အခန်း(၄၅):သူပြောင်းလဲသွားတယ်
ညဟာ မှင်နက်နက်နဲ့ ရေးဖွဲ့ထားတဲ့ ပန်းချီလိပ်လိုမျိုး ဖြစ်နေခဲ့ပြီးတော့ ကြယ်တွေက လည်းပြန့်ကျဲနေပြီး တရှဲရှဲ တိုက်ခတ်နေတဲ့ လေပြည်ထဲ ကဗျာဆန်တဲ့ အလှတရားကို ဖြည့်စွမ်းပေးလျက် ရှိနေတယ်။
ခန့်ညားတဲ့ အမျိုးသားလေးက စိတ်အားထက်သန်နေတဲ့ ကောင်ကလေးကို မော့ကြည့်နေပုံက ရှုမညီးစရာကောင်းတဲ့ မြင်ကွင်းတစ်ခုကို မြင်နေရတာနဲ့ တူနေတယ်။
ဟယ်ယန်က တိတ်ဆိတ်သွားခဲ့တယ်။ ရှောင်ကျွယ်က တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်တယ်။ "မင်းနာမည်က ဟယ်ယန်လား"
ဟယ်ယန်က ထိတ်လန့်ပြီး လွတ်ခနဲ ပြောလိုက်တယ်။ "ငါက အဲ့လောက် နာမည်ကြီးလား"
စစ်စခန်းထဲမှာ သူမက တပ်မှူးရဲ့ အာရုံစိုက်တာကို ခံရလောက်အောင် ထူးချွန်နေတယ်လို့ မစဉ်းစားခဲ့ဘူး။ ရှောင်ကျွယ်က သူမအကြောင်းကို ဘယ်လိုသိတာလဲ
ရှောင်ကျွယ်က လှောင်ပြောင်ပြီး "အလေးထမ်းပြီး ပြေးတာမှာ အမြဲတမ်း နောက်ဆုံးနေရာ၊ လေး ဒါမှမဟုတ် ဒူးလေးကိုတောင် မဆွဲနိုင်ဘူး"
သူက ဟယ်ယန်ကို အောက်က နေခေါင်းထိ ကြည့်လိုက်ပြီး ထပ်ပြောလိုက်တယ်။ "ပြီးတော့ ပုလွန်းတယ်။ စစ်စခန်းထဲမှာ မင်းလိုလူ မရှိဘူးထင်တယ်"
ဟယ်ယန်:"....."
အရမ်း.... ပုတယ်...
ချက်ချင်းပဲ ရှန်ချန်ကျောင်းတော်မှာ ရှောင်ကျွယ်နဲ့ ပထမဆုံးတွေ့တဲ့အချိန်ကို ပြန်တွေးမိတယ်။ အဲ့ဒီတုန်းက သူက သူမကို ထုံတယ် ပုတယ် အဲ့လိုစကားလုံးတွေနဲ့ ဖော်ပြခဲ့တာပဲ။
မမျှော်လင့်ဘဲ ခန္ဓာကိုယ်တွေ ပြောင်းလဲသွားပြီး ရှောင်ကျွယ်သူမကို မြင်လိုက်တဲ့အခါ သူက အရင် အထင်အမြင်အတိုင်းပဲလား သူတကယ်ပဲ မပြောင်းလဲပဲ မာနကြီးကြီး သီးခြားနေနေတုန်းပဲ။ သူ့ကို ကြည့်လိုက်တဲ့အခါ အရွယ်ရောက်လာတဲ့ လူတစ်ယောက်ရဲ့ ဥပေက္ခာပြုမှုတွေက လျော့သွားပုံပေါ်တယ်။ သူမရဲ့ မှတ်ဉာဏ်ထဲမှာတော့ သူက ထိတ်လန့်စရာ ကောင်းလောက်အောင် ငယ်ရွယ်ပြီး ထူးချွန်နေခဲ့တယ်။