40 01
CHAPTER (40)
ဟယ်ယန့်ခန့်မှန်းချက်မှန်ကန်ခဲ့သည်။ သုံးရက်ကြာပြီးနောက် သဲအိတ်ထမ်းအပြေးလေ့ကျင့်နေစဉ်အချိန်၌ နည်းပြလျန်ထံ၏ အော်သံထွက်ပေါ်လာသည်။
"မနက်ဖြန်ကစလို့ မင်းတို့တွေ တပ်ကို ပတ်ပြီးအခေါက်ရေငါးကျော့ပဲပြေးမယ် ကျန်တဲ့အချိန်မှာ လက်နက်လေ့ကျင့်ရေးကို အာရုံစိုက်မယ် ဒါကြောင့်ဒီနေ့မှာ မင်းတို့ငါတို့အကောင်းဆုံးကြိုးစားပြေးရမယ် ကောင်းကောင်းမပြေးရင် နေ့လည်စာမစားရဘူး"
ထိုသို့ ကြားသည်နှင့် တပ်သားများအားလုံး စိတ်ဓာတ်တက်ကြွလာကြသည်။ ခြစ်ခြစ်တောက်ပူနေသည့် နေရောင် အောက်သဲအိတ်ထမ်းပြေးခြင်း ဖြင့် နှိုင်းယှဉ်လျှင် လက်နက်လေ့ကျင့်ရေးသည် ပိုမိုလွယ်ကူသယောင်ရှိပြီး တပ်သားသစ်များပို၍ လုပ်ဆောင်သင့်သော အရာတစ်ခု ဖြစ်သည်။ ထိုစကားသည် ၎င်းတို့အားလုံး လက်ရှိငရဲတမျှ လေ့ကျင့်မှုမှ ထွက်ခွာပြီး အဆင့်အသစ်သို့ ဝင်ရောက်ကာ တာ့ဝေပြည်၏ ရဲမက်များပီပီသသဖြစ်လာသည့် အဓိပ္ပာယ်ဖြစ်သည်။ နည်းပြလျန်၏ လျှို့ဝှက်စာကို ဟယ်ယန် သဘောပေါက်ခဲ့သည်။ ယနေ့သည် နောက်ဆုံး'စစ်ဆေးမှု'ဖြစ်သည်။ လုပ်ဆောင်ချက်ဆိုးဝါးခြင်း ၊ သက်လုံမကောင်းကြောင်းသိသိသာသာမြင်နိုင်သည့် သူမျိုးသည် လက်နက်လေ့ကျင့်မှုအဆင့်သို့ ဝင်ရောက်နိုင်မည်မဟုတ်။
ခါးကိုင်း၍ သဲအိတ်ကောက်မည်အပြု တစ်စုံတစ်ယောက်သည် ဟယ်ယန့်အားကျောဘက်မှ ဝင်တိုက်သွားခဲ့သည်။ ချက်ချင်း ခါးမတ်၍ လှည့်ကြည့်လိုက်ရာ လွန်ခဲ့သော ရက်အနည်းငယ် ခန့်မှ မိမိ၏ အသားပေါက်စီကို လုယူခဲ့သည့် ဝမ်ပိုင်ဖြစ်နေသည်။ အမာရွတ်ကြီးဝမ်ပိုင်မှ သရော်အကြည့်ဖြင့် ကြည့်လျက်
"ချာတိတ် မင်းဒီနေ့ပြီးတာနဲ့အရန် တပ်သားပဲဖြစ်လာမှာ မင်းရဲ့ နေ့ကောင်းတွေ အကုန်ပြီးသွားပြီ"
ဟယ်ယန် ပခုံးနှစ်ဖက်တွန့်လျက်
"ခင်ဗျားပြောတာ ကျုပ်နားမလည်"
"မင်းရဲ့ ညီအစ်ကို တွေ ကမင်းအနောက်အမြဲမလိုက်နိုင်ဘူး အရန် တပ်သားရဲ့ ..."