Part 16

2.8K 255 1
                                    

16 01

CHAPTER (16)

ဟယ်ယန် ဆတ်ကနဲမျက်နှာလွှဲခဲ့သော အရှိန်ကြောင့် မျက်နှာဖုံးထားသည့် ဇာပုဝါပါးလေး လေ၌ ဝေ့ဝဲသွားသည်။ ထို့နောက် နံဘေးရှိဟယ်ယွင်ရှန်း ထံမှ လေအေးတစ်ချက် ရှိုက်သွင်းသံကြားလိုက်ရပြီး တီးတိုးရေရွတ်သံတစ်ခု ထွက်ပေါ်လာသည်။

"စစ်‌ရေးအမတ်ကြီးရှောင်"

မိမိနှလုံးသားအတွင်းမှ လေးစားကြည်ညိုမိသည့် သူရဲကောင်းနှင့် ဆုံမိခဲ့သဖြင့် တီးတိုး ရေရွတ်သံ၌ လေးစားမှုတို့ ပါဝင်နေခဲ့သည်။

"စစ်ရေးအမတ်ကြီးရှောင် ဘာလို့များ ဒီနေရာ ရောက်လာတာပါလိမ့်"

သခင်လေးကျောင်းသည် ဟယ်စွေ့နှင့် အခြားရဲမက်များအရှေ့၌ မောက်မာသော်လည်း ရှောင်ကျွယ်အရှေ့မူ ဂရုဏာသက်ရန် အမြီးနှံ့ပြနေသည့်‌ ခွေးတစ်ကောင်နှယ် ဖြစ်သွားခဲ့ကာ မြင်ရသည်မှာ မသတီစရာပင်။

"မင်း ဒီမြင်းအတွက် ငွေဘယ်လောက်သုံးခဲ့ရသလဲ"

မြင်းစီးလူငယ်ထံမှ တည်ငြိမ်သော လေသံဖြင့် အမေးစကား ထွက်ပေါ်လာသည်။

"ခင်ဗျာ"

သခင်လေးကျောင်း အနည်းငယ် တွေ ဝေသွားခဲ့သော်လည်း အမှန်တိုင်းဖြေပေးခဲ့သည်။

"ငွေစသုံးဆယ်ပါခင်ဗျာ"

ရှောင်ကျွယ် နှုတ်ခမ်းတွန့်ကွေးသွားပြီး ချက်ချင်း ဆိုသလို ၎င်း၏ လက်အတွင်း ကိုင်ထားသည့် စိမ်းပြာရောင် အိတ်လေးအတွင်းမှ ငွေတုံးနှစ်တုံးပစ်ပေးလိုက်သည်။ သခင်လေးကျောင်း၏ လက်ကောက်ဝတ်ကို ထိမှန်ပြီး မြေပေါ်ကျသွားခဲ့သည့် အရာသည် စင်စစ်ငွေတုံးနှစ်တုံးအတိ ဖြစ်ကြောင်း ဘေးပတ်ဝန်းကျင်ရှိလူအားလုံး ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့သည်။

"မင်းမြင်းကို ငါဝယ်တယ်"

ထိုသို့ ပြောလိုက်သည်။ သခင်လေးကျောင်း၏ နှုတ်ခမ်းများ တဆက်ဆက် တုန်ရီနေသော်လည်း မည်သည့် စကားမျှ မထွက်ကျလာပေ။ ဤအရိုင်းအစိုင်း မြင်းကောင်ကို သတ်၍ မိမိသိက္ခာ ပြန်လည် ဆယ်ယူလိုခဲ့သော်လည်း ကံမကောင်း အကြောင်းမလှသဖြင့် ရှောင်ဟိုင်ကျင်းမှ ခုခံခဲ့သည်။ ထိုပုဂ္ဂိုလ်သည် မစော်ကား မရိုင်းပျသင့်သည့် ရှောင်မိသားစု၏ ဒုတိယသခင်လေး ဖြစ်သဖြင့် မိမိ‌ဒေါသကို အတတ်နိုင်ဆုံး ထိန်းချုပ်မျိုသိပ်ပြီး အပြုံးမျက်နှာဖြင့်

ပြန်လည်မွေးဖွားလာသော ကြယ်စင်စစ်သူကြီးWhere stories live. Discover now