Part 57

941 103 0
                                    


အခန်း(၅၇): လက်နက်များဘုရင်

များသောအားဖြင့် ကြီးကြပ်ရေးမှူးတွေ စကားတက်ပြောလေ့ရှိတဲ့ လေ့ကျင့်ကွင်းတွေထက်က မြင့်မားတဲ့ စင်တွေက စီးချင်းထိုးဖို့အတွက် ပြီးပြည့်စုံတဲ့နေရာကျယ် တစ်ခုဖြစ်တယ်။ တပ်သားတွေက စင်မြင့်ပေါ်မှာ တိုက်ခိုက်နေတဲ့ ယှဉ်ပြိုင်သူ နှစ်ယောက်ကို ကြည့်ကြတာမျိုး။

ကျန်းကျောက်က သူ့ရဲ့လှံတံအရှည်ကြီးကို ရရှိသွားပြီ။ သူ့ရဲ့ရှည်လျားတဲ့ အရပ်နဲ့ တောင့်တင်းတဲ့ ခန္ဓာကိုယ်ကြောင့် အခုလက်ရှိမှာ သူက အသာစီးရနေကြောင်း ဖော်ပြနေတယ်။ အဲ့ဒါက ရှင်းပါတယ်။ သူက ငယ်စဉ်ထဲက ကိုယ်ခံပညာကျောင်းမှာ လေ့ကျင့်ရေးတွေ ပြုလုပ်ခဲ့တာက တခြားတပ်သားတွေနဲ့ သူ့ကို ကွာခြားနေစေတယ်။ သူ့ရဲ့ချောမောတဲ့ ပုံသဏ္ဍာန်နဲ့ ဂုဏ်သရေရှိစွာမွေးဖွားလာတာက သူ့ကို မြင့်မြတ်တဲ့မိသားစုက တစ်ယောက်ယောက်နဲ့ တူစေတာက သူ့နားမှာ စိတ်ချစေတဲ့ အာရုံကို သွတ်သွင်းပေးတယ်။

ဟယ်ယန် သူနဲ့ မျက်နှာချင်းဆိုင်ရပ်နေခဲ့တယ်။ နှိုင်းယှဉ်ကြည့်လိုက်ရင် သူမက အရပ်အမောင်းနဲ့ ကိုယ်လုံးကိုယ်ပေါက် သေးသေးလေးနဲ့ ဖွံ့ဖြိုးမရှိသေးတဲ့ လူငယ်တစ်ယောက်လို ဖြစ်နေတယ်။ သူမရဲ့ မျက်နှာသွင်ပြင်ကတော့ ဘယ်လိုပဲပြောပြော နူးညံ့သိမ်မွေ့ပြီးတော့ ရှင်းလင်းနေတယ်။ သူမရဲ့ အသားအရည်ကို မဲညစ်သွားအောင် လုပ်တဲ့ ပြင်းထန်တဲ့ လေ့ကျင့်မှုတွေကလွဲလို့ သူမက ဘေးပတ်ပတ်လည်က တပ်သားတွေထက်တော့ ပိုပြီး ဖွေးနေသေးတုန်းပဲ။ သူမရဲ့ ပုံစံက ပုံမှန်တပ်သားတစ်ယောက်ပုံစံနဲ့ လားလားမျှ မတူဘူး။ သူမရဲ့ ပုံစံက ကြော့မော့မှု၊ ရည်မွန်မှုဓာတ်တွေ ထွက်ပေါ်နေပြီးတော့ ဂုဏ်သရေရှိ မိသားစုကလာတဲ့ သခင်လေးနဲ့ ဆင်နေတယ်။

ကျန်းကျောက် သူ့ရဲ့ လှံတံရှည်ကြီးကို မြှောက်လိုက်ပြီးတော့ ပြောလိုက်တယ်။ "မင်း အရင်စ"

နှစ်လိုဖွယ်ကောင်းတဲ့ အပြုံး ပြုံးလိုက်ပြီးတော့ ဟယ်ယန်က ပြန်ဖြေလိုက်တယ်။"ရတာပေါ့"

လှံတံရှည်ကို သူမရဲ့ ရှေ့မှာ အလျားလိုက် ကိုင်ထားပြီးတော့ လျင်လျင်မြန်မြန် ရှေ့ကို ချီတက်လာခဲ့တယ်။ တချိန်တည်းမှာပဲ သူမရဲ့ မျက်လုံးတွေကလည်း တလက်လက် တောက်ပနေခဲ့တယ်။

ပြန်လည်မွေးဖွားလာသော ကြယ်စင်စစ်သူကြီးWo Geschichten leben. Entdecke jetzt