်။

"ဟိုဖက်က ကွင်းပြင်ကို တွေ့ကြလား" ရှန်ဟန်က သူ့ရဲ့ လှံတံရှည်နဲ့ မြောက်ဖက်ကို ညွှန်ပြလိုက်တယ်။

လက်နက်ထားစင်တွေအနီးမှာ သူတို့ လည်ပြန်ကြည့်ရလောက်အောင် လန့်စေလောက်တဲ့ အရှိန်အဝါတွေထွက်နေတဲ့ ဒူးလေးတွေနဲ့ လေးတွေထားတဲ့ တန်းတွေရှိတယ်။ ဒူးလေးတွေနဲ့ ခြေလှမ်းတစ်ရာလောက် အကွာမှာ ပစ်ကွင်းတွေက အစီအရီ ရှိနေတယ်။

"ဒီနေ့က စပြီးတော့ မင်းတို့အားလုံး ဒူးလေးဘယ်လို သုံးရမယ်ဆိုတာကို စသင်ကြရလိမ့်မယ်" ညွှန်ကြားရေးမှူး ရှန်က အမိန့်ပေးလိုက်ပြီးတော့ လာမယ့်နေ့တွေတိုင်းက လေ့ကျင့်ချိန်တွေနဲ့ ပြည့်နေခဲ့တယ်။

ပြန်လည်မွေးဖွားလာသော ကြယ်စင်စစ်သူကြီးWhere stories live. Discover now